Luminous Pai
ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံသူ သူဌေးကြီး ဝါရင်ဘက်ဖက်က ပြောဖူးတယ်။
" စည်းမျဉ်း နံပါတ် ၁ - ဘယ်တော့မှ ငွေကို မဆုံးရှုံးစေနဲ့၊
စည်းမျဉ်း နံပါတ် ၂ - စည်းမျဉ်း နံပါတ် ၁ ကို မမေ့နဲ့ " တဲ့။
ဒီအဆိုအမိန့်လေးဟာ စာနှစ်ကြောင်းတည်းနဲ့ ရိုးရှင်းပေမယ့် အင်မတန် အဓိပ္ပာယ်ပြည့်ဝလွန်းပါတယ်။
ပြောရရင် ဘက်ဖက်က ကျွန်တော်တို့ကို ငွေကြေးကို တန်ဖိုးထားဖို့ သတိပေးနေတာပါ။
ဒါဆို သူဌေးကြီး ဝါရင်ဘက်ဖက်ရဲ့ ကမ္ဘာကျော် ငွေကြေးဆိုင်ရာ အဆိုအမိန့်ကို ဘယ်လိုလက်တွေ့ အသုံးချကြမလဲ ?
ပြောရရင် သေချာစဉ်းစားပြီးမှ ရင်းနှီးမြှုပ်နှံဖို့ပါပဲ။
ကိုယ် ပိုင်ဆိုင်ထားတဲ့ငွေကြေးကို မဆုံးရှုံးချင်ရင် ကိုယ်နားမလည်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာကို (လုံးဝ)ရှောင်ရှားဖို့၊ သွားပြီးစမ်းမလုပ်ဖို့ လိုပါတယ်။
ဥပမာ - ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က ခရစ်တိုကာရန်စီ ငွေကြေးတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ပြောလာလို့ ချက်ချင်းကြီး ထပြီး ရင်းနှီးလိုက်တာမျိုး၊
အိမ်ခြံမြေအကြောင်းလဲ သေချာနားမလည်ဘဲ သူများအကြံပေးလို့ မြေဝယ်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာမျိုး၊
စတော့ရှယ်ယာဆိုရင်လဲ ဝင်ရင်းနှီးမြှုပ်နှံလိုက်တာမျိုး။
တကယ်တော့ ဘယ်အရာကိုမှ ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် အရင်ဆုံး ကိုယ်လုပ်မယ့် လုပ်ငန်းရဲ့ လည်ပတ်ပုံကို သေချာသိဖို့လိုအပ်ပါတယ်။
ဒီလိုသိဖို့ အချိန်ယူပြီး လေ့လာဖို့လိုပါတယ်။
ဆိုတော့ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်တခုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုရင် ဝါရင်ဘက်ဖက်ရဲ့ Rule 2ခု ကို သတိရလိုက်ပါ။
🔰အခုလို အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။
Telegram - https://t.me/luminouswithpai
Blogger - https://luminouswithpai007.blogspot.com/2024/09/blog-post.html?m=1
Wordpress - http://luminouswithpai.wordpress.com
🔰 Facebook Page ကိုလဲ Follow ထားလို့ရပါတယ်ဗျ။ 🎯
LP Offical Page - https://www.facebook.com/profile.php?id=61562678585494&mibextid=ZbWKwL
Personal Fb Acc - https://www.facebook.com/share/p/jTM4jucuKkBPbCLY/?mibextid=oFDknk
#luminouswithpai
#contentwriting
#WarrenBuffett
#warrenbuffettquotes
#Marketing
Keep Reading