Thar Htoo-Be Unique
လူတွေမှာရှိတဲ့အကျင့်တစ်ခုက
အတိတ်ကကြုံဆုံခဲ့ရတဲ့
ကောင်းသည်၊ဆိုးသည်
ဆိုတဲ့အရာတွေအပေါ်မှာ
တွယ်ကပ်ထားလေ့ရှိပြီး
မိမိအနေနှင့် လက်ရှိကြုံဆုံလာရတဲ့
အခြေအနေတွေကို မိမိရဲ့
အတိတ်ကအတွေ့အကြုံတွေနှင့်
မူတည်ပြီး ေ၀ဖန်တာ-judge
လုပ်ကြလေ့ရှိပါတယ်။
"ဒါမျိုးပါပဲ"
"ဒီလိုပဲဖြစ်မှာပါ"
"ဒီလူရဲ့လေသံက ယုံရတာမဟုတ်ဘူး"
"ပုံပြင်ဟောင်းပါပဲ"
"စောင့်ကြည့်လိုက်"
စတဲ့ အတွေးအခေါ်တွေ၊
ထင်မြင်ယူဆချက်တွေရှိကြပါတယ်။
မြန်မာစကားပုံမှာတော့
ငါးခုံးမတစ်ကောင်ကြောင့်
တစ်လှေလုံးပုတ်သလို
အင်္ဂလိပ်လိုဆိုရင်တော့
Ripple Effect နှင့်တူပါတယ်။
အပေါ်က ရေစက်က
ရေပြင်ပေါ်သို့ကျတဲ့အခါ
လှိုင်းခတ်သွားသလို၊
နောက်ထပ်Domino Effect လို
ဆင့်ကဲ သေးသေးလေးကနေ
အကြီးကြီးကို သက်ရောက်သွားတာ၊
မိမိအနေနှင့် ဒီလူမျိုး၊
ဒီနေရာမှာ ကြုံတွေလိုက်ရတဲ့
အရာတွေ၊အတွေ့အကြုံတွေက
ဆင့်ကဲဆင့်ကဲနှင့် နောက်ထပ်
ထိုသို့သောတူညီတဲ့'ပုံစံ'တွေ၊
ဖြစ်နိုင်ချေတွေရှိလာမှာပဲလို့
ယူဆလိုက်ကြတာမျိုးဖြစ်တယ်။
ဆက်လက်ပြီး နောက်ထပ်မြင်အောင်
ပြောရရင် ဗားရပ်ကူးစက်သလို
ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေက
တစ်ခြားလူထံ ကူးစက်စေတာ၊
peers influenceလိုဖြစ်နေလေ့ရှိတယ်။
တကယ်က ကိုယ့်ရဲ့အတိတ်က
အတွေ့အကြုံတွေက အတိတ်မှာ
ဖြစ်ပျက်ခဲ့တဲ့အရာ၊ လက်ရှိမှာ
က တူနေနိုင်သလို မတူလည်းမတူနေနိုင်ဘူး၊
စောင့်ကြည့်ပြီး ဆုံးဖြတ်ရမှာဖြစ်တယ်။
လက်တွဲဖော်ဆက်ဆံရေးမှာလိုပဲ
"ဒီလူကတော့ ဒီလေသံ"၊
"ယခင်တစ်ယောက်ပုံစံပါပဲ"
စတဲ့ တထစ်ချတွေလိုက်တာ၊
ကောက်ချက်ချတာမျိုးဖြစ်နေတတ်တယ်။
တကယ်တော့ဘာမှ အချက်အလက်
အစုံမရှိလို့ အထင်တွေ၊အမြင်တွေနှင့်သာ
ကြီးစိုးနေတတ်တယ်။
ဒါကြောင့် တစ်ချို့အရာတွေကို
ဖြည့်တွေးပေးတာ၊ unlearn-ထုတ်ပယ်လိုက်တာ၊
အပြုသဘောဆောင်နိုင်အောင်
ကြိုးစားမြင်ပေးတာ၊
အရာတိုင်း၊လူတိုင်းဟာ သူမတူတာ၊
case by case-တစ်ဦးခြင်းဆီရဲ့
လိုအပ်ချက်အလိုက်ကြည့်ပေးတာ၊
စတာတွေကို မြင်တတ်အောင်
ကြိုးစားသင့်ပါတယ်။
သတင်းစကားကတော့
အတိတ်က အဖြစ်အပျက်တွေက
မိမိကြုံဆုံလာရမဲ့အချင်းအရာတွေအပေါ်မှာ
အခွင့်အလမ််းတွေအပေါ်မှာ ကာဆီးမထားသင့်ဘူး၊
အတိတ်ကအရာတွေအပေါ်မှာ
သင်ခန်းစာသာယူနိုင်မှာဖြစ်ပြီး
သူမတူတဲ့ အတွေ့အကြုံတွေကို
ဆက်ပြီး အားဖြည့်ဖန်တီးပေးဖို့သာ
ရှိပါတယ်။
🙌🙌
Thar Htoo-Be Unique
Keep Reading