Emilia
သင်ဟာ Human Resource Management ပညာရပ်ကို စိတ်ဝင်စားသူ ၊ HR ပညာရပ်နဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်လုပ်ကိုင်မည့်သူ တဦးတယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ Equal Employment Opportunity (EEO) အကြောင်းကို သိထား ၊ လေ့လာထား ရမှာပဲ ဖြစ်ပါတယ် ။ HR Principle များထဲမှာလဲ Equal Employment Opportunity (EEO) ဟာ အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ်လဲ ပါဝင်နေပါတယ် ။ ဒီအကြောင်းအရာကို HR Management သင်ရိုးများ၊ သင်ခန်းစာများထဲမှာလည်း ကျွန်မတို့အားလုံး သင်ကြားခဲ့ လေ့လာခဲ့ပြီး ဖြစ်ပါလိမ့်မယ် ။
ဆရာသမားများအားလုံးဆီမှ လေ့လာသင်ကြားခဲ့ရသော EEO နှင့် ပတ်သက်သည့် သင်ခန်းစာများ ၊ Senior အစ်ကို အစ်မများ၏ ဆောင်းပါးများ ၊ online မှ ရှာဖွေဖတ်ရှုထားသော စာစုများထဲမှ ကျွန်မနားလည်မိသလောက် အချက်တွေကို HR Industry ထဲကိုဝင်ရောက်လာမည့် မောင်မယ်များ အားလုံးအတွက် စုစည်းရေးသား မျှဝေလိုက် ပါရစေ ။
၁. Equal Employment Opportunity (EEO) ဆိုတာဘာလဲ ??
၂. EEO က ဘာလို့အရေးကြီးတာလဲ ??
၃. EEO အတွက် HR ရဲ့ အခန်းကဏ္ဍကဘာလဲ ??
၄. EEO ကြောင့် သင့်အဖွဲ့အစည်းကို ပိုမွန်ကောင်းမွန်စေမည့်အကြောင်းပြချက်က ဘာတွေလဲ ??
၅. Myanmar Labour Laws များနှင့် EEO
၁. Equal Employment Opportunity (EEO) ဆိုတာဘာလဲ ?
EEO ဆိုတာဟာ အဖွဲ့အစည်းများသို့ အလုပ်လျှောက်ထားသူများအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ လုပ်ငန်းစဉ် များ အပေါ်တွင်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွင်းရှိ ခန့်အပ်ပြီးဝန်ထမ်းများ၏ လုပ်ခလစာပေးချေခြင်း ၊ ရာထူးတိုးမြှင့်ခြင်း နှင့် အကျိုးခံစားခွင့်များ သတ်မှတ်ပေးခြင်း အစရှိတဲ့ လုပ်ငန်းစဉ်များ အားလုံးအပေါ်တွင် လည်းကောင်း ခွဲခြားဆက်ဆံမှုကင်းသော ၊ ဘက်လိုက်မှု မရှိဘဲတန်းတူညီမျှသော အခွင့်အလမ်းတွေရရှိစေတဲ့ လုပ်ငန်း ခွင်တခုကို ဖန်တီးဖော်ဆောင်ပေးရသော လုပ်ငန်းစဉ်တခုပဲ ဖြစ်ပါတယ် ။
တန်းတူညီမျှသော အလုပ်အကိုင်အခွင့်အလမ်းဆိုသည်မှာ လုပ်ငန်းခွင်အတွင်း အောက်ဖော်ပြပါ အချက် အလက်တွေပေါ်မှာ မူတည်၍ ခွဲခြားဆက်ဆံမှုမပြုပဲ အားလုံးကို သာတူညီမျှ အခွင့်အရေးရရှိစေခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ် ။
၂.EEO က ဘာလို့အရေးကြီးတာလဲ ?
EEO ဟာ အဖွဲ့အစည်းအတွင်း ၊ လုပ်ငန်းခွင်အတွင်းမှာရှိကြတဲ့ ဝန်ထမ်းတဦးနှင့်တဦးအကြားဆက်ဆံရာတွင် ကူညီဖေးမမှု နှင့် စာနာထောက်ထားမှုတွေကို အခြေခံပြယုဂ်အနေနဲ့ ဖြစ်ပေါ်လာစေလို့ပဲဖြစ်တယ် ။ အလုပ်ရှင်နဲ့ ဝန်ထမ်းအကြား ၊ ဝန်ထမ်းအချင်းချင်းကြားမှာ အထက်အပိုဒ် (၁) ပါ အချက်အလက်တွေအရ ခွဲခြား ဆက်ဆံခြင်းမခံရဘဲ တန်းတူအခွင့်အရေးရရှိစေခြင်းဟာ ၎င်းဝန်ထမ်းများရဲ့ အဖွဲ့အစည်းအပေါ်သစ္စာရှိမှု ( Loyalty ) ၊ စွမ်းဆောင်ရည် မြင့်တက်မှု ( Performance Improvement ) ၊ မိမိအလုပ်အပေါ်စိတ်ကျေနပ်မှု ( Jobs Satisfaction ) နှင့် စိတ်ရော ကိုယ်ပါတက်ကြွစွာပါဝင်ဆောင်ရွက်မှု ( Commitment ) များကို ပိုမိုမြင့်တက်ကောင်းမွန်စေခြင်းကြောင့် EEO ဟာ အရေးကြီးရခြင်းပဲ ဖြစ်ပါတယ် ။
၃.EEO အတွက် HRရဲ့ အခန်းကဏ္ဍကဘာလဲ ?
အလုပ်အကိုင်အခွင့်အရေး ခွဲခြားဆက်ဆံမှုကို တားမြစ်ပေးသည့် ဥပဒေများနှင့်လျှော်ညီသော လုပ်ငန်းခွင် ဖြစ်အောင် ဆောင်ရွက်ပေးရန် နှင့် EEO လုပ်ငန်းစဥ်ကို အထောက်အပံ့ပေးနိုင်သော မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်ပေးခြင်း ၊ ပြဌာန်းပေးခြင်း ၊ လမ်းညွန်မှုပေးခြင်းနှင့် အစပြုဆောင်ရွက်ပေးခြင်း စသည့်အခန်းကဏ္ဍတွေဟာ EEO လုပ်ငန်းစဉ်မှာပါဝင်တဲ့ HR များရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ် ။
၄. EEO ကြောင့် သင့်အဖွဲ့အစည်းကို ပိုမိုကောင်းမွန်စေမည့် အကြောင်းပြချက်တွေက ဘာတွေလဲ ?
EEO Policies များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဟာ အဖွဲ့အစည်း၏ အခြေခံအကျိုးစီးပွားကို ကူညီထောက်ပံ့ပေးနိုင်ပါတယ် ။ Anti-discrimination နှင့် Anti-harassment မူဝါဒနှင့် လုပ်ထုံးလုပ်နည်းတွေဟာ အောက်ဖော်ပြပါအချက်များကို ပိုမိုထိရောက်အကျိုးဖြစ်ထွန်းစေပါတယ် ။
1. Recruitment Process
EEO Policies အရ အလုပ်အကိုင်အခွင့်အလမ်းကြေညာချက်များတွင် ကျား/မ ၊ အသက် ၊ အသား အရောင် ၊ လိင်စိတ်ခံယူချက် ၊ လူမျိုးဘာသာ ၊ မသန်းစွမ်းမှု စသည့်ခွဲခြားမှုများနှင့်သက်ဆိုင်ခြင်းမရှိပဲ ၎င်း အလုပ်အကိုင်အတွက် အမှန်တကယ်လိုအပ်သော အရည်အချင်းပြည့်ဝမှုကိုသာ ဦးတည်ဖော်ပြခြင်းကြောင့် အဖွဲ့အစည်းအတွက် အရည်အချင်းပြည့်ဝသော Talent Person များကို ရှာဖွေရာမှာ အချိန်တိုအတွင်း ရရှိနိုင် အောင် အထောက်အပံ့ပေးပါတယ် ။
2. Improve Your Company Culture & Reputation
EEO မူဝါဒများကို ချမှတ်ထားသော ဥပဒေသတ်မှတ်ချက်များနှင့်အညီ တသတ်မတ်တည်းဖြစ်အောင်ပြဌာန်းထားခြင်း ၊ ဝန်ထမ်းအားလုံးအပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ဆက်ဆံ၍ တန်းတူအခွင့်အရေးတွေရရှိ အောင် လုပ်ဆောင်ပေးထားသော လုပ်ငန်းခွင်ဖြစ်ခြင်းကြောင့် ကုမ္ပဏီအတွင်းရှိဝန်ထမ်းများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း ၊ အလုပ်အကိုင်လုံခြုံမှုကိုခံစားရခြင်း နှင့် ၎င်းတို့နှင့်နှီးနွယ်သော ပြင်ပအဖွဲ့အစည်းများ အကြား နှင့် အလုပ်အကိုင်လျှောက်ထားသူများအကြားတွင် မိမိတို့အဖွဲ့အစည်း၏ အပြုသဘောဆောင်သော ဂုဏ်သတင်းကို ဖြစ်ပေါ်ပြန့်နှံ့စေရန် ကူညီထောက်ပံ့ပေးနိုင်ပါသည် ။
3. Boost Productivity and Innovation
Anti-discrimination နှင့် Anti-harassment မူဝါဒနှင့်လုပ်ထုံးလုပ်နည်းတွေဟာ ဝန်ထမ်းများ၏ လုပ်ငန်း ခွင်စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်ခြင်းကြောင့် ဝန်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအားနှင့် စွမ်းဆောင် ရည်ကို တိုးမြှင့်ပေးနိုင်မှုရှိခြင်း (productivity & efficiency)၊ လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများ ( skill sets ) ကို အထောက်အပံ့ပေးနိုင်ခြင်း နှင့် ဝန်ထမ်းများ၏ တီထွင်ဆန်းသစ်ဖန်တီးနိုင်မှု (Innovation)
ကို ပိုမို ကောင်းမွန်လာနိုင်စေပါတယ် ။
4. Workplace Conflict
အဖွဲ့အစည်းသည် ချမှတ်ထားသော EEO မူဝါဒများကို တန်ဖိုးထားပြီးအခိုင်အမာရပ်တည်၍ လုပ်ငန်းခွင်၌ တူညီမျှတသော အခွင့်အရေးများ ၊ ဆက်ဆံမှုများ ၊ လမ်းညွှန်ချက်များကို ရှင်လင်းပြောြကားပေးပြီး ရရှိစေရန် လိုက်နာဆောင်ရွက်ပေးခြင်းကြောင့် အဖွဲ့အစည်း ၏ ဆုံးဖြတ်ချက် ၊ လုပ်ထုံးများကို ဝန်းထမ်းများက ယုံကြည်လက်ခံကြသောကြောင့် လုပ်ငန်းခွင်အတွင်း ပဋိပက္ခဖြစ်ပေါ်ခြင်းကို လျော့နည်းစေ နိုင်ပါတယ် ။
5. Risk Management
EEO မူဝါဒ၏ သိသာထင်ရှားသော အကျိုးကျေးဇူးများတွင် Risk Management သည်လဲ အပါအဝင်ဖြစ်သည် ။ အလုပ်ခန့်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်များ နှင့် လုပ်ငန်းခွင်အတွင်းတွင် ခွဲခြားဆက်ဆံခံရမှုများ ၊ ပွင့်လင်းမြင်သာမှုမရှိခြင်းများကို တရားဝင် စွပ်စွဲတိုင်ကြားခံရခြင်းများလည်း လျော့နည်းစေနိုင်ခြင်းကြောင့် Legal Expense နှင့် ဆက်စပ်ကုန်ကျစရိတ်တွေကိုလဲ သက်သာလျော့နည်းစေနိုင်သည့် အကျိုးကျေးဇူးကို ရရှိစေနိုင်ပါတယ် ။
၅. Myanmar Labour Laws များနှင့် EEO
အမေရိကန်မှာတော့ ၁၉၆၄ အမေရိကန် နိုင်ငံသားအခွင့်အရေးဆိုင်ရာ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင် ထားသော Equal Employment Opportunity Commission (EEOC) ဆိုပြီး ကော်မရှင် အဖွဲ့အစည်းတခုအဖြစ် သီးသန့် တည်ရှိပါတယ် ။ ၎င်းကော်မတီကပဲ EEO Laws များအရ အလုပ်အကိုင် အခွင့်အလမ်းချိုးဖောက်ခံရမှုများ ၊ လုပ်ငန်းခွင် အတွင်း ခွဲခြားဆက်ဆံခံရမှုများနှင့် သာတူညီမျှ တန်းတူအခွင့်အရေး မရရှိမှုများကို ၎င်းတို့ရဲ့ဥပဒေများနှင့် အကာ အကွယ်ပေးထားပါတယ် ။
မြန်မာနိုင်ငံမှာတော့ အဲ့လို Equal Employment Opportunity Act ဆိုပြီးသီးသန့်မရှိသေးကြောင်း သိထားပါ တယ် ။ အဖွဲ့အစည်းအများစုကတော့ U.S EEOC ရဲ့ Law အချို့ကိုမှီငြမ်းပြီး မိမိတို့အဖွဲ့အစည်းအတွင်း Anti-Discrimination Policy ၊ Anti-sexual harassment Policy စတာတွေ ပြဌာန်းသတ်မှတ်ပြီး ဆောင်ရွက်လျှက် ရှိကြပါတယ် ။
ဒါပေမယ့် မြန်မာနိုင်ငံမှာလဲ တရား၀င် ထုတ်ပြန်ပြဌာန်းထားသော EEO လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်းသည့် တည်ဆဲဥပဒေများလည်း ရှိနေပါတယ် ။ ၎င်းဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ လုပ်ငန်းခွင်မူဝါဒများ ချမှတ်ပေးခြင်း ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီမှုစာချုပ်ချုပ်ဆိုခြင်း (EC) ၊ တန်းတူညီမျှသော အကျိုးခံစားခွင့်များကို ဝန်ထမ်း တိုင်း သိရှိနိုင်အောင် Employee Handbook များတွင် ရှင်းလင်းမြင်သာစွာ ထည့်သွင်းဖော်ပြပေးထားခြင်းဖြင့် မိမိတို့ အဖွဲ့အစည်းကို Equal Environment ဖြစ်အောင်ဆောင်ရွက်ပေးနိုင်မယ်ဆိုရင်တော့ အဖွဲ့အစည်းအတွက် ကောင်းမွန် သော ရလဒ်တွေကို ဖော်ဆောင်ပေးနိုင်မယ်လို့ ထင်မြင်မိပါတယ် ။ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေအချို့မှ EEO လုပ်ငန်းစဉ်များ နှင့် စပ်လျဉ်းသည့် ဥပဒေ ၊ ပုဒ်မအချို့ကို တတ်နိုင်သ၍ကောက်နှုတ်ဖော်ြပပေးလိုက်ပါတယ် -----
၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၁၂ ခုနှစ်၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ
( ဤဥပဒေကို ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေဖြင့် ရုပ်သိမ်းလိုက်သည် )။
၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေ
၂၀၁၅ ခုနှစ်၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ
အမိန့်ကြော်ငြာစာအမှတ် (၁၄၀/၂၀၁၇) ဖြင့်ထုတ်ပြန်ခဲ့သည့်
ထို့အပြင် မြန်မာနိုင်ငံသည် International Labour Organization (ILO) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ILO ပြဌာန်းချက် များမှ ပြဌာန်းချက် (၁၉) ချက်ကို လက်ခံကျင့်သုံးလျက်ရှိပါသည် ။ ထိုပြဌာန်းချက်များနှင့်အညီ မိမိတို့၏ အဖွဲ့အစည်း ကိုလဲ Equal Environment ဖြစ်အောင် ဖွဲ့စည်းဆောင်ရွက်နိုင်ပါသည် ။
မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားထားမှုအားလုံးကို ဖျက်သိမ်းရေး သဘောတူညီမှုစာချုပ် (CEDAW) ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံတခုလဲဖြစ်ပါသည် ။ CEDAW စာချုပ်တွင် အမျိုးသမီး များ၏ အလုပ်အကိုင်အခွင့်ရေးအတွက် ဖော်ပြချက်လဲပါရှိပါသည် ။
အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားထားမှုအားလုံးကို ဖျက်သိမ်းရေး သဘောတူညီစာချုပ် (**CEDAW)
ဖော်ပြပေးခဲ့သော အချက်အလက်များသည် EEO နှင့်ပတ်သက်သည့် ကျွန်မလေ့လာနားလည်မိသလောက်အကြောင်းအရာ အချက်အလက်များဖြစ်ပါသည် ။ HR Industry သို့ ဝင်ရောက်လာမည့် မောင်/မယ်သစ်များ အနေဖြင့် ဖော်ပြပါ အချက်အလက်များကို ပြန်လည်အသုံးချနိုင်ပြီး ပိုမိုကောင်းမွန်သော အဖွဲ့အစည်းကို တည်ဆောက် နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည် ။
ယခုမျှဝေပေးခဲ့သောအကြောင်းအရာများကို သင်ကြားပြသ လမ်းညွှန်မှုပေးခဲ့ပါသော သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာများ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည် ။
လေ့လာသင်ယူရင်းကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင် ။
~Emilia~
( 30.9.2020 ) 5:20 PM
Reference Sources
· Principle of Human Resource Management – Fifteenth Edition
· 5 Reasons Why EEO is Good for Your Organization - Sentrient
· What are My Equal Employment Opportunity (EEO) Requirements? – Team Management
· What Are the Benefits of Equal Opportunity Policies? by Ruth Mayhew
· #EEO #Discrimination #SexualOrientation – Teacher Shwe Yee Win Lae
· CEDAW – Teacher Angeline Thet Thet Htun
· Myanmar Employment Laws
Keep Reading