Aung Thu Ya Kyaw
စာရွက်စာတမ်း အမျိုးအစားများ အကြောင်း
_______
Aung Thu Ya Kyaw ( အိမ်ခြံမြေ သင်တန်း)
အိမ်ခြံမြေကို ရောင်းချ ဝယ်ယူရာတွင် ဝယ်သင့်သည့် မြေကွက်ရှိသလို မဝယ်သင့်သည့် မြေကွက်များလည်း ရှိပါသည်။ အကျိုးဆောင် တစ်ယောက်အနေနဲ့ အိမ်ခြံမြေ အမျိုးအစားတွေ နဲ့ ပက်သက်ပြီးတော့ အမျိုးအစားတွေကို ခွဲခြားနားလည်နိုင်မှ သာလျင် အိမ်ခြံမြေ နဲ့ ပက်သက်သော စာရွက်စာတမ်းတွေကို ပိုင်ပိုင်နိုင်ဖြစ်လာနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး ပိုင်နိုင်လာပြီဆိုလျင် ရောင်းမှား/ဝယ်မှား မဖြစ်လာစေဖို့ များစွာအထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
အရှုပ်ရှင်းကင်းတာနဲ့ ခိုင်မာတာ ဘာကွာသလဲ?
အရှုပ်ရှင်း ရှိတယ်/ ကင်းတယ် ဆိုတာ
(၁) အရှုပ်ရှင်း ရှိတယ် ဆိုတာဟာ မိဘအမွေဆိုင်ဖြစ်လို့ မောင်နှမ သားချင်း
အတွင်း အဆင်မပြေလို့ ကန့်ကွက်တာ/ ပြဿနာ ရှာမဲ့သူရှိတာ
(၂) အရှုပ်ရှင်း ကင်းတယ် ဆိုတာ ကန့်ကွက်မဲ့သူ မရှိတာ / ပြဿနာ ရှာမဲ့သူမရှိတာ
ခိုင်မာသည့် မြေဆိုတာဘာလဲ?
ပိုင်ဆိုင်မှု ခိုင်မာတယ်ဆိုတာ နေထိုင်ဖို့ အတွက် ဆိုရင် ပါမစ် (ဂရန်ပြန်လျောက်ရန်လို)၊ ဂရန်၊ မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ စသည်။ စိုက်ပျိုးရေး အတွက် ဆိုလျင် လယ်ယာမြေ ပုံစံ (၇) ကျပြီး သား များ စသည် ဆိုလိုပါတယ်။
> ခိုင်မာပါသည် ဆိုသည့် စာရွက်စာတမ်း အမျိုးအစားတိုင်းသည် အရှုပ်ရှင်း ရှိနိုင်သည်။
> အရှုပ်ရှင်း ကင်းမကင်း သည် ခိုင်မာတာနဲ့ မသက်ဆိုင်ပါ။
ဥပမာ - အရပ်စာချုပ်သည် မခိုင်မာနိုင်ပါ။ သို့သော် အရှုပ်ရှင်း မကင်းသည် ဟု မဆိုလိုနိုင်ပါ။
ဂရန် မြေသည် ခိုင်မာသည်။ သို့သော် အရှုပ်ရှင်း ကင်းသည်ဟု မဆိုလိုပါ။
စာရွက်စာတမ်း အမျိုးအစားများအကြောင်း
(က) ဘိုးဘပိုင်မြေ (မြေပိုင်မြေ) ။ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ (၄) ပုဒ်မခွဲ (၁ဝ) အရ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချ ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုး ဖြစ်ပါသည်။
(ခ) မြေငှားဂရန်မြေ ။ ရန်ကုန်စည်ပင်သာယာ မြေနည်းဥပဒေအရ ကော်မတီ (ယခင် ရန်ကုန်စည်ပင် သာယာအဖွဲ့/မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန) သို့ အပ်ထားသည့် မြေများကို စည်းကမ်းချက်များ သတ်မှတ်၍ နှစ်ကာလအပိုင်းအခြားဖြင့် အငှားချထားသည့်မြေမျိုး ဖြစ်ပါသည်။
(ဂ) စကွာတာမြေ ။ မြေငှားဂရန် မရယူခဲ့၍လည်းကောင်း၊ မြေငှားဂရန် သက်တမ်းကုန်ဆုံးပြီးနောက် သက်တမ်းအသစ် လဲလှယ်ခြင်းမပြုခဲ့၍လည်းကောင်း၊ ဂရန်စည်းကမ်းချက်ပါ တစ်ရပ်ရပ် ဖောက်ဖျက် ခဲ့၍လည်းကောင်း၊ စကွာတာကျူးလွန်ခြင်းပြေစာဖြင့် စည်းကြပ်ကောက်ခံသော မြေမျိုးဖြစ်ပါသည်။
(ဃ) လိုင်စင်မြေ ။ အောက်မြန်မာပြည် မြို့နှင့်ရွာများ အက်ဥပဒေပုဒ်မ (၄) ပုဒ်မခွဲ (၇) အရ သတ်မှတ်သည့် မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသော မြေမျိုးဖြစ်ပါသည်။
(င) ပါမစ်မြေ ။ စည်ပင်ပြန့်ပြောမှုမရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထား သည့် အိမ်ရာဆောက်လုပ်နေထိုင်ခွင့် ချထားပေးသော မြေမျိုးဖြစ်ပါသည်။
(စ) ဂရန်ရှိ မြေပိုင်မြေ ။ ဘိုးဘပိုင်မြေ (မြေပိုင်မြေ) ကဲ့သို့ မြေမျိုး ဖြစ်ပါသည်။
(ဆ) အခွန်လွတ် သာသနာ့ဂရန်မြေ ။ သာသနာရေး၊ ဘာသာရေးအတွက် ထုတ်ပေးသော မြေမျိုးဖြစ်ပါသည်။
(ဇ) သိမ်ဂရန် ။ ရန်ကုန်စည်ပင်သာယာ နည်းဥပဒေ (၃၇) တွင် သိမ်၊ ဂရန်ကို လူပုဂ္ဂိုလ်ကသာ လျှောက်ထားနိုင်သည်ဆိုသည့်အချက်မှအပ အခြား ထူးထူးခြားခြား သတ်မှတ်ထားခြင်း မရှိပါ။
(ဈ) ကျူးကျော်မြေ ။ အစိုးရမြေပေါ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ဝင်ရောက်ကျူးကျော် နေထိုင် သည့် မြေမျိုး ဖြစ်ပါသည်။
(ည) စနစ်တကျ ကျူးလွန်ခြင်းမြေ ။ စနစ်တကျ ရပ်ကွက်အတွင်း မြို့ကွက်ရိုက်ထားသော အိမ်ရာမြေကွက် ၌ ကျူးလွန်ခြင်းပြေစာဖြင့် စည်းကြပ်ကောက်ခံသော မြေမျိုးဖြစ်ပါသည်။
ဂရန်မြေအကြောင်း
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေဖြစ်ပါတယ်။
၁။ သစ်တော ဂရန်မြေ
၂။ စိုက်ပျိုး ဂရန်မြေ
၃။ စက်မှုဇုံ ဂရန်မြေ
၄။ လူနေထိုင်အိမ် ဂရန်မြေ အမျိုးမျိုးရှိသည်
၁။ သစ်တော ဂရံမြေ
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊ မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပအခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်လျှောက် တင်ရပါမည်။
၂။ စိုက်ပျိုး ဂရံမြေ
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ်
ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။
၃။ စက်မှုဇုံဂရန်မြေ
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။ (3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။
၄။ လူနေထိုင်အိမ်ဂရန်
လူနေထိုင် ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။ စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြစ်ပါသည်။
မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။
ပါမစ်မြေ (စလစ်မြေ)
ဂရန် ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။ (ပဲခူးမြို့တွင် ပါမစ်မြေသည် လူတစ်ယောက်တည်းရဲ့ ဓာတ်ပုံ တစ်ပုံသာ အဓိကပါတာကို တွေ့ရပါတယ်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။ ပဲခူးမြို့တွင် စလစ်ဟု အခေါ်များသည်။)
လက်ရှိ ၂၀၂၄ တွင် ပါမစ်မြေမှ ဂရန်လျောက်ထားမှုကို ခေတ္တခဏပိတ်ထားပါသည်။
ပြေစာ(စလစ်)
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီးမြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်နိုင်ပါသည်။
၁။ G ပြေစာ(စလစ်)
၂။ R/G ပြေစာ(စလစ်)
၃။ L ပြေစာ (စလစ်)
၄။ စ/ ပြေစာ (စလစ်)
၅။ ပုံစံ(5) ပြေစာ (စလစ်)
၆။ ရွာမြေ ပြေစာ(စလစ်)
၇။ R4 ပြေစာ(စလစ်)
၁။ G ပြေစာ(စလစ်)
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေထိုင် နိုင်ပါသည်။
၂။ R/G ပြေစာ(စလစ်)
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့်မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက်ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ်ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။
၃။ L ပြေစာ (စလစ်)
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။
၄။ စ/ ပြေစာ (စလစ်)
အရောင်းဝယ် မပြုလုပ်လျင် ပိုကောင်းမည်။အစိုးရမှ တိုက်ရိုက် ချပေးသော စိုက်ပျိုးဂရံ
(သို့မဟုတ်) ပြေစာ စလစ် ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာ ဖြစ်ပြီး တစ်မိသားစုမှ အပ အခြား အိမ်များ ဆောက်လုပ် ခွင့် မရှိပါ၊ အခြားမြေသို့ ပုံစံ ပြောင်း လျှောက် ၍ မရပါ။ အလွန်
ခက်ခဲမည်။ အရှုပ်ရှင်း ဖြေရှင်းရမည်။ အကွက်ရိုက် ရောင်းချခြင်းမရှိပါ၊ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။
၅။ ပုံစံ(5) ပြေစာ
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာတိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)
ရွာ မြေ ပြေစာ (စလစ်)
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Mapတွင်လည်း Signal ပြသမည်။ Signal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေအမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။
R4 ပြေစာ(စလစ်)
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။ လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။
လယ်မြေ
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။
ဖောပြပါ မြေအမျိုးအစားများ အကြောင်းကို ဆရာဦးကျော်ဇေယျမှ ပို့ချထားခြင်းဖြစ်ပါသည်။
မသိနားမလည်တာများရှိ စာမေးရန်
Messenger
Viber
အိမ်ခြံမြေနဲ့ ပက်သက်ပြီး ပိုမိုလေ့လာနိုင်ရန်
©︎2024 | Aung Thu Ya Kyaw
Keep Reading