ဟေသာ
မေမေကလေ ညဆိုအိပ်မပျော်တဲ့ရောဂါ ရနေတာကြာပေါ့။ကျွန်မ တခါတလေ တယောက်ထဲအိပ်ပေမဲ့ မေမေနဲ့ အိပ်တာများပါတယ်။ကျွန်မ 9တန်းမှာ မေမေရဲ့အိပ်မပျော်တဲ့ရောဂါ ဟာပိုသိလာတယ် လူကြီးလည်းဖြစ်၊အိမ်ထောင်ကို ဦးစီးနေရသူလည်းဖြစ်တော့ မေမေဟာ အတွေးများတယ်ထင်ပါရဲ့။
တခါတလေ ကျွန်မ တရေးနိုးရင် မေမေဟာ ကျွန်မကို ကြောင်ပီးကြည့်နေတတ်တယ်။အဲ့လိုခါမျိုးတွေဆို မေမေဟာ လန့်စရာလည်းကောင်းသလို သနားစရာလည်းကောင်းတယ်။ကျွန်မလည်း အမေအဲ့လိုဖြစ်တော့ မေမေနဲ့အိပ်ရင် အိပ်ရေးမဖြောင့်ဘူး။သူ့ကိုစိတ်ပူလို့ ခဏခဏပဲနိုးပါတယ်။
သူအိပ်ပျော်အောင် ဆေးတေသောက်တယ်။ကြာတော့အိပ်ဆေးတေက ဘေးဖြစ်မယ်ဆိုပီး ဆရာဝန်က ဖြတ်ခိုင်းတယ်။မြန်မာဆေးတွေစားတယ်။တရားတွေနာတယ်။ဒါပေမဲ့သူအိပ်မပျော်ပါဘူး။တချို့နေ့များဆို မနက် 4နာရီကျော်မှ အိပ်ပျော်တဲ့ ရက်တေအထိ ဖြစ်လာတယ်။
ကျွန်မလည်းစဉ်းစားတယ် မေမေအိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲ။မေမေကတော့ မေးလိုက်ရင် တရားမှတ်တယ်ချည်းပြောတာ။သူ့စိတ်ထဲ ကိုယ်မှဝင်ကြည့်မရတာ။ တစ်ညတော့ သူ့ကို ညအိပ်ရာဝင်ခါနီး လုပ်ရတဲ့လေ့ကျင့်ခန်း လုပ်ခိုင်းတယ်။ကိုယ်လည်းလိုက်လုပ်တယ်ပေါ့။ပီးတော့ yoga အသက်ရှုလေ့ကျင့်ခန်း လုပ်ခိုင်းတယ် ။ youtube ကကြည့်လုပ်ရတော့အဲ့တာ နားထောင်ပီးလုပ်နေရင်း ကျွန်မက မေမေကိုကြည့်လိုက်တယ်။ သူအသက်ရှုသံမှန်နေပီ။vdကိုပိတ်ပီး ခဏနေလိုက်တယ် သူမွှန်သံတောင်နည်းနည်း ထွက်လာနေပီ။အဲ့ချိန်က ည12နာရီထိုးပါပီ။ကျွန်မလေ သူအိပ်ပျော်နေတာကြည့်ပီးပျော်လိုက်တာ။မေမေ စောစော မအိပ်ရတာကြာပီလေ။အဲ့ညကတော့ ကျွန်မ အပျော်ဆုံးညပါပဲ။
ညအိပ်မပျော်တဲ့ သူတွေရှိရင်လည်း အကြံပြုချင်တာက အိပ်ယာဝင် လေ့ကျင့်ခန်းလုပ်ကြည့်ပါ။တတ်နိုင်ရင် ရေချိုးခါနီးပါ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ တကယ်လို့ ကိုယ်က gym မှာဆရာနဲ့ မသင်မလုပ်နိုင်ရင်တောင် online ပေါ်မှာ လေ့ကျင့်ခန်းတွေ ရှိပါတယ်။အဲ့ထဲကမှ အများကြီး မလုပ်ရင်တောင် အကြောလျှော့တဲ့ လေ့ကျင့်ခန်းတွေ၊yoga လေ့ကျင့်ခန်းတွေ၊အသက်ရှုလေ့ကျင့်ခန်းတွေ တမျိုးကို နည်းနည်းစီ ပြုလုပ်သွားပေးပါ၊အတွေးကိုထိန်းချုပ်ဖို့လဲ လိုပါမယ်ရှင်။အိပ်မပျော်ရခြင်းအဓိကက အတွေးများလို့ပါ ကိုယ့်အတွေးတေက ကိုယ့်ကိုထိခိုက်စေပါတယ်၊အတွေးတေကို ဂရုစိုက်ပါ။
ပီးတော့ ကိုယ့်အိမ်မှာ ကိုယ့်အနီးနားမှာ အိပ်မပျော်တဲ့ သူတွေရှိရင် လည်းသူတို့ကို ဖေးမပေးပါ။အိပ်မပျော်တဲ့ သူအများစုဟာ စိတ်ဓာတ်ကျတဲ့သူ၊စိုးရိမ်ပူပန်မှု များသူတွေဖြစ်ပါတယ်။သူတို့ဟာ အထီးကျန်တတ်ကြပီး၊သူတို့နဲ့အတူ မအိပ်ခင်မှာ အချိန်ကိုကုန်ဆုံးပေးခြင်း၊စကားပြောပေးခြင်း၊လေ့ကျင့်ခန်းအတူတူလုပ်ပေးခြင်းဖြင့် သူတို့ရဲ့အထီးကျန်ခြင်း၊စိတ်မလုံခြုံခြင်းတေကို ဖြေဖျောက်ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။
Keep Reading