Chaw
ချစ်တဲ့သူငယ်လေ...
သူငယ်ချင်းကောင်း ယောက်မတို့လေ...
ပန်ပါရလို ပန်ရလျှင်လဲ
ပန်းတို့ဘုရင်မ၊ နီးမြန်းနှင်းဆီ
မွှေးပျံ့စွဲမက်၊ နူးညံပွင့်ဖတ်
တော်ဝင်နန်းဆန်ထိုက်မှသာတဲ့။
နေပါရလို၊ နေရလျှင်လဲ
တောတောင်ရပ်ဝန်း၊ လေညှင်းခက်ရာ
ပန်းဥယျာဥ်၌၊ မိနှင့်ဖကို
လုပ်ကျွေးပြုစုရမှသာတဲ့။
ရပါရလို၊ရရလျှင်လဲ
သံသရာစက်ဝန်း၊ ရပ်တန့်စေရာ
လောကီချမ်းသာ၊ စစ်မှန်သည့်
မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုရမှသာတဲ့။
မယ်ကြိုးပမ်းရမယ်လေး။
21 ရာစု
ချော
Keep Reading