မင်းဇေယျ
လူတွေဟာ ကိုယ့်အနားမှာရှိနေတဲ့သူ
လိုအင်တွေဖြည့်ဆည်းပေးတဲ့ သူ
ပျော်ရွင်အောင်လုပ်ပေးတဲ့သူ တွေကိုမှ
အချစ်စစ်တဲ့လား။
မလိုချင်ဘူးထင်လို့ ထွက်သွားပေးတဲ့သူ
ကိုယ်မရှိရင်ပျော်နေမယ်ထင်လို့ ထွက်သွားပေးသူ၊
ချစ်ရတဲ့ မိန်းကလေးကို သူချစ်ရတဲ့သူနဲ့ ပျော်ရွင်နေတာကို
အဝေးကငေးကြည့်ရင်း ကျေနပ်နေတဲ့ သူ
ဒါတွေကရော မေတ္တာစစ်မေတ္တာမမှန်ဘူးလား။
ခင့် ရဲ့ ဘေးနားကကောင်က ခင့်ကိုတဂယ်ချစ်တယ်ဆိုရင်
ခင် ပျော်ရွင်ဖို့အတွက် ထွက်သွားပေတဲ့
ကိုယ်ကရော
တဂယ်မချစ်ဘူး လို့ မင်းထင်သလား။
-မင်းဇေယျ
29.9.2024
Keep Reading