Monologue By Mon
တစ်နေ့တာအတွက် ကျမတွေးတဲ့ အတွေးတွေထဲမှာ
ဖြစ်မလာသေးတာတွေကို စိတ်ပူနေတဲ့ အတွေးတွေက ၁၀ ရာခိုင်နှုန်း လောက်ရှိတယ်
အနာဂတ်ကို စိတ်ကူးယဥ်ပြီး ကျေနပ်မိတဲ့ လေထဲတိုက်ဆောက်တယ်လို့ ပြောလို့ရတဲ့ အတွေးတွေက ၁၀ ရာခိုင်နှုန်း လောက်ရှိတယ်
လူတွေရဲ့ အမြင်ကို ကိုယ့်အထင်နဲ့ ကောက်ချက်ချပြီး စိတ်ညစ်ညူးစေတဲ့ အတွေးပေါင်းစုံက ၁၀ ရာခိုင်နှုန်း လောက်ရှိတယ်
လုပ်ငန်းခွင်ထဲက အလုပ်နဲ့ပတ်သတ်တဲ့ အတွေးပေါင်းစုံ နဲ့ စဥ်းစားအကြံထုတ်ဖို့ ဉာဏ်ကွန့်မြူးရတာက ၄၀ ရာခိုင်နှုန်း လောက်ရှိတယ်
ဘဝအတွက် ရှေ့ရေးအတွက် ပိန်းပိတ်အောင်မှောင်နေတဲ့ အနာဂတ်ကို တွေးပြီး ရင်မောရတာက ၁၀ ရာခိုင်နှုန်း လောက်ရှိတယ်
မိသားစုအရေးတွေတွေးရတာက ၂၀ ရာခိုင်နှုန်း လောက်ရှိတယ်
အဲ့လိုမျိုး စဥ်းစားကြည့်လိုက်တော့ ကျမ ကိုယ့်ကိုယ်ကို သတိထားမိတာ ဆင်ခြင်မိတာကတော့ " ငါလက်ရှိကို အကောင်းဆုံး ဖြတ်သန်းဖို့ , လက်ရှိအချိန်မှာ အာရုံပိုစိုက်ဖို့ အချိန်တွေကို အလကားဖြုန်းနေမိတာတော်တော်များတယ် " ဆိုတာပဲ။
ကျမက အတွေးများတဲ့သူမို့ သတိလေးနဲ့ တွေးသင့်တာတွေပဲတွေးပြီး လုပ်သင့်တာတွေပိုလုပ်နိုင်ဖို့ ကျမ ချက်ချင်းကြီး ဝုန်းခနဲ မလုပ်နိုင်လောက်ပေမယ့် ဖြည်းဖြည်းချင်း ကျမ လုပ်ကြည့်မယ်လို့ တွေးထားတယ်။
ဘာလို့လဲဆိုတော့ လက်ရှိကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှ ကျမမျှော်လင့်တဲ့ အနာဂတ်က ရုပ်လုံးပေါ်လာမယ်ထင်လို့ပါ။
ဒါတောင် အခုပြောတာ အတွေးပဲရှိသေးတယ်နော်
တစ်နေ့တာကို ကုန်ဆုံးတဲ့အခါမှာ အပိုအလုပ်တွေ လုပ်မိနေတာလည်း အများကြီးရှိသေးတယ်။
အဲ့ဒါတွေကိုပါ နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြှေရှင်းနိုင်မှ ဖြစ်မယ်။
အနာဂတ်မှာတော့ ကျမ ဘဝကို ဘရုတ်သုတ်ခ ပေါင်းများစွာနဲ့ ပူပင်မနေချင်ဘူးလေ။
အေးဆေးတည်ငြိမ်တဲ့ ဘဝလေးကိုပဲ အေးဆေးလေးဖြတ်သန်းချင်တယ်။
အဓိပ္ပာယ်ရှိတာတွေ လုပ်ရင်းပေါ့လေ။
မွန်
၂၇၊၉၊၂၀၂၄
Keep Reading