Khin (ခင်)
အညာသူတစ်ယောက်အနေနဲ့ ဦးစွာ အညာမြေအကြောင်းလေးပြောပြပါရစေရှင့်။ ခင့်ရဲ့မွေးရပ်မြေ
ဧရာအနောက်မြို့တော်ပခုက္ကူ ကိုအလည်လာဖို့ဖိတ်ခေါ်ချင်ပါသော်လဲ အညာမြေဟာအရင်လိုတမာနံ မသင်းနိုင်တဲ့အတွက်ကြောင့် ဧည့်ဝတ်မကျေမှာကြောက်မိပါတယ်။
ပခုက္ကူမြို့၏ မူရင်းအမည်မှာ သားထုတ်ဂူ ဖြစ်ပါတယ်။
ပုံဂံနဲ့ ပခုက္ကူဟာ ဧရာဝတီမြစ်ကြီးသာခြားပါတယ် ပုံဂံကို သွားချင်တဲ့အခါအရမ်းသွားရလွယ်ကူပါတယ်။
မြန်မာ့ အရှည်ဆုံး ဧရာဝတီတံတား ဟာ ပခုက္ကူ မှာတည်ရှိတာဖြစ်ပါတယ်။ နယုန်လတစ်လလုံးကျင်းပတဲ့ သိဟိုဠ်ရှင်မြတ်စွာဘုရားပွဲ ကတော့ ခင်အမျှော်ဆုံးပွဲတော်ပါပဲ။ ပွဲတော်မလုပ်ဖြစ်တာ3/4နှစ်လောက်ရှိပါပြီ။
ပွဲတော်ရောက်ရင် ခုထိအဖြစ်ချင်ဆုံးနဲ့အလုပ်ချင်ဆုံး ဆန္ဒလေးကတော့ ပျော့အိအိခုန်တာပါပဲ။ ဆော့ပါရစေ ပိုက်ဆံ ပိုပေးပါ့မယ်ပြောလဲမရ။ အရွယ်ကြီးလို့စီးမရတော့ဘူးဖြစ်ကြောင်း အတင်းရှင်းပြတဲ့ ပိုင်ရှင်ကိုတော့ အမုန်းဆုံးပါပဲရှင်။
ဖာပေါ ဖုတ်ထူ ပခုက္ကူ.....
ပခုက္ကူသူပါ လို့ပြောရင် ဒီစကားပုံလေး ရွတ်ပြပြီး အမှန်ပဲလား လှောင်ပြုံးပြုံးတဲ့ တနယ်သားတွေကိုတော့ နာနာလေးဆုံးမချင်ပါရဲ့။ အနက်အဓိပ္ပာယ်မသိပဲ ကိုယ်လိုရာစွဲတွေးရင်တော့ ကိုယ့်စိတ်နဲ့နှိုင်းရိုင်းတာပေါ့။
မှန်ရဲ့လားဆို မှန်ပါတယ်... ဖာပေါ ဖုတ်ထူ ပခုက္ကူ
ဖာပေါ - ထန်းကောက်ဖာပေါများတယ်
ဖုတ်ထူ - သဲဖုတ်( ဖုန် ) ထူတယ်
ချည်ထည်တွေလဲပေါပါတယ်။ အညာသူဆိုတိုင်းညိုချောလို့မထင်စေချင်ပါဘူး။ ပခုက္ကူသူအများစုကဖြူပါတယ်ရှင့်။ အသားလဲဖြူသလို စိတ်သဘောသားလဲဖြူတယ်။ အမှန်တိုင်းပြောတတ်ပြီး စကားချိုချိုမပြောတတ်လို့
မုန်းမသွားစေချင်ပါ။ အညာမြေမှာတံမာရနံ့တွေပြန်သင်းပြီး ငြိမ်းချမ်းသာယာလာဖို့ အထုးဆုတောင်းပါတယ်။ အညာသူတိုင်းအသားမညိုပါဘူးနော်။
Keep Reading