Swal Nyoe
မျက်နှာချင်းဆိုင်လိုက်တဲ့အခါ မှန်ထဲကမင်းကို ကြောက်ရွံ့နေတဲ့အကြည့်တွေနဲ့ မေးခွန်းထုတ်ခဲ့မိတယ်။
တကယ်ဆိုရင် တစ်ယောက်ယောက်ကို ချစ်ရတာထက် ပိုခက်ခဲတာက ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ဆိုတာလေ။ ဝန်ခံစရာတွေကို အမှန်တိုင်းပဲ ဝန်ခံကြရအောင် မင်းအတွက် မင်းကိုယ်တိုင်ချမှတ်ထားတဲ့ စံနှုန်းစည်းကမ်းချက်တွေက မင်းကို ပိုပြီးချုပ်နှောင်ထားတာကွ။ မင်းဘဝတစ်လျှောက်လုံး ကြုံဖူးခဲ့တဲ့ ခက်ခဲမှောင်မိုက်တဲ့အချိန်တွေလို အဲ့တာကလဲ မင်းရဲ့တစ်စိတ်တစ်ပိုင်း မင်းဖြစ်နေတဲ့အတွက် အခုတော့ စွန့်လွှတ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ကြရအောင်။ ငါတို့ဘဝကရှည်လျားတယ်။ဝင်္ကပါထဲရောက်နေလဲ ငါ့ကိုယ်သာယုံကြည်လိုက်ပါ။ ဆောင်းရာသီကုန်သွားရင် နွေဦးကရောက်လာဦးမှာပါ။
Keep Reading