Honey cho
G6PD ရှိတယ်ဆိုတာ ဘာကိုပြောတာလဲ
🚨ဆေးခန်းလာပြတဲ့အခါ မေမေတွေက “ကျွန်မ သားလေးက G6PD ရှိတယ်၊ သားလေးက မွေးတုန်းက G6PD ပါလာတယ်”ဆိုပြီး ပြောတာ ကြားဖူးကြမှာပါ။
👉အဲ့ဒီ G6PD ဆိုတာက glucose-6-phosphate dehydrogenase ဆိုတဲ့ အင်ဇိုင်းဖြစ်ပြီး ဓာတ်တိုးပစ္စည်းတွေနဲ့ တွေ့တဲ့အခါ သွေးနီဥတွေကို မပေါက်ကွဲအောင် ကာကွယ်ပေးတဲ့ အင်ဇိုင်းပါ။
👉ဒီအင်ဇိုင်းမရှိတဲ့အခါကျတော့ တချို့သော ဆေးတွေ သောက်မိတဲ့အခါ သွေးနီဥတွေ ပေါက်ကွဲပြီး ကလေးက ဆီးမည်းမည်းတွေသွားတာ၊ သွေးအားနည်းတာတွေ ဖြစ်လာပါတယ်။
👉တကယ်တော့ မေမေတို့ ပြောတာက နည်းနည်းလွဲနေတာ ရှိနေပါသေးတယ်။ G6PD ရှိတယ်လို့ ပြောရမှာ မဟုတ်ဘဲ G6PD ချို့တဲ့နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြောပါ။ ဒီလိုမျိုး ဆေးခန်းလာပြတိုင်းမှာ ဒါလေး ပြောတတ်တာနဲ့တင် အင်မတန်အထောက်အကူ ဖြစ်ပြီး ဆရာဝန်တွေကလည်း ဒီလောက်ဆို နားလည်ကြပါတယ်။
🔹G6PD အင်ဇိုင်းချို့တဲ့တာက မျိုးရိုးလိုက်ပြဿနာဖြစ်ပြီး သားသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ မိန်းကလေးတွေ G6PD ဖြစ်တာက ရှားပါတယ်။
🔹G6PD ချို့တဲ့တဲ့ ကလေးတွေက ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဒီတိုင်းကြည့်ရင် ချို့တဲ့မှန်းတောင် မသိပါဘူး။ တစ်ခုခုနဲ့ မတည့်တာနဲ့ ထိတွေ့မိမှသာ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့် မွေးစကလေးတွေမှာ G6PD ချို့တဲ့နေသလားဆိုတာကို သိနိုင်ဖို့ ဆေးစစ်ကြည့်ရပါတယ်။
🔹G6PD ချို့တဲ့တဲ့ကလေးက သာမန်အချိန်တွေမှာ အကောင်းဆိုပေမယ့် သူနဲ့ မတည့်တာနဲ့ ထိတွေ့မိမယ်ဆိုရင် သွေးနီဥတွေ ပေါက်ကွဲပြီး
- သွေးအားနည်းတာ
- ဖြူဖျော့လာတာ
- ဆီးမည်းမည်းတွေသွားတာ
- နုံးတာ
- မောတာ
- ရင်တုန်တာတွေ ခံစားရတတ်ပြီး အချိန်မီကုသမှုမခံယ
Unlock to read this premium article with 10 points.