Honey cho
ဗိုက်အောင့်အောင့်နေတာ ဆရာဝန်သွားပြတော့ အူရောင်တယ်လို့ ပြောလိုက်တယ်။ အူရောင်တယ်ဆိုတာက အရေးကြီးတာလား၊ မကြီးတာလား။ ဘယ်လိုကြီးပါလိမ့်။
🔹တကယ်တော့ ဗိုက်ထဲမှာအူက ၁၅ ပေ လောက် ရှိပြီး အခွေလိုက်ခွေထားတာပါ။ အူသိမ်ရယ်၊ အူမကြီးရယ်ဆိုပြီးလည်း ၂ ပိုင်းရှိပါတယ်။
🔹အူရောင်ရတဲ့ အကြောင်းအရင်းကလည် အမျိုးမျိုးရှိပါတယ်။ အဖြစ်များဆုံး အူလမ်းကြောင်း ပိုးဝင်တာကစလို့ ခုခံအားကမောက်ကမဖြစ်တဲ့ autoimmune ရောဂါတွေအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ဥပမာ ပြောရရင်
- အထက်လှန်အောက်လျှောဖြစ်စေတဲ့ပိုး
- ကပ်ပါးပိုး
- အစာမှားလို့ပါလာတဲ့ ဘက်တီးရီးယားပိုး စတာတွေကလည်း အူရောင်စေနိုင်သလို
- ဗိုက်နားတစ်ဝိုက်ကို ရောင်ခြည်ပြတာ
- အရက်၊ ကိုကင်းနဲ့ တခြားဆေးဝါးတွေကို အလွန်အကျွံ သောက်သုံးတာကလည်း အူရောင်တတ်ပါတယ်။
- နာတာရှည် အူရောင်ရောဂါတွေဖြစ်တဲ့ ခရုန်းရောဂါမှာဆိုရင်လည်း အူရောင်တတ်ပါတယ်။
ဒီလို အူရောင်တာက သာမန်လူတွေမှာလည်း ဖြစ်နိုင်သလို ကိုယ်ခံအား ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးတွေ၊ ခုခံအားကျတဲ့ HIV လူနာတွေမှာဆိုရင် ပိုဖြစ်တတ်ပါတယ်။
🔹အူရောင်တဲ့အခါ ခံစားရတတ်တဲ့ လက္ခဏာတွေကတော့
- ဗိုက်အောင့်တာ
- ဗိုက်ရစ်တာ
- အစားအသောက်ပျက်တာ
- ပျို့အန်တာ
- ဖျားတာ
- နုံးတာ
- ဗိုက်ဖောင်းပြီးတင်းနေတာ စတာတွေပဲ ဖြစ်ပါတယ်။
🔹အူရောင်တာက ပိုးကြောင့်ဆိုရင်တော့ အချိန်သိပ်မကြာဘဲ သက်သာသွားတတ်ပါတယ်။ သိပ်မဆိုးရင် ခုခံအားကောင်းနေရင် အလိုလိုသက်သာသွာ
Unlock to read this premium article with 10 points.