Honey cho
ချောင်းဆိုးနေချိန်မှာ ရောဂါတိုးစေနိုင်တဲ့ အစားအစာများ
ချောင်းဆိုးတယ်ဆိုတာ အအေးမိလို့ပဲဖြစ်ဖြစ် ဓာတ်မတည့်လိုပဲဖြစ်ဖြစ် အစားမှားလို့ပဲဖြစ်ဖြစ် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာဖြစ်ပါတယ်။ဒီလိုချောင်းဆိုးနေတဲ့အချိန်မှာ အစားအသောက်မဆင်ခြင်ပဲကိုယ့်စိတ်ကြိုက် စားမယ်ဆိုရင် တချို့အစားအသောက်တွေက လည်ချောင်းကိုပိုနာကျင်စေတာ၊ ချွဲပိုကြပ်စေတာမျိုးတွေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့မှာတော့ ချောင်းဆိုးနေတဲ့သူတွေအတွက် ချောင်းဆိုးနေချိန်မှာ ရောဂါပိုးတိုးစေတဲ့ အစားအစာတွေကိုပြောပြပေးသွားပဲ ဖြစ်ပါတယ်။
နို့ထွက်ပစ္စည်းများ
အအေးမိပြီး ချောင်းဆိုးတဲ့အခါမှာ နို့၊ ရေခဲမုန့်၊ ချိစ် စတဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်တာအကောင်းဆုံးပါပဲ။
နို့နဲနို့ထွက်ပစ္စည်းတွေက ချောင်းမဆိုးစေပေမယ့် နှာရည်ယိုစေပြီး ချွဲကြပ်စေတာကြောင့် အသက်ရှူရခက်ခဲ
စေပါတယ်။
ဆီကြော်ထားတဲ့အစားအသောက်များ
ဆီတွေအများကြီးသုံးပြီး ကြော်ထားတဲ့ အစားအသောက်အများစုက ချောင်းဆိုတာကို အခြေအနေပိုဆိုးစေနိုင်
ပါတယ်။ ထောပတ်၊ ဒိန်ခဲတွေဆီက ဖက်တီးအက်စစ်တွေနဲ့ အိုမီဂါ-၆ ဖက်တီးအက်စစ်တွေက ခန္ဓာကိုယ်က ချွဲသလိပ်တွေကို ပိုဖြစ်ပေါ်စေပြီး ချောင်းဆိုးတာကို အခြေအနေပိုဆိုးစေနိုင်ပါတယ်။ကိုယ်ခံစွမ်းအားကို မြှင့်တင်
ချင်တယ်ဆိုရင် ဆီကြော်အစားအသောက်တွေကို တတ်နိုင်သမျှ မစားတာ ပိုကောင်းပါတယ်။
ကဖင်းဓာတ်နဲ့ အရက်
ဒီအစားအစာနှစ်မျိုးစလုံက ခန္ဓာကိုယ်က ရေဓာတ်ကို ခန်းခြောက်စေပါတယ်။ခန္ဓာကိုယ်က ချွဲတွေကြောင့် ရေဓာတ်ဆုံးရှုံးနေတဲ့အချိန်မှာ ကဖင်းဓာတ်ပါတာတွေနဲ့ အရက်ကိုသာသောက်မယ်ဆိုရင် ရေဓာတ်ပိုဆုံးရှုံးပြီး
ချောင်းဆိုးတာကို ပိုဆိုးစေပါတယ်။ဒါ့အပြင် အရက်က ခန္ဓာကိုယ်က ခုခံအားစနစ်ကို ထိခိုက်စေတာကြောင့် ချောင်းဆိုတာနဲ့ အအေးမိတာကို အချိန်ကြာစေပါတယ်။ဒါကြောင့် ချောင်းဆိုးနေတဲ့အချိန်မှာ အရက်နဲ့ ကဖင်းအစား ကျန်းမာရေးကောင်းစေတဲ့ ရေနွေးကြမ်းတ
Unlock to read this premium article with 10 points.