မောရိသျှ
ရလဒ်ကောင်း ထွက်နိုင်မှာ မဟုတ်ဘဲ၊ ထူးကဲစွာ ပြီးမြောက်အောင်မြင်နိုင်မှာ မဟုတ်ပါ။ဘာပဲလုပ်လုပ် ထက်သန်စိတ်နဲ့ အားကြိုးမာန်တတ် လုပ်ရမယ်။ သေးတဲ့အလုပ်ဖြစ်ဖြစ်၊ ကြီးလေးတဲ့ အလုပ်ဖြစ်ဖြစ် ဘယ်လို အလုပ်မဆို ထက်သန်စိတ်မှ မပါဘဲ အချိန်ယူလုပ်နေပါစေဦးတော့၊မိုက်မဲသူတွေသာ ဖြတ်လမ်းသုံးပြီး အမြန်လုပ်လိုကြတယ်။ ပါးနပ်သူဟာ အလွယ်လမ်းထက် အကောင်းဆုံးသော နည်းလမ်းရွေးချယ်ပြီး ခက်ခဲကြမ်းတမ်းနေပါစေ၊ ထူးကဲတဲ့ ရလဒ်အတွက် ပြောင်မြောက်စွာ ကြိုးစားတတ်ကြတယ်။ အလောမကြီးပါနဲ့။ အချိန်မဆွဲပါနဲ့။ လုပ်သင့်တာတွေကို သူ့အရှိန်နဲ့သူ၊ သူ့အချိန်နဲ့သူ ပုံမှန် လုပ်သွားပါ။ အမှားနဲ့ ကင်းအောင် လုပ်လို့ ရမှာ မဟုတ်တဲ့အတွက်၊ အမှားနည်းနိုင်အောင် ထိန်းညှိပြီး တည်ငြိမ်စွာ လုပ်ဆောင်ပါ။ လျင်မြန်ခြင်းဟာ အောင်မြင်မှုရဲ့ဖြတ်လမ်းဆိုပေမယ့်၊ မသေချာဘဲ အလောတလျင်လုပ်ခြင်းဟာ ကျရှုံးမှုကို မလွဲမသွေရောက်စေနိုင်တဲ့ကြားလမ်းဖြစ်တယ်။ကောင်းခြင်းကိုလိုလားသူဟာ အရှိန်တကျ ကြိုးစားလေ့ရှိတယ်။ မြန်မြန်မှန်မှန်လုပ်တတ်သူဟာ မပြီးခင်အလျင် အောင်မြင်နေသူဖြစ်တယ်။
သတ္တိရှိရမယ်။ ပြဿနာ အသေးအဖွားကြောင့် မလုပ်ရဲ မကိုင်ရဲ မသွားရဲ မလာရဲ မဖြစ်စေနဲ့။ မဝံ့ခြင်း မရဲခြင်းဟာ ကျရှုံးသူတွေရဲ့ စိတ်ညံ့စိတ်ယုတ်တွေဖြစ်တယ်။စိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲခြင်းဟာ အောင်မြင်သူတွေရဲ့ စိတ် ကောင်းစိတ်မြတ်တွေဖြစ်တယ်။ စိတ်ခွန်အားကို အမြဲ ဖြည့်တင်းတတ်ရမယ်။ ထက်သန်စိတ် ဖြစ်စေနိုင်မယ့် အ လုပ်အကြောင်းကိစ္စကြီးငယ်ကို အမြဲလုပ်ပြီး စိတ်ချမ်းသာမှုကို ရယူပါ။ စိတ်ပါဝင်စားရာ အလုပ်ကို အမြဲလုပ်ပြီး စိတ်အေးချမ်းမှုကို ရယူပါ။ ဝါသနာပါရာ အလေ့အကျင့်တွေ လုပ်ပြီး ကိုယ့်စိတ်ခွန်အားကို မြင့်တင်ပါ။ စိတ်မသေပါစေနဲ့။ မလုပ်ရဲ မကိုင်ရဲ ဖြစ်နေပြီး မဝံ့မရဲစိတ်နဲ့ ဟိုမရောက် ဒီမရောက် မဖြစ်စေနဲ့။ စားရဲမှတော့ စွန့်ရဲရမယ်။ စွန့်ရဲမှတော့ စားကို စားရလိမ့်မယ်။ ကြောက်စိတ် ရွံ့စိတ်ကြောင့် ခရီးမစရဲလို့ကတော့ ဘယ်တော့မှ ခရီးပေါက်မှာ မ ဟုတ်ဘူး။ လှမ်းရဲမှ ခရီးတွင်တယ်။ လျှောက်ရဲမှ ခရီးရောက်တယ်။ ရဲစိတ်ရှိမှ ရှေ့ဦးနိုင်မယ်။
စိတ်ရှည်ခြင်းနဲ့ အချိန်ကို တန်ဖိုးထားတတ်မှုဟာ လူတိုင်း မရှိမဖြစ် ရှိကို ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်တယ်။ ကောင်းတဲ့အလုပ်ဟူသမျှ အချိန်ယူတယ်။ ထူးကဲတဲ့ ရလဒ်ဟူသမျှ အချိန်များစွာ ပေးဆပ်ထားမှ ဖြစ်နိုင်တယ်။ မလောရ။ အမျက်ဒေါသ မထွက်ရ။ မိမိကိုယ်ကို ချုပ်တည်းပါ။ မိမိစိတ်အလိုကို ထိန်းညှိပါ။ အချိန်ကို သိရမယ်။ မလိုအပ်ဘဲ မလောနဲ့။ အချိန်လွန်မှ မလုပ်နဲ့။ ချိန်သားကိုက် လုပ်တတ်ရမယ်။ အချိန်ကို လေးစားပါ။ အချိန်ကို တန်ဖိုးထားပါ။ ဒါဆိုရင် အချိန်နဲ့ အမျှ လုပ်တတ်ခြင်းကြောင့် ကြီးလေးတဲ့ ဆုလာဘ်တွေကို မုချ ခံစားရလိမ့်မယ်။ ကံကောင်းခြင်းဆိုတာ ချိန်သားကိုက် လုပ်တတ်သူတို့သာ ရနိုင်တဲ့ ဆုလာဘ်ဖြစ်တယ်။ ကောင်းခြင်းဟူသမျှ စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်သူတို့သာ ရနိုင်ကြတယ်။
စိတ်မြန်လက်မြန်ခြင်း။ စိတ်သွားတိုင်း ကိုယ်ပါနိုင်တဲ့အကျင့်က အတော်လေး အသုံးကျတဲ့ အကျင့်ကောင်းဖြစ်တယ်။ ဒါပေမဲ့ စိတ်မြန်လက်မြန်တိုင်း ကောင်းတာတွေပဲ လုပ်နိုင်ကြတယ်လို့ မဆိုနိုင်ဘူး။ စိတ်မြန်လက်မြန် ဖြစ်လို့ အလွဲလွဲအမှားမှားတွေ လုပ်မိတတ်တယ်။ မထင်ရင် မထင်သလို၊ စိတ်မြန်လက်မြန် ဆုံးဖြတ်မိလို့ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်သွားတတ်တယ်။ အခြေအနေ အချိန်အခါ အလိုက် သုံးသပ်မြော်မြင်နိုင်မှု မရှိတဲ့အတွက်၊ ခုတင်ခန လုပ်ရမယ့် အရေးကို အချိန်ဆွဲမိသွားပြီး၊ နောက်ရေးနောက်ရာ ကိစ္စကိုမှ အတင်းကာရော အ လောကြီး လုပ်မိတာမျိုး ဖြစ်တတ်တယ်။ ပြန်တွေးချိန်မရတော့ဘဲ လက်မြန်မိလို့ ဆုံးရှုံးရတာမျိုး လုံးဝ မဖြစ်စေနဲ့။ ဘာပဲလုပ်လုပ် သွက်သွက်လက်လက်၊ လျင်လျင်မြန်မြန် လုပ်နိုင်စွမ်း ရှိတာက ကောင်းတယ်၊ ဒါပေမဲ့ မလုပ်ခင်အ လျင် ကြိုတင်စဉ်းစားတွေးခေါ်တဲ့ အကျင့်ကောင်း ရှိဖို့ လိုတယ်။ ကိုယ့်အပေါ် မလိုသူတွေ ရှိနေခဲ့ရင် ကိုယ်လုပ်မယ့် အလုပ်တိုင်းကို မတွေးမခေါ်ဘဲ အတင်းလုပ်မိအောင် ဖိအား၊ တွန်းအားပေးပြီး ချောက်ထဲ ထိုးဆင်းသွားအောင် တ မင်ဆောင်ကြလိမ့်မယ်။ ယောင်ပြီး မပါသွားစေနဲ့။ စိတ်မြန်လက်မြန် တုန့်ပြန်တာမျိုး ဘယ်တော့မှ မလုပ်နဲ့။ ဘာပဲလုပ်လုပ် အရင်တွေးပါ။ တွေးမယ့်တွေး နှစ်ကြိမ် နှစ်ခါတွေးပါ။ လုပ်မယ့်လုပ် နှစ်ခါဆုံးဖြတ်ပြီးမှ လုပ်ပါ။ မြန်မြန်လုပ်နိုင်စွမ်း ရှိတဲ့သူတွေကို လူတွေက ချီးကျူးကြတယ်။ အဲဒီလိုပဲ မတွေးမတောဘဲ အတင်းဇွတ်လုပ်လို့ ဆိုးကျိုးဖြစ်စေတဲ့သူတွေကို လူတွေက အလွန်ကဲ့ရဲ့လိုကြတယ်။ ကောင်းတာဖြစ်စေချင်ရင် ကောင်းတဲ့ အတွေးအခေါ်နဲ့ နှစ်ကြိမ်နှစ်ခါ ဆင်ခြင်လုပ်ကိုင်ပါ။ မြန်တာကောင်းတယ်။ မြန်တာထက် မှန်တာပိုကောင်းတယ်။
#မောရိသျှ
⸻အလယ်ခေတ် စပိန်လူမျိုး အတွေးအခေါ်ပညာရှင် ဘယ်လ်တဆာ ဂရေသျှန်
Keep Reading