San G
နေ့သစ်တစ်ရက်ရဲ့ မနက်ခင်းအစကို တချို့လူတွေက လမ်းလျှောက်ခြင်း၊ ပြေးလွှား လေ့ကျင့်ခန်းလုပ်ခြင်း၊ စသည့် ကိုယ်ကာယလေ့ကျင့်ခန်းများနဲ့အစပြုသလို တချို့က သက်ဆိုင်ရာဘာသာတရားအလိုက် ဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ ရှိခိုးပူဇော်ခြင်းများနဲ့ နေ့သစ်ကိုအစပြုလေ့ရှိကြပါတယ်။
ကျွန်ုပ်ွန်ုပက မနက်ပိုင်းအိပ်ရာစောစောမထနိုင်တဲ့သူဖြစ်သောကြောင့် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပြီး အစပြုတဲ့သူထဲတော့မပါပါဘူး။ ဒါပေမယ့် ကျွန်တော်ယုံကြည်ပြီး ကိုးကွယ်တဲ့ ဗုဒ္ဓလမ်းစဉ်အတိုင်း ဂုဏ်တော်များ၊ပရိတ်တော်နဲ့ ပဌာန်းရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့ခြင်းများပြုလုပ်ကာ တရားထိုင်ခြင်းဖြင့် နေ့သစ်ကိုအစပြုလေ့ရှိပါတယ်။
ထိုသို့ပြုလုပ်ခြင်းအားဖြင့် ကျွန်ုပ်၏စိတ်တို့သည် တခြားအချိန်တွင် မသိ၍ဖြစ်စေထမ်းမိထားသော လောဘ၊ဒေါသ၊မောဟ၊ အတ္တ စတဲ့ပူလောင်မှုဝန်ထုပ်ဝန်ပိုးတို့အား မြတ်ဘုရားရှေ့မှောက် ဆွမ်းကပ်ပူဇော်သည့်အချိန်တွင် ကျွန်ုပ်အဖို့တော့ တဒင်္ဂအေးချမ်းမှုကိုခံစားရပြီး တရားရှုမှတ်သည့်အချိန်တွင်လည်း ဝင်လေထွက်လေ မှတ်နိုင်တဲ့အဆင့်လေးပဲ ရှိသည့်တိုင် စိတ်တည်ငြိမ်မှုနှင့် မမြဲသောတရားတို့ကို ကျွန်ုပ်၏ ဉာဏ်ရည်သေးသေးလေးဖြင့် ရှုမှတ်သိမြင်ကာ စိတ်၏အေးချမ်းတည်ငြိမ်မှုကို ရရှိခံစားရလေသည်။
ကျွန်ုပ်သည် နေ့စဉ်မနက်တိုင်း အိပ်ရာထ ရေချိုးသန့်စင်ပြီးလျှင် ထိုသို့သောဘာသာတရားကိစ္စရပ်များပြုလုပ်၍ ပြီးစီးမှ မနက်စာစား ရုံးသို့သွားလေ့ရှိသည်။
ကျွန်ုပ်ရဲ့နေ့စဉ်လုပ်နေကြအလုပ်တွေထဲက စိတ်စွမ်းအင်ပြန်လည်ဖြည့်တင်းတဲ့ အလုပ်တစ်ခုဆိုလဲမမှားပါဘူး။
တခါတလေ အရေးကိစ္စတစုံတရာရှိလို့ ထို ဘာသာတရားကိစ္စများမလုပ်မိသည့်နေ့ဆိုလျှင် ကျွန်ုပ်အတွက် တစ်ခုခုလိုအပ်နေသလိုပင်ဖြစ်နေလေ့ရှိသည်။
ဘုရားဆွမ်းကပ် သောက်တော်ရေ သုံးတော်ရေများကပ်လှူရာတွင်လည်း သက်ရှိဘုရားအား ဆွမ်းကပ်သည်ဟု စိတ်တွင်ထင်မှတ်ကာ ကပ်လှူရသည့်အတွက် အင်မတန်စိတ်တွင် ကြည်နူးပီတိဖြစ်ရပါသည်။ အကျိူးမျှော်၍ ညောင်ရေလောင်းသည့် ကုသိုလ်တော့ ကျွန်ုပ်သည် ဆရာတော်ဘုရားကြီးများ၏ တရားတော်များကြားနာပြီးသည့်အချိန်မှစ၍ မလုပ်တော့ပါ။
တရားရှုမှတ်သည့်အချိန်တွင်လည်း ကျွန်ုပ်၏စိတ်လေးသည် အစပိုင်းကာလများတွင် ဟိုတွေးဒီတွေးဖြစ်သော်လည်း နောက်ပိုင်းတွင်တည်ငြိမ်မှုရလာကာ ဝင်လေထွက်လေပေါ်မှာပဲ သတိကပ်တည်ငြိမ်မှုရရှိလေသည်။
ထိုသို့လုပ်ဆောင်ပြီးလျှင် ကျွန်ုပ်၏စိတ်သည် လန်းဆန်းတည်ငြိမ်ကာ တနေ့တာအဖို့ သည်းခံနိုင်စွမ်း၊ အကောင်းမြင်နိုင်စွမ်း၊လောကသဘာဝ မမြဲခြင်းသဘောတရားကိုလက်ခံနိုင်စွမ်းများတိုးတက်လာမှုရှိလာပါသည်။
ထို ဘာသာတရားကိစ္စလေးတွေလုပ်တဲ့ နာရီဝက်လေးဆယ့်ငါးမိနစ်တာအချိန်လေး ဆိုပေမယ့် ကျွန်ုပ်အဖို့ စိတ်အကြည်နူးဆုံး၊အအေးချမ်းဆုံးအချိန်တစ်ခုပင်ဖြစ်လေတော့သည်။
Keep Reading