တစ်စက်(ရန်ကုန်)
#AngerManagement
ဒေါသကိုစီမံခန့်ခွဲခြင်း
အပိုင်း(၄)ဇာတ်သိမ်းပိုင်း
ဒေါသကို ထိန်းချုပ်နိုင်ရန်အတွက် လုပ်ဆောင်ရန်များ…
ပထမအဆင့်
၁။ စိတ်ထဲမှ နံပါတ်စဉ်ရေတွက်ရန်။
၂။ အသက်ကို ပြင်းပြင်းရှူသွင်း၊ ရှူထုတ်လုပ်ရန်။
၃။ Self Talk (I can Handle it) (ဒေါသကို ငါကိုင်တွယ်နိုင်တယ်) လို့ မှန်ရှေ့တွင် ပြောဆိုရန်။
ဒီအဆင့်တွေမှာ ဒေါသဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကို သိလိုက်တာနဲ့ အရင်ဆုံး စိတ်ထဲကနေ နံပါတ်စဉ်ရေတွက်တာ ကို လုပ်ပေးရမယ်။ ကိုယ့်ရဲ့စိတ်ကို အဲဒီရေတွက်နေတဲ့ စိတ်ပေါ်မှာပဲ ထားပြီး ဖြစ်လာတဲ့ Tension တွေကို လျှော့ချပစ်တာ။ ရေတွက်နေရင်းနဲ့ ကိုယ့်ရဲ့စိတ်က တစ်ဖြည်းဖြည်း ငြိမ်သက်မှုရလာပြီဆိုရင် နောက်ထပ် အသက်ကို ခပ်ပြင်းပြင်း ရှုသွင်း၊ ရှုထုတ်တာမျိုးကို အကြိမ်ရေခပ်များများလေး လုပ်ပေးရမယ်။ ဒီလိုလုပ်ပေးခြင်းဟာ သွေးလည်ပတ်မှုကို ပုံမှန်ပြန်ဖြစ်လာ စေတယ်။
ဒေါသရဲ့ ဆိုးကျိုးကို နားလည်နေတဲ့သူတစ်ယောက်ဟာ ဒေါသဖြစ်လာပြီဆိုရင် ချက်ခြင်းထုတ်ဖော်တာမျိုး မဖြစ်စေဖို့ တကယ်ကို ထိန်းချင်ပါတယ်ဆိုရင်တော့ ဒီနှစ်ချက်လောက် လုပ်လိုက်ရင်ကို ဒေါသက ငြိမ်သွားလောက်တယ်။ အဲလောက်နဲ့ မငြိမ်သေးဘူးလား။ ဒါဆိုရင် နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာနည်းလမ်းတစ်ခုဖြစ်တဲ့ Affirmation လို့ခေါ်တဲ့ Self Talk လုပ်ပေးလို့ရတယ်။ Self Talk ဟာ စိတ်ပညာမှာ တကယ်ကို ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Self Talk နဲ့ ရောဂါ တွေ ကောင်းလာတာမျိုးရှိတယ်။ Self Talk နဲ့ အရက်ဖြတ်တာ၊ ဆေးလိပ်ဖြတ်တာမျိုးတွေ လုပ်နိုင်တယ်။ လူတွေရဲ့ ဘ၀ မှာ နေ့စဉ် Self Talk ကိုသာ ပုံမှန်လုပ်ပေးနိုင်ရင် ကောင်းမွန်တဲ့ဘ၀တစ်ခုကို တကယ် ပိုင်ဆိုင်နိုင်စွမ်းရှိပါတယ်နော်။ သူက Negative တော့ ပြောလို့မရဘူး။ ကိုယ်လုံးတစ်ဝက်လောက် မြင်ရတဲ့ မှန်တစ်ချပ်ရှေ့မှာ သေချာ ဝတ်စားဆင်ယင်ပြီး ပြော ရတာ။ ကိုယ့်ကိုယ်ကို မှန်ထဲမှာ ပြန်ကြည့်ပြီး အပြုသဘောဆောင်တဲ့ စကားလုံးတွေသုံးပြီး ပြောရတယ်။ အဝတ်အစား ကပိုကယိုနဲ့ပြောတာမျိုး၊ အင်္ကျီချွတ်နဲ့ ပြောတာမျိုး မထိရောက်ဘူးနော်။
ငါဟာ ဒေါသကို ထိန်းချုပ်နိုင်တဲ့သူဖြစ်တယ်။
ငါဟာ စိတ်ပိုင်းဆိုင်ရာ အားကောင်းပြီး သည်းခံနိုင်စွမ်း မြင့်မားသူဖြစ်တယ်။
ဒီလိုမျိုးလေး ပြောပေး။ အဲဒါဆိုရင်လည်း ဒေါသဖြစ်စရာ ကြုံလာတဲ့အချိန်မှာ သူက ထိန်းပေးတတ်တယ်။ သဘောက ကိုယ့်ရဲ့ မသိစိတ်ထဲကို Positive စကားလုံး တွေ ထည့်ပေးနေတာ။ Smart ကျကျ ဝတ်စားဆင်ယင်ထားတဲ့ ကိုယ့်ရဲ့ ရုပ်ရည်ကို ကြည့်ပြီး အမြင်အာရုံကတဆင့် ကောင်းမွန်တဲ့ Information ကို မသိစိတ်ကို ပို့တာ။ အပြုသဘောဆောင်တဲ့ စကားလုံးတွေနဲ့ အကြားအာရုံကတဆင့် မသိစိတ်ကို ပို့တာ။ အာရုံငါးပါးဟာ မသိစိတ်ထဲကို ဝင်ရာတံခါးပေါက်တွေပဲ ဖြစ်ပါတယ်။ အဲဒီတံခါးပေါက်တွေထဲမှာ ဒီ အမြင်နဲ့ အကြား ဆိုတဲ့အာရုံနှစ်ခုဟာ အထိရောက်ဆုံးနဲ့ အမြန်ဆုံးဝင်စေတဲ့ တံခါးပေါက်တွေပါ။
ဒါတွေကတော့ ပထမအဆင့်အနေနဲ့ လုပ်ရမယ့်အချက်တွေပါ။
-----
ဒုတိယအဆင့်
၄။ မိမိကိုယ်ကို (ငြိမ်သက်အေးချမ်းနေတဲ့ နေရာတစ်ခုမှာ ရောက်နေတယ်လို့)စိတ်ကူးပုံဖော်ရန်။
၅။ စာရွက်မှာချရေးခြင်း။ (ငါဘာဖြစ်နေတာလဲ။ ဘယ်အရာက ဒေါသဖြစ်စေတာလဲ)
၆။ တစ်ခြားတစ်ဦးကို ရင်ဖွင့်ပြောဆိုခြင်း။
ပထမအဆင့်အချက်တွေနဲ့ ဒေါသကို မထိန်းနိုင်သူတွေဟာ ဒီအဆင့်တွေကို ဆက်လုပ်ရမယ်။ အရင်ဆုံး ကိုယ်ဟာ အေးချမ်းတည်ငြိမ်တဲ့ နေရာတစ်ခုကို ရောက်နေပြီလို့ သဘောထားပြီး စိတ်ကူးနဲ့ ပုံဖော်ကြည့်တာ။ အဲဒီလို စိတ်ကူးနဲ့ ပုံဖော် ကြည့်ပြီးရင် စာရွက်တစ်ရွက်မှာ ကိုယ် ဒေါသဖြစ်နေရတဲ့ အခြေအနေ၊ အကြောင်းရင်းတွေချရေးရမယ်။ အခုငါ ဘာဖြစ်နေတာလဲ၊ ဒေါသဖြစ်နေတယ်။ ဘာ့ကြောင့် ဒေါသဖြစ်တာလဲ။ ဘယ်သူ့ကြောင့်ဒေါသဖြစ်တာလဲ။ ဘယ်လိုကြောင့် ဒေါသဖြစ်လာရတာလဲ။ စသည်ဖြင့် စဉ်းစားပြီး ပြည့်ပြည့်စုံစုံ ချရေးလိုက်ပါ။ အဲဒါပြီးရင် ကိုယ့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးဦးကို အဲဒီအချက်တွေကို ပြောပြပြီး ရင်ဖွင့်စကားပြောလိုက်ပါ။
-----
ဒုတိယအဆင့်က အချက်တွေကို လုပ်ပြီးတာတောင် ဒေါသက မငြိမ်သက်နိုင်သေးဘူးလား။ ဒါဆို တော်တော် Level မြင့်တဲ့ သဘောပေါ့။ အဲဒါဆိုရင် နောက်ထပ် တတိယအဆင့်ကို ဆက်လုပ်ဖို့ လိုပါမယ်။
တတိယအဆင့်
၇။ ကာယလှုပ်ရှားမှုတစ်ခုခုကို လုပ်ဆောင်ခြင်း။(ပင်ပန်းမှုကြောင့် ချွေးထွက်လာလျင် ဒေါသလျော့ကျလာစေ)
၈။ ပြဿနာကို ပြန်စဉ်းစားရန်(တစ်ချို့သည် ပြောင်းလဲလို့မရတာကို တွေ့ရနိုင်၊ ယင်းကို လက်ခံရန်)
၉။ ဒေါသဖြစ်စေတဲ့သူကို တိုက်ရိုက်ပြန်လည်စကားပြောဆိုခြင်း။
တတိယအဆင့်အနေနဲ့
Unlock to read this premium article with 10 points.