Hnin
အချိန်ပြည့်အားနေတဲ့လူတစ်ယောက်က အချိန်တွေဟာ ကြာရှည်လှပါလားလို့ ထင်ကြတယ်။
အချိန်ပြည့်အလုပ်လုပ်နေရတဲ့လူတစ်ယောက်က အချိန်တွေကလည်း ဘာလို့အဲလောက်နည်းရတာလဲလို့ထင်ကြတယ်။..တကယ်တွေးကြည့်ရင်တော့ လူတိုင်းက ၂၄ နာရီအတူတူပါဘဲ။ ဘယ်သူကမှ ၂၄နာရီထက် ပိုရနေတဲ့သူမရှိပါဘူး။အဲဒိ ၂၄နာရီကို ဘယ်လိုအသုံးချတာလဲဆိုတဲ့ အပေါ်မှာဘဲ မူတည်သွားတာပါ။
မနေ့က သတင်းတွေဖတ်လိုက်ရတယ်။ ဖြစ်မှာလားဆိုလည်း...မဟုတ်ပါဘူး။မဖြစ်ဖူးလားဆိုလည်း...မဟုတ်ပြန်ပြန်ဘူး။ အတိအကျမသိတဲ့အရာပေါ့။ အခုက ကမ္ဘာ့နေရာအသီးသီးမှာ စစ်ပွဲတွေ မြင်နေရတယ်။ တစ်ချို့ကလည်းပြောကြတယ် တတိယကမ္ဘာစစ်ဖြစ်မလား... အဲလို အမျိုးမျိုးပေါ့။ Facebookပေါ်မှာလည်း ငါတို့တွေဘာလုပ်ကြမလဲပေါ့... စိတ်ပူနေကြတယ်၊ အဲဒါလည်း ကျွန်မတို့လူသားတွေ အနေနှင့် တွေးရမယ်၊ပူရမယ်..အဲဒါ ဖြစ်သင့်တဲ့ကိစ္စပါဘဲ။ ဒါပေမဲ့ အစကပြောခဲ့သလိုပေါ့...ဖြစ်တော့မှာလား...မဖြစ်သေးဘူးလားဆိုတာတွေကလည်း အတိအကျမသိနိုင်တဲ့ ကိစ္စတွေပေါ့။ကျွန်မကိုယ်တိုင်လည်း မနေ့ကရော၊ညကရော၊ဒီမနက်အထိပါ အတွေးပေါင်းစုံနှင့်ပါ။ကိုယ်ရည်ရွယ်ထားတဲ့ နိုင်ငံတစ်နိုင်ငံကလည်း စစ်နှင့်ပတ်သတ်ပြီး အစိုးရက ဂရုစိုက်နေဖို့ စာထုတ်ထားတော့ ပိုပြီး စိတ်ပူရပြန်တာပေါ့။
ဒါပေမဲ့လေ ပြန်ပြီးတွေးကြည့်လိုက်တော့လည်း ''သတ္တဝါတစ်ခု ကံတစ်ခု''ဆိုပြီး အဲလိုတွေးမိပြီး ဘာဘဲဖြစ်ဖြစ် ဆက်လျှောက်လှမ်းရမှာဘဲဆိုပြီးတွေးမိတယ်။ ဒါပေမဲ့လည်း မိသားစုနှင့် အတူနေရပါအုန်းမလားဆိုပြီးတော့လည်း တွေးမိပြီး ဝမ်းနည်းမိပြန်တယ်။ မိသားစုဆီ ပြန်မယ်ဆိုရင်လည်း ကိုယ်က အကြီးဆုံးဖြစ်နေတော့ ကိုယ့်အောက်က အငယ်ကို ကိုယ်ထောက်ပံရအုန်းမှာပါလားဆိုတဲ့ စိတ်နှင့် သွားလို့မဖြစ်ပြန်ဘူး။ဘယ်လိုတွေဘဲ ဖြစ်လာဖြစ်လာ ဆက်လျှောက်ရမယ်၊ ဆက်ပြီး လုပ်ကိုင်နေရအုန်းမယ်။ အဲဒါကြောင့်လေ ကျွန်မလိုအတွေးမျိုးတွေးနေမိတဲ့သူများရှိရင် ဘာမှအားမငယ်ပါနှင့် ''အခု တွေးနေတဲ့သူဟာ ကိုယ်တစ်ယောက်ထဲ မဟုတ်ပါဘူးဆိုတာ သိထားစေချင်တာပါ''။
သတ္တဝါတစ်ခု ကံတစ်ခု လို့ပြောတဲ့နေရာမှာလဲ တစ်ချို့လူတွေ မေးလို့ရပါတယ်။ဒါဆို မိသားစုတွေရော၊ ဘယ်လိုလုပ်မှာလဲပေါ့၊ နင်က အဲလိုအတွေးမျိုးတွေးနိုင်ပေမဲ့ မိသားစုကျ အဲလိုအတွေးမျိုး မတွေးရင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒါလည်းမှန်ပါတယ်။အဲဒါကကျတော့ လူတစ်ယောက်မှာ အတွေးကိုယ်စီ၊ တာဝန်ကိုယ်စီတွေနှင်ဆိုတော့ ခံယူထားကြတဲ့ ခံယူချက်တွေလည်း ကွာခြားသွားနိုင်ပါတယ်။..
ကျွန်မရဲ့ ခေါင်းစဥ်စကားလေးကို ပြန်ယူပြီးပြောရရင် ကျွန်မတို့ရဲ့အသက်ရှင်ရမဲ့အချိန်တွေဟာ တစ်နှစ်လား၊ဆယ်နှစ်လား၊ အနှစ် ၅၀ လား၊ဒါမှမဟုတ် လပိုင်းဘဲလား သေချာမသိနိုင်တော့ပါဘူး။ အဲဒါကြောင့်မို့ အခုလုပ်လို့ရတဲ့အလုပ်တွေကို နောက်မှဆိုတာမျိုး မလုပ်ကြပါနှင့်တော့။အချိန်တစ်ခုယူပြီး လုပ်ရမဲ့ ကိစ္စတွေဆိုရင်လည်း အချိန်မဆွဲဘဲ ပြီးအောင် လုပ်ကြပါ။ပြီးတော့ ဘာသာရေး ကိုလည်း အရင်ကထက် အချိန်ပိုပေးပြီး လုပ်ကြပါ။ဘာသာရေးဆိုတာ ဗုဒ္ဓဘာသာရယ်မဟုတ်ပါဘူး၊ ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာကို ယုံယုံကြည်ကြည်နှင့်လုပ်ဆောင်ကြပါ။ အခုချိန်မှာ ငါ၊ ငါ့သားသမီး၊ငါ့မိသားစုအဆင်ပြေဖို့ အတွက်ဘဲ မကြည့်ဘဲ၊ ဘက်မျှအောင်တွေးကြည့်ပေးကြပါ။ သူများတွေကို မနာလိုဖြစ်နေဖို့ အချိန်မရှိပါဘူး၊ သူများတွေအောင်မြင်နေတာ ငါလည်း အောင်မြင်အောင်လုပ်ရမယ်ဆိုတဲ့ အတွေးလေးဘဲ ထားပါ။ Facebook သုံးပြီး သူများBlameတိုင်း လိုက်ပြီး Blame မနေကြပါနှင့်
သူဖြစ်ရင် သူကိုယ်တိုင်ခံရပါလိမ့်မယ်။
သူလုပ်ရင် သူကိုယ်တိုင်စံရပါလိမ့်မယ်။
ကျွန်မကိုယ်တိုင်ရော၊ စာဖတ်သူတွေရောပါ..အတူတူအချိန်ကို အကျိုးရှိအောင် အသုံးပြုကြရအောင်လို့ တိုက်တွန်းရင်း...
စေတနာဖြင့်..
Hnin (21.11.24)(10.10AM)(Tueday)
Keep Reading