Khant Kyal Yaung
ဟူး စိတ်ညစ်လိုက်တာ
Assignment တွေလည်းမပြီးသေးဘူး၊
Presentation လုပ်ဖို့ကော
ပြင်ရအုန်းမယ်။
deadline ကလည်း ကပ်နေပြီ။
ဘာမှ သေချာမပြီးသေးဘူး
ပျောက်ကွယ်သွားလိုက်ချင်တော့တယ်ဟူး။
အား နှုတ်ခမ်းနားက ပူပြီး စပ်ဖြင်းဖြင်းနဲ့ပါလား။
ဟာ သေပြီ
အပူကန်ပြန်ပြီထင်တယ်။
ရေမချိုးဖြစ်တာလည်း
တစ်ပတ်လောက်ရှိပြီ။
နာလိုက်တာ ကျွတ်
ဟာ ခံတွင်းမှာ အပူဖု ပေါက်
နေပြန်တာပဲ။
( ဒီ Articleလေးကတော့
သူငယ်ချင်းလေးတွေအတွက် ကျန်းမာရေး နဲ့ပတ်သက်တဲ့ tips လေးတွေကို မှတ်သားမိသလောက်မျှဝေထားတာလေးပါ။)
အထူးသဖြင့်
ဆယ်ကျော်သက်တွေနဲ့
လူငယ်တွေမှာ ဖြစ်လေ့ရှိကြတဲ့
canker sore လို့ခေါ်တဲ့ အပူနာပေါက်တာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာပါ။
တစ်နည်းအားဖြင့် stress ulcers လို့လည်းခေါ်တယ်ပေါ့နော်။
သူ့ရဲ့ ပုံစံက အဖြူ (ဒါမှမဟုတ်)
ဝါကျင့်ကျင့် အရောင်ရှိပြီး အနားသားက နီရဲနေတတ်ပါတယ်။ အနာပုံစံကတော့ အပေါ်ယံပဲဖြစ်တာမို့ အထဲထိလှိုက်စားနေတာမျိုးမဟုတ်ဘဲ
ခပ်သိမ်သိမ်ပုံစဲမျိုးလေးပေါ့။
1 မီလီမီတာ အရွယ်အစားကနေ
ဆ လက်မဝက်လောက်ထိဖြစ်နိုင်ပါတယ် ။ တစ်ခါတလေ မှာတော့
တစ်လက်မလောက်နီးနီးထိကြီးတာတွေလည်း ရှိတယ်။
အပေါက်များတဲ့နေရာတွေကတော့ လျှာ၊ ပါးစောင်၊ အာခေါင်နဲ့ နှုတ်ခမ်းအတွင်းသားတွေမှာ
ပိုပြီးဖြစ်လေ့ရှိတယ်။
နောက်ပြီး သူက ဖြစ်တဲ့ပုံစံက
simple နဲ့ complex ဆိုပြီးလည်း
(၂)မျိုးရှိတယ်။
simple က တစ်နှစ်ကို
(၄)ကြိမ် (၅) ကြိမ်လောက်ဖြစ်လေ့ဖြစ်ထရှိတယ်။
complex sore ကတော့
immune system ကိုယ်ခံအားစနစ်ကျဆင်းတာနဲ့
အာဟာရချို့တဲ့တာကြောင့်
ဖြစ်ရတာများပါတယ်။
သွားညှိတဲ့ brace တွေတပ်ဆင်ထားရင်လည်း brace နဲ့ထိမိတာကြောင့်ဖြစ်နိုင်ပါတယ်။
လူကြီး တွေမှာဆို အံဝင်ခွင်ကျ မဖြစ်တဲ့ အံကပ်တွေကြောင့်
လည်း အပူဖုလေးတွေပေါက်နိုင်ပါတယ်။
ဆယ်ကျော်သက်တွေမှာဆို
ဟော်မုန်းပြောင်းလဲမှုကြောင့်
ဖြစ်ရတာ ပိုများပါတယ်။
ဖြစ်ရတဲ့ အကြောင်းအရင်းအနေနဲ့က သေချာတိကျတာမျိုးမရှိသေးပေမယ့်
သံဓာတ်လျော့နည်းမှု၊
မျိုးရိုးဗီဇအရကော
သွားတိုက်ရင်းနဲ့ သွားနဲ့ ကိုက်မိတဲ့ အခါမျိုးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
အာဟာရချို့တဲ့ပြီး ကိုယ်ခံအားနည်းတဲ့ အခါတွေ၊
အချဥ်အစပ်တွေအများကြီးစားမိတာ၊
NSAID အကိုင်အခဲပျောက်ဆေးတွေအသောက်များတာကလည်း
အကြောင်းအရင်းတစ်ခုပါပဲ။
ကုသနိုင်မယ့်နည်း အတိအကျမျိုးမရှိပေမယ့်
hydrogen peroxide ပါတဲ့
mouthwash နဲ့ ပလုပ်ကျင်းပေးတာ၊
vitamin B12 နဲ့ cevit သောက်သုံးတာ မျိုးတွေကလည်း
အဆင်ပြေပြီးသက်သာစေနိုင်ပါတယ်။
လိမ်းဆေးအနေနဲ့က
Quadrajel နဲ့ syndent dental gel လိုမျိုးတွေလိမ်းပေးလို့ရနိုင်ပေ
မယ့် ကျွမ်းကျင်တဲ့ သူတွေဆီ
သေချာလေး မေးပြီးမှ လိမ်းဖို့အကြံပေးပါတယ်။
generlog oral လိုမျိုး ဝယ်ရလွယ်ပြီး စျေးသက်သာတာမျိုး ကလည်း အသုံးပြုလို့ရနိုင်ပေမယ့်
အများကြီး မသုံးဖို့တော့ သတိပေးလိုက်ပါတယ်နော်။
သူက steroid ပါလို့ ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။
ကုသလို့ရမယ့် အရိုးရှင်းဆုံးနဲ့
အလွယ်ကူဆုံးကတော့
ဆားရည်နဲ့ အာလုတ်ကျင်း တာပါပဲ။
ဒီလို ရောဂါမျိုးက သဘာဝအားဖြင့် (၄) ရက် (၅) ရက် လောက်နေရင် ပျောက်သွားလေ့ရှိတတ်ပါတယ်။
ဒါမဲ့ နှစ်ပတ်လောက်ကြာတဲ့အထိမပျောက်သေးရင်တော့
ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာ
ဆရာဝန်တွေဆီမှာ ကုသမှုခံယူသင့်ပါတယ်။
stress အများကြီး အပိမခံဘဲ
စိတ်ကို တည်ငြိမ်အောင်
meditation လုပ်တာနဲ့
စိတ်ရှုပ်တဲ့ အခါတွေမှာ
ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေနားထောင်တာကလည်း
စိတ်ကိုသက်သာရာရစေပါတယ်။
အပူကန်တဲ့အဖုလေးတွေဖြစ်ရင်တော်တော်ကို စိတ်မသက်မသာဖြစ်ရတယ်။ ကိုယ်စားချင်တာတွေလည်းစားမရတာကြောင့်
spicy တွေ acid ပါတဲ့ အစားအသောက်တွေ ကို
လျော့ပြီးစားပေးကြနော်။
နောက်ပြီး screentime လည်းလျော့သုံးဖို့မမေ့နဲ့နော်။
အခုတော့ deadline များနှင့်ကခုန်လိုက်ပါအုန်းမယ်။
Keep Reading