Purple
အစားအသောက်တွေ မဖျက်ဆီးနဲ့။
ကုန်အောင်စားကြ။
အခု မင်းတို့စားနေရတဲ့အစားအစာတွေက အချို့နေရာ(စစ်ရှောင်ဒေသ၊ မိုးခေါင်ရေရှားလွန်းသောဒေသ)တွေမှာ စားချင်လို့တောင် စားရတာ မဟုတ်ဘူး။
ကုန်အောင်စား။ လွှတ်ပစ်ရင် ငရဲကြီးမယ် တဲ့။
အဲ့သလို ဆုံးမစကားတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကိုယ်တို့တွေဟာ အစားအသောက်ကျန်ရင် ငရဲကြီးမယ်ဆိုတဲ့အသိနဲ့ ချန်မထားရဲဘူး။
ဆီရွှဲနေလည်း ကုန်အောင်စားတယ်။
သကြားများနေလည်း ကုန်အောင်စားတယ်။
ဒီတော့ လူကြီးတွေစကား နားထောင်ပြီး ဘာတွေဖြစ်လာသလဲဆိုတော့ အဝလွန်ရောဂါ၊နှလုံးမှာအဆီများတာ စသဖြင့် ရောဂါတွေ တိုးလာတာပေါ့။
တကယ့်တကယ် ပြောချင်တာကတော့ သူတို့ပြောတဲ့ ကုန်အောင်စားဆိုတာက အလဟဿမကုန်ဆုံးစေဖို့လို့ ကိုယ်တော့ထင်တယ်။(အရင်က ကိုယ်တွေ သေချာနားမလည်ခဲ့မိတာ ဖြစ်မယ်။)
ဘယ်လိုလဲဆိုတော့ ပထမတစ်ခါ ထမင်းဟင်း ချက်လိုက်တယ်၊ စားနိုင်တာထက် ပိုများပြီး ပိုနေတယ်။
ဒီတော့ စွန့်ပစ်ရတယ်။
အဲ့ဒီမှာ အစားအသောက်ပစ်ရင် ငရဲကြီးတယ်က စတော့တာပဲ။
တကယ်ဆို လွှင့်မပစ်ရအောင် ပထမတစ်ခါကို သင်ခန်းစာယူပြီး လိုတိုး၊ပိုလျှော့ ချက်ပြုတ်လိုက်ရင် အဆင်ပြေတယ် ဟုတ်လား။
ချက်ပြီးသား ဟင်းတွေက အချိန်အကြာကြီး မခံပေမဲ့
မချက်ပြုတ်ရသေးတဲ့ ဟင်းသီးဟင်းရွက်ကတော့ အချိန်ရက်ပိုင်း ထားလို့ရတာ များတယ်မဟုတ်လား။
သူတို့ပြောတဲ့ ကုန်အောင်စားဆိုတာက အခုလာတဲ့ အလေအလွင့်မရှိအောင် ချက်ပြုတ်စားတာကို ပြောတယ်လို့ ကိုယ်ယူဆတယ်။
ဒီလိုသာ တိုင်းတာပြီး ချက်ပြုတ်လိုက်မယ်ဆိုရင်
ဗိုက်ပြည့်နေပေမဲ့ နှမြောလို့ ကုန်အောင်စားရတဲ့ အဖြစ်မျိုး မဖြစ်တော့တဲ့အတွက် ရောဂါကို ကာကွယ်ထားရာလည်း ရောက်မယ်။
နောက်တစ်ကြိမ်ထပ်ချက်လို့ရတဲ့အတွက် စီးပွားရေးလည်း ချွေတာရာ ရောက်မယ်လို့ ကျမတော့ထင်တယ်။
အပိုချက်ပြီး ဘေး အိမ်နီးချင်းတွေကို အမြဲတမ်း လှူပေးနေနိုင်တဲ့သူဆိုရင်တော့ တစ်မျိုးပေါ့လေနော်။
(လွတ်လပ်စွာ သဘောထား ကွဲလွဲပိုင်ခွင့်ရှိသည်။)
ခရမ်းရောင်
Keep Reading