Author's Profile Photo

မြူ

23/04/2025

လွှတ်ချချင်မိတယ်

1 min read
Book Review
Poetry
18 Again

တိတ်တဆိတ် ငြိမ်းချမ်းစွာ

နှလုံးသားနဲ့ စကားတွေပြောချင်တယ်။

ဘယ်သူမှနားမလည်တဲ့ လမ်းခရီးမှာ

ကိုယ်တစ်ဦးတည်းပဲ လှည့်လည်နေတယ်။



ကိုယ်မဟုတ်တဲ့ ကိုယ်ပုံစံတွေထဲမှာ

ရှုပ်ထွေးတဲ့အတွေးတွေ စီရီလို့နေတယ်။

ဖိအားတွေကြားမှာ အသက်ဝင်ခက်တဲ့အထိ

မျက်ရည်တွေဟာ တစစီ။ 



လွှတ်ချချင်မိတယ်…

စိတ်ထဲက အမှောင်တွေ

ဖိစီးမှုရဲ့ အသံတွေ

မှတ်မိနေတဲ့နာကျင်မှုတိုင်းကိုပါ။



လွှတ်ချချင်မိတယ်…

မျှော်လင့်ခဲ့တာတွေအကုန်လုံးကို

မျက်ရည်နဲ့အတူ ပြန်မသိချင်တော့ဘူး။



လွှတ်ချချင်မိတယ်…

ကိုယ့်ကိုယ်ကိုယ် လွှတ်ချမိချင်တယ်…။ 



-မြူ

Keep Reading

အဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာပီကင်းအရှေ့ကနေဝန်းထွက်သည့်ပမာတောင်ပံမဲ့သင်းကွဲတေးဆိုငှက်တက်ဘုန်းကြီးပင်လယ်ဝံပုလွေအဆိပ်-ထင်လင်းအဝတ်အစားချွတ်ပြီးမှစာရေးသူကက်ဖကာ၏လက်တွေ့ဘဝ