Maru

"သား မင်းတကယ်ကြိုးစားရဲ့လား"
"ဟုတ်ကဲ့အမေ"
"တကယ်သေသေချာချာကြိုးစားတာအမှန်နော်"
"ဟုတ်ပါတယ်"
"ဒါဆိုမပူနဲ့သား မင်းတကယ်ကြိုးစားနေတာမှန်ရင် မအောင်မြင်စရာမရှိဘူး အောင်မြင်လိမ့်မယ် မကြိုးစားတော့ဘူးဆိုမှသာ တကယ်ရှုံးသွားတာ"
ဒီစာစုလေးက ဆရာဖေမြင့်ရဲ့
✨မဖြစ်နိုင်ဘူးဆိုတာသေချာပြီလား✨ စာအုပ်ထဲကဖြစ်ပါတယ်။ဒီစာအုပ်လေးက ကျွန်မလက်ရှိဖတ်နေဆဲ စာအုပ်လေးပါ။ဒီစာအုပ်လေးရဲ့ ပထမဆုံးမှာဆိုရင် ဂျွန်ဟာရိုးလ်ဂျွန်ဆင်အကြောင်း ကိုပြောပြထားပါတယ်။
ဂျွန်ဟာရိုးလ်ဂျွန်ဆင်က လူမည်းဆင်းရဲသားလေးဘဝကနေ အမေရိကန်ပုံနှိပ်ထုတ်ဝေရေးလောကရဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ဦးဘဝကိုရောက်ရှိခဲ့သူဖြစ်ပါတယ်။
သူရဲ့မိသားစုဟာဆင်းရဲပါတယ်။
?ဒီမှာအဓိကပြောပြချင်တာကတော့ သူရဲ့အမေအကြောင်းပါ?
သူရဲ့အမေဟာတကယ်ကိုလေးစားစရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပါ။နာမည်ကတော့ ဂါးထရုဂျင်ကင်းစ် ဖြစ်ပါတယ်။သူ(မ)မှာ သံမဏိလိုကြံခိုင်မာကျောတဲ့စိတ်ဓာတ်ရှိပါတယ်။ အမျိုးသားဖြစ်သူကစောစောစီးစီးဆုံးသွားတယ် တစ်နှစ်အကြာမှာနောက်အိမ်ထောင်ပြုတယ်။
သူ(မ)အမျိုးသားနဲ့ သားဖြစ်သူနဲ့မတည့်တာတွေမရှိဘူး။
သူတို့မြို့မှာ နီဂရိုးလူငယ်တွေအတွက်အထက်တန်းကျောင်းမရှိဘူး။ဒါကလည်းသူတို့ခေတ်က လူဖြူ လူမည်းခွဲခြားမှုတွေပါ။ အခုခေတ်မှာတော့ အဲလိုခွဲခြားမှုတွေမရှိတော့ပါဘူး။ ဂျွန်ဟာရိုးလ်ဂျွန်ဆင်က အသက် (၁၃)နှစ်မှာ ရှစ်တန်းတက်ပါတယ်။ အဲ့ဒီအချိန်မှာ ဂျွန်ဟာရိုးလ်ဂျွန်ဆင်က သူ့ကိုယ်သူ အခြားသူတွေလိုမျိုး ဒါက ငါ့ဘဝတွက် နောက်ဆုံးအဆင့်ပါလား...နိမ့်ပါးနုံချာတဲ့ဘဝမှာ ရပ်တည်ကျင်လည်ရတော့မှာပါလား...ဆိုပြီးတွေးပြီးပူပန်နေခဲ့ပါတယ်။
ဒါပေမယ့် သူမှားသွားပါတယ်။အမေဖြစ်သူ ဂါးထရုဂျင်ကင်းစ်က သူ့ကို ထိုက်ထိုက်တန်တန်ပညာသင်ကြားပေးပြီး အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်လာစေချင်တာပါ။ သူ(မ)ရဲ့ခံယူချက်က
✨ဘယ်သူမဆို ကိုယ်တကယ်လိုချင်တဲ့အရာကို တကယ်ကြိုးစားရင် ရကိုရလိမ့်မယ်✨
လို့ လုံးဝစိတ်ချယုံကြည်သူမျိုးဖြစ်ပါတယ်။သူ(မ)ဟာ သားဖြစ်သူကို ရှီကာဂိုမြို့မှာ ကျောင်းဆက်ထားနိုင်အောင်ကြိုးစားပါတယ်။ သားဖြစ်သူဂျွန်ဟာရိုးလ်ဂျွန်ဆင် ရှစ်တန်းသာပြီးသွားတယ် ရှီကာဂို ကိုသွားဖို့ ခရီးစရိတ်ကမပြည့်မီလာပါဘူး။သူ(မ)ဟာ သားဖြစ်သူကိုခေါ်လိုက်ပြီး "ရှီ
Unlock to read this premium article with 10 points.