Author's Profile Photo

WHY:ဘာကြောင့်လဲ

18/04/2024

လျှပ်စစ်သံလိုက်ရောင်စဉ်တန်း ဆိုတာဘာလဲ?

1 min read
Education
General Knowledge
လျှပ်စစ်သံလိုက်ရောင်စဉ်တန်း
ဆိုတာဘာလဲ?'s photo


••••••••••••••••••••••••••••••••••••••••••
လျှပ်စစ်သံလိုက်ရောင်စဉ်တန်း (Electromagnetic Spectrum)ဆိုတာ လျှပ်စစ်သံလိုက်စက်ကွင်းပြောင်းလဲခြင်း(Electromagnetic radiation)ကြောင့်ဖြစ်ပေါ်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic waves)တွေဘဲဖြစ်ပါတယ်။
?လျှပ်စစ်သံလိုက်စက်ကွင်းပြောင်းလဲခြင်း(Electromagnetic radiation)ကဘယ်လိုဖြစ်တာလဲ?
➡️ လျှပ်စစ်ဓာတ်ဆောင်အမှုန် (charged particles)တွေရဲ့ အလျင်(velocity)ပြောင်းလဲခြင်း‌ ကြောင့် ဖြစ်ပေါ်တယ်လို့ ယေဘုယျမှတ်သားနိုင်ပါတယ်။ဥပမာ-ကိန်းသေအလျင်(constan velocity)နဲ့ရွှေ့လျားနေတဲ့ အီလက်ထရွန် တစ်လုံးကို စွမ်းအင်တစ်ခုပေးပြီး အလျင်ကိုပြောင်းလဲလိုက်ပါက လျှပ်စစ်သံလိုက် စက်ကွင်း ပြောင်းခြင်းကြောင့် လျှပ်စစ်သံလိုက်လှိုင်းတွေ ဖြစ်ပေါ်လာပါတယ်။
ထွက်ပေါ်လာတဲ့လှိုင်းတွေကလည်း အီလက်ထရွန်ရှိနေတဲ့ အက်တမ်အမျိုးအစား၊ပေးလိုက်တဲ့ စွမ်းအင်(Energy) ပမာဏ ပေါ်မူတည်ပြီးအမျိုးမျိုးကွဲပြားပါတယ်။
လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ လှိုင်းအလျားပေါ်မူတည်ပြီး သူတို့ကိုအခုလိုခွဲခြားနိုင်ပါတယ်-
➡️ gamma rays
➡️X-rays
➡️ခရမ်းလွန်ရောင်ခြည်(UV)
➡️မြင်နိုင်သည့်ရောင်စဉ်(visible)
➡️နီအောက်ရောင်ခြည်
➡️မိုင်ခရိုဝေ့(microwave)
➡️ရေဒီယိုလှိုင်း
တွေဘဲဖြစ်ပါတယ်။
gamma raysက လှိုင်းအလျားအတိုဆုံးနဲ့ကြိမ်းနှုန်း(frequency)အမြင်းဆုံးဖြစ်ပါတယ်။ရေဒီယိုလှိုင်းတွေကတော့ လှိုင်းအလျားအရှည်ဆုံးနဲ့ ကြိမ်နှုန်းအနည်းဆုံးဖြစ်ပါတယ်။
E=hf အရ ကြိမ်းနှုန်မြင့်တဲ့ လှိုင်းတွေက စွမ်းအင်အများအပြားဖြင့် ကူးပြောင်းကြပါတယ်။အဲ့လို လှိုင်းတွေထုတ်လွှတ်ဖို့ အတွက်လည်းစွမ်းအင် အများအပြားလိုအပ်ပါတယ်။
လျှပ်စစ်သံလိုက်လှိုင်းတွေက တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းဖို့အတွက် ကြားခံမလိုအပ်ပါဘူး။
➡️ကျွန်တော်တို့မြင်နေရတာ အလင်း ရောင်ဟာလည်း လျှပ်စစ်သံလိုက်ရောင်းစဉ်တန်း ထဲမှာပါဝင်ပါတယ်။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?