Nicolette
ဆာရစ်ချက်ဖောက အမွေရတဲ့ ကာ့စတန်းဟောစံအိမ်ကြီးကို အလွန်သဘောကျသူဖြစ်ပါတယ်။
သူ့ရဲ့ပိုက်ဆံတွေကို စံအိမ်ကြီး ပြန်ပြင်ဖို့အတွက်ရက်ရက်ရောရောကို သုံးပါတယ်။
ရွာထဲက ဘုရားကျောင်းကိုလဲ ဒီထက်မက ခမ်းခမ်းနားနားဖြစ်အောင် အသစ်ဆောက်ပေးမယ်လို့ ဆာရစ်ချက်ဖောက ဆိုပါတယ်။
ဘုရားကျောင်းပြန်ဆောက်ဖို့ဆိုရင် ဘုရားကျောင်းဝန်းထဲမှာရှိတဲ့ သုသာန်ထဲက အုတ်ဂူအချို့ကိုရွေ့ပစ်ရမှာပါ။
ရွေ့ပစ်ရမယ့်အုတ်ဂူတွေထဲမှာ မစ္စမာတာဆိုးရဲ့ အုတ်ဂူလဲပါတယ်။ ဒီဇာတ်ကြောင်းကို စခဲ့တဲ့ စုန်းအဘွားအိုကြီးပေါ့။
အုတ်ဂူတွေရွေ့တဲ့နေ့မှာ ရွာထဲကလူတွေ သုသာန်ကို လာကြည့်ကြတာပေါ့။
မာတာဆိုးရဲ့ အုတ်ဂူကိုဖွင့်မယ့်အချိန်မှာ လူတိုင်းက စိတ်လှုပ်ရှားနေကြတယ်။
အခေါင်းကိုဖွင့်လိုက်တဲ့အခါမှာ သုသာန်ရွေ့ပေးတဲ့ အလုပ်သမားတွေရော ရွာသူရွာသားတွေပါ အလန့်တကြား ဖြစ်သွားရတယ်။
အခေါင်းထဲမှာ အလောင်း၊ အရိုး၊ ဖုန်မှုန့် ဘာဆို ဘာမှကို ရှိမနေဘူးလေ။
????????????????
ကာ့စတန်းဟောစံအိမ်ကြီးမှာ ပြောင်းပြီးနေထိုင်တဲ့ ဆာရစ်ချက်ဖောကလဲ ညဘက်ရောက်ရင် ကောင်းကောင်းအိပ်မပျော်ဘူး။
သူနေထိုင်ဖို့ ရွေးထားတဲ့ စံအိမ်ထဲက အခန်းကို စိတ်တိုင်းမကျဖြစ်နေတယ်။
အခန်းက အရမ်းလေဝင်လွန်းတယ်၊ လိုက်ကာတွေ အရမ်းလှုပ်လို့ ညဘက်ဆိုရင် အိပ်ဖို့ခက်။
နေထွက်တဲ့ဘက်ကို ပြတင်းပေါက်တွေ မျက်နှာမူထားတော့ နေရောင်ထိုးပြီး မနက်ဆိုလဲ အစောကြီးနိုးနိုးနေတယ်။
မနက်ခင်းတစ်ခုမှာတော့ ဂျိန်းဆိုတဲ့ အစေခံတစ်ယောက်ကို ဆာရစ်ချက်ဖောက အခန်းအသစ်လုပ်ပေးဖို့ အကူအညီတောင်းတယ်။
အခန်းပြောင်းကြမယ်။ သူနေဖို့ သင့်တော်မယ့်အခန်းကို စံအိမ်ထဲ အတူတူရှာကြမယ်ပေါ့။
နှစ်ယောက်သား စံအိမ်ထဲ လျှောက်ပတ်ကြီးရင်း အခန်းရှာကြတယ်။
ဂျိန်းက အဆင်ပြေလောက်မယ့်အခန်းတွေ ပြပေးပေမယ့် ဆာရစ်ချက်ဖောက တစ်ခန်းမှ မကြိုက်ဘူး။
အခန်းတွေ ပူလွန်းတယ်၊ အေးလွန်းတယ်၊ ဆူညံလွန်းတယ်၊ မျက်နှာမူထားတဲ့ အရပ်မျက်နှာတွေကို သဘောမကျဘူး စသည်ဖြင့် ဂျီးများနေတယ်။
နောက်ဆုံးတော့ နှစ် (40) လုံးမဖွင့်ဘဲထားတဲ့ သူ့အဘိုး အခန်းရှေ့ရောက်လာတော့တာပဲ။
အခန်းကို ဖွင့်မပြချင်လို့ အစေခံဂျိန်း တားပါသေးတယ်။
“သခင်ကြီး ဒီအခန်းက သခင်ကြီးရဲ့အဘိုး သေသွားတဲ့အခန်းပါ၊ ထူးဆန်းတာတွေ ဖြစ်သွားတဲ့ ကံမကောင်းတဲ့အခန်းပေါ့ ၊
အခန်းပြတင်းပေါက်နားမှာ စုန်းအဘွားကြီးတက်နေကျဆိုတဲ့ သစ်မာကြီးလဲရှိတယ်၊ အခန်းက မဖွင့်တာတော်တော်ကြာပါပြီ”
ဒါပေမယ့် ဆာရစ်ချက်ဖောက နားမထောင်ပါဘူး။ အခန်းသော့ဖွင့်ပြီး ဝင်သွားတယ်။
“အခန်းက ပုံမှန်ပါပဲ ဂျိန်းရဲ့ ဘာမှ မဖြစ်ပါဘူး” ပြတင်းပေါက်ကို ဖွင့်ရင်းနဲ့ ဆာရစ်ချက်ဖောက ပြောတယ်။
ပြတင်းအပြင်က မြင့်မားတဲ့သစ်မာပင်ကြီးရဲ့ အကိုင်းအခက်တွေဟာ အခန်းထဲရောက်ဖို့ ကြိုးစားနေကြသလို ဖြာထွက်နေတာ သူသတိပြုမိသွားပေမယ့် ဘာမှတော့ ထပ်မပြောတော့ဘူး။
အဲ့ဒီ့အချိန်မှာပဲ စံအိမ်ရဲ့ လူခေါ်ဘဲလ်ကို လူစိမ်းတစ်ယောက်က လာတီးတယ်။
အစေခံတွေက လူစိမ်းကို ဆာရစ်ချက်ဖောရှိနေတဲ့ အိပ်ခန်းထဲ လိုက်ပို့ပေးကြတယ်။
“နှောင့်ယှက်ရတာ စိတ်မရှိပါနဲ့ သခင်ကြီး ကျွန်တော့နာမည်က ဝီလီယမ် ခရွန်းပါ” လူစိမ်းက နှုတ်ဆက်တယ်။
“ကျွန်တော်က သခင်ကြီး အဘိုးမိတ်ဆွေ ဘုန်းတော်ကြီးရဲ့ မြေးတော်စပ်သူပါ စာရွက်စာတမ်းတချို့ လွဲပြောင်းပေးစရာရှိလို့ လာခဲ့တာပါခင်ဗျာ”
“တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ” ဆာရစ်ချက်က ပြန်နှုတ်ဆက်တယ်။
” ဂျိန်းရေ ငါနဲ့ ဧည့်သည်အတွက် ဝိုင်နှစ်ခွက် စာကြည့်ခန်းထဲ ယူခဲ့စမ်းပါကွယ် ပြီးတော့ ဒီအခန်းထဲကို ငါ့ပစ္စည်းလေးတွေ ပြောင်းထားပေးစမ်းပါ ဒီအခန်းမှာ ငါနေမယ်…..”
စာကြည့်ခန်းထဲမှာ ဝိုင်သောက်ရင်း ဝီလီယံယူလာတဲ့ စာရွက်စာတန်းတွေကို ဆာရစ်ချက်က ဖတ်ကြည့်တယ်။
သူ့အဘိုးသေဆုံးရတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ဘုန်းတော်ကြီးရေးထားတဲ့ မှတ်စုကို စာရွက်တွေကြားမှာ ဆာရစ်ချက်က တွေ့သွားတယ်။
“ကောင်းပြီ ကောင်းပြီ” ဆာရစ်ချက်က ရယ်ရင်းပြောတယ်။
“အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ ကျွန်တော့်အဘိုးသေတဲ့နေ့ သူ့အိပ်ရာဘေးမှာရှာတွေ့တဲ့ ကျမ်းစာက သစ်မာပင်ကို ခုတ်ဖို့ အကြံပေးခဲ့တယ်လို့ ခင်ဗျားအဘိုးက ထင်နေတယ်၊
ဘာကြောင့်လဲဆိုတော့ သူကျမ်းစာကို ကောက်ကိုင်လိုက်တဲ့အခါမှာ 'ခုတ်လှဲကြလော့' ဆိုတဲ့ စာသားကို ပထဆုံးဖတ်မိလို့တဲ့”
“သခင်ကြီးမှာ အဲ့ကျမ်းစာအုပ်လေးရှိဦးမလားခင်ဗျ ကျွန်တော် ကြည့်ကြည့်ချင်လို့ပါ” ဝီလီယမ်က မေးတယ်။
စာကြည့်ခန်းထဲမှာ အရင်သခင်ကြီး ပိုင်ဆိုင်ခဲ့တဲ့ ကျမ်းစာအုပ်အဟောင်းလေးကို ဆာရစ်ချက် လွယ်လွယ်ကူကူပဲ ရှာတွေ့သွားတယ်။
“တွေ့ပါပြီဗျာ ၊ ဖုန်တွေတော့အများကြီးတက်နေပြီ၊ ကျွန်တော်လဲ ခင်ဗျားအဘိုးလုပ်သလို လုပ်ကြည့်ဦးမှ
ကျမ်းစာအုပ်ကို ဖွင့်ကြည့်လိုက်မယ် ပြီးရင် ကျွန်တော် ပထမဆုံးဖတ်မိတဲ့ စာကြောင်းကို ခင်ဗျားကို ရွတ်ပြမယ်”
ဆာရစ်ချက်က စာအုပ်ကို ဖွင့်ပြီး ပထမဆုံးတွေ့တဲ့ စာကြောင်းကို ဖတ်လိုက်တယ် “မင်းငါ့ကို မနက်ရောက်ရင်လိုက်ရှာလိမ့်မယ် ငါရှိတော့မှာ မဟုတ်ဘူး”
ဒါကလဲ သစ်မာပင်နဲ့ ပတ်သတ်ပြီး ကျမ်းစာအုပ်က ပေးတဲ့အကြံလို့ ဆာရစ်ချက် ယူဆလိုက်တယ်။
နောက်နေ့ရောက်ရင် သစ်မာပင်ကို ခုတ်လှဲဖို့ အစေခံအချို့ကို သူအမိန့်ပေးလိုက်တယ်။
????????????????
သစ်မာပင်ကို ခုတ်တာ ဆာရစ်ချက်ဖော စောင့်မကြည့်နိုင်တော့ပါဘူး။
ညတုန်းက သူ့အဘိုးအခန်းထဲ သွားအိပ်တော့ သစ်မာပင်ကနေ သတ္တဝါတစ်ကောင် သူ့ခုတင်ပေါ်တက်လာတာ ဘယ်သူမှ မသိလိုက်ကြဘူး။
နောက်နေ့မနက်မှာ သေနေပြီလေ။ သူ့အဘိုးလိုပဲ တစ်ကိုယ်လုံးမည်းနက်နေတာ။
မိတ်ဆွေအသစ်စက်စက်လေးရဲ့ သတင်းကို ဝီလီယမ် သိလိုက်ရတဲ့အခါမှာတော့
“မင်းငါ့ကို မနက်ရောက်ရင်လိုက်ရှာလိမ့်မယ် ငါရှိတော့မှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်းစာထဲက စာလုံးတွေကို အကြိမ်ကြိမ်ပြန်ကြားယောင်နေမိတယ်။
ကာ့စတန်းဟောစံအိမ်ဆီ ဝီလီယံ အပြေးအလွှားရောက်လာတဲ့အခါ သစ်မာပင်ကြီးနားမှာ ဆာရစ်ချက်ဖောရဲ့ မိသားစုနဲ့ အစေခံတွေ စုရုံး စုရုံး လုပ်နေကြတယ်။
“သခင်ကြီး ဆာရစ်ချက်ရဲ့ နောက်ဆုံးအမိန့်ကတော့ သစ်မာပင်ကို ခုတ်လှဲဖို့ပြောခဲ့တာ
ဒါနဲ့ပဲ ခုတ်ဖို့ လုပ်ကြတော့ ထူးဆန်းတာတစ်ခုဖြစ်နေတယ် ဆရာရေ သစ်မာပင်ကြီးအတွင်းထဲမှာ အခေါင်းပေါက်ဖြစ်နေပြီး
တစ်ကောင်ကောင် အတွင်းထဲမှာနေနေတယ်” အစေခံဂျိန်းက ဝီလီယံကို ရှင်းပြတယ်။
သစ်မာပင်အတွင်းထဲက အခေါင်းပေါက်ကို ကြည့်ဖို့ ဉယျာဉ်မှူးတစ်ယောက်က မီးအိမ်နဲ့ လှေကား ထောင်ပြီး တက်သွားတယ်။
အခေါင်းပေါက်ထဲ ဉယျာဉ်မှူး ငုံကြည့်လိုက်တဲ့အခါ အရမ်းကို အလန့်တကြားဖြစ်ကာ စူးစူးဝါးဝါးအော်ပြီး လှေကားပေါ်ကနေ ပြုတ်ကျလာတယ်။
သူယူသွားတဲ့ မီးအိမ်လဲ သစ်ခေါင်းထဲ ပြုတ်ကျပြီး သစ်မာပင်ကြီး မီးတွေ ထလောင်ကုန်တော့တာပဲ။
မီးတွေ တဟုန်းဟုန်းတောက်နေတဲ့ သစ်မာပင်အခေါင်းထဲက လူတစ်ယောက် အရွယ်အစားရှိတဲ့ ပင်ကူကြီးတွေ အပြင်ကို ပြေးထွက်လာကြတယ်။
လူတွေလဲ အုတ်အော်သောင်းနင်းဖြစ်ပြီး ပင့်ကူတွေကို သတ်တဲ့လူက သတ်၊ ဆူညံပွက်လောရိုက်သွားတာပဲ။
မီးငြိမ်းသွားတဲ့အခါမှာတော့ ဝီလီယံ၊ အစေခံဂျိန်းနဲ့ တခြားသတ္တိရှိတဲ့သူတွေ စုပြီး သစ်မာပင်ကြီးထဲ ဘာတွေထပ်ရှိဦးမလဲရှာကြတယ်။
လူအရိုးတွေ သူတို့ရှာတွေ့လာကြတယ်။ အရိုးစစ်ဆေးပေးတဲ့ ဆရာဝန်ပြောတာတော့ ဒါတွေက 1690 လောက်က သေသွားတဲ့ မိန်းမတစ်ယောက်ရဲ့အရိုးတွေတဲ့။
အဘွားကြီး မာတာဆိုးကို ကြိုးပေးသတ်လိုက်ကြတဲ့ အချိန်တုန်းက အရိုးတွေတဲ့လေ။
ပြီးပါပြီ……………..
????????????????
M. R. James ရဲ့ The Ash-Tree ဝတ္ထုတိုကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ် ☺️
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading