ကျွန်မ အခုခေါင်းစဉ်တင်ထားသော စာကြောင်းလေးကို လူတိုင်းနီးပါး ကြားဖူးမယ်လို့ ထင်သည်။
ကျွန်မတို့ နေ့စဉ်တစ်ရက်ပြီးတစ်ရက် ဘဝကိုအချိန်ကုန်ရင်း ဖြတ်သန်းနေကြသည်။ ဖြတ်သန်းနေသောရက်တွေထဲ တချို့သောရက်တွေသည် ပျော်ရွှင်ဖွယ်အရာများနှင့် ပြည့်နှက်နေပြီး တချို့သောရက်တွေသည် အဆင်မပြေစရာကိစ္စများနှင့် ကြုံတွေ့နေရတတ်သည်။
ကျွန်မတို့ ဘယ်လိုပဲဖြတ်သန်းရဖြတ်သန်းရ ကျွန်မတို့ရဲ့စိတ်ကို ကျွန်မတို့ရဲ့ လက်ရှိအခိုက်အတန့်မှာပဲ ထားဖို့အရေးကြီးသည်၊ ဥပမာ-လူတစ်ယောက်က အလုပ်တစ်ခုကိုမလုပ်ချင်ဘူး၊ အဲ့အလုပ်ကနေ ပိုက်ဆံရမယ်၊ မလုပ်ချင်ဘူးဆိုပေမဲ့ အဲ့အလုပ်ကို တကယ် လုပ်ဖြစ်သွားတယ်၊အဲ့ခါ သူက မလုပ်ချင်တဲ့အလုပ်ကို လုပ်နေလျှက်နဲ့ ဘယ်လိုပျော်အောင်နေမလဲ။
အဲ့ခါ
အဲ့တာတွေကို သတိထားလုပ်ဖို့လိုသည်။
ကျွန်မတို့သည် တစ်ခါတစ်ရံ ကိုယ့်လက်ရှိရောက်နေတဲ့အခိုက်အတန့်ကို မေ့လျော့နေတတ်ပြီး အတိတ် သို့မဟုတ် အနာဂတ်တွေဆီ စိတ်ကရောက်သွားနေတတ်သည်။ ကိုယ့်ရဲ့စိတ်သည် အဲ့လိုရောက်သွားနေတော့ ကိုယ်ရဲ့ခန္ဓာကိုယ်သည်လည်း လိုက်ပါနေတတ်သည်၊
ကျွန်မတို့ ဘဝအတွက် ဒီအချက်သည် အလွန် အင်မတန်မှ အရေးကြီးလှသည်၊
ဒါကြောင့် စာဖတ်သူလေးများအားလုံးလည်း ကိုယ့်ရဲ့လက်ရှိအခိုက်အတန့်မှာပဲ နေထိုင်ဖို့ အမြဲသတိရစေရန် ရေးသားလိုက်တော့သည်။
စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်.....
May 9 Thursday 2024
5:55AM (@Ag)
Keep Reading