သင်္ကေတ

ဒီဆောင်းပါးမှာ အတွေးတွေကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ရေးသားထားပါတယ်။
ကျွန်မ ဒီနေ့ Facebook သုံးရင်း Post လေးတစ်ခုသွားတွေ့မိတယ်။
Post မှာ ရေးထားတာ စာကတိုတိုလေးပါ၊ ကျွန်မဖတ်ကြည့်လိုက်တော့ အသက်ရှစ်နှစ်အရွယ် နိုင်ငံခြားရောက် တရုတ်မလေးတစ်ယောက် စာအုပ်ထုတ်တာကို သတင်းထောက်ကမေးတာပါ။
မေးခွန်းကမထူးဆန်းပါဘူး၊ကောင်မလေးပြန်ဖြေတဲ့အဖြေက ထူးဆန်းတာပါ။
မေးခွန်းက "သမီးကြီးလာရင် ဘာလုပ်မလဲ" တဲ့ ကောင်မလေး ပြန်ဖြေတယ်၊ ဘယ်လိုပြန်ဖြေလဲဆိုတော့ "ကျွန်မက ဘာဖြစ်လို့ ကြီးတဲ့အထိစောင့်ရမှာလဲ" တဲ့၊ ဒါဟာ တကယ်ထူးဆန်းတဲ့အတွေးအခေါ်ပါ၊ ကောင်မလေးကဆက်ပြောသေးတယ်
"ဦးတို့လူကြီးတွေက ကလေးတွေ မကြီးပြင်းသေးရင် ဘာမှမဟုတ်ဘူးလို့ ထင်ကြတယ်။ ကျွန်မအခု စာရေးဆရာမ ဖြစ်နေပြီလေ" တဲ့။
ဒီလိုအဖြေမျိုး ကျွန်မတို့ နိုင်ငံမှာ လာဖြေရင် သူ့ကို ဒီကလေးက လက်တောက်လောက်နဲ့ စာအုပ်လေးထုတ်နိုင်တယ်ဆိုပြီး ဝိုင်းမျက်မုန်းကျိုးကြမှာ များပါတယ်၊ ဒါကို အားပေးတဲ့လူက လူနည်းစုပဲ ဖြစ်မှာပါ။ ကျွန်မကို ငယ်ငယ်တုန်းကလဲ လူကြီးတွေရော၊ ဆရာမတွေရော သမီး ကြီးလာရင် ဘာလုပ်မှာလဲလို့ မေးဖူးပါတယ်၊ ကျွန်မပြန်ဖြေတဲ့အဖြေက တစ်ခါနဲ့တစ်ခါတူလေ့တော့မရှိပါဘူး၊ ကိုယ်တိုင်သဘောကျတဲ့အဖြေလဲမဟုတ်ပါဘူး၊ သူများသဘောကျလို့လိုက်ဖြေတဲ့အဖြေမျိုးပါ၊ ကျွန်မဖြေဖူးတာထဲဆို ဆရာဝန်ဖြစ်ချင်တာ၊ အင်ဂျင်နီယာဖြစ်ချင်တာတို့ ပါပါတယ်၊ အဲ့တာတွေ လုပ်ဖို့ အခြေအနေအကြောင်းဖန်လာရင်လည်း ကျွန်မလုပ်မိမှာပါ၊ ကျွန်မအခုတော့ အဲ့တာတွေကို တကယ်ဝါသနာမပါမှန်းသိခဲ့ပြီ။ ကျွန်မတကယ် ဝါသနာမပါဘဲ လုပ်ဖူးတဲ့အရာတွေလည်း ရှိပါတယ်၊ အဲ့တာတွေကို ကျွန်မလုပ်ခဲ့ပေမဲ့ အကောင်းဆုံးလုပ်ခဲ့တယ်၊ ဒါပေမဲ့ဆက်လုပ်ဖို့တော့ ကျွန်မမရွေးချယ်ခဲ့ဘူး။ ဘာလို့ဆို ကျွန်မ မပျော်လို့ပါ။
ဒါကြောင့် ကျွန်မတို့ ကိုယ်တိုင်ကြီးလာရင် ဘာလုပ်မလဲဆိုတာထက် ကျွန်မတို့ ကိုယ်တိုင်ကြီးလာရင် ဘာဖြစ်ချင်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သေချာပြန်စစ်ဆေးမေးဖို့လိုပါတယ်။
ဒီစာကို ဖတ်ပြီး အတွေးတွေကို ပြောင်းလဲနိုင်မယ်လို့ ထင်ပါတယ်။
စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်....
May 14 Tuesday
23:30 PM (@Ag)
Keep Reading