SarPhat Author
ကျွန်တော်တို့ code တွေကို image အနေနဲ့ sharing လုပ်တဲ့အခါမှာ IDE တွေ ဒါမဟုတ် Text Editor တွေနဲ့ screenshot ကို အဆင်ပြေပြေ ရိုက်မရပါဖူး။ အဲ့အတွက် code တွေကို image အနေနဲ့ share လုပ်ဖို့ အသုံးဝင်တဲ့ tool တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်
CodeShot (Paid)
https://codeshotapp.com/
CodeShot ဟာ MacOs ကိုပဲ support ပေးထားပါတယ်။ သူမှာဆိုရင် Theme ပေါင်း ၈၀ ကျော် ၊ Language ပေါင်း ၁၈၀ ကျော် နဲ့ System Font တွေ အပြင် dark mode ကိုပါ support ပေးထားပါတယ်။ ပိုက်ဆံ ပေးရတာနဲ့ တန်အောင် customization တွေ ကိုလွယ်လွယ်ကူကူ လုပ်လို့ ရမှာ ဖြစ်ပါတယ်။ CodeShot ကို AppStore ကနေ $5.99 ပေးပြီး ဝယ်ယူလို့ ရပါတယ်။
ShowCode (Free)
https://showcode.app/
ShowCode က ဒီအတောအတွင်းကပဲ အသစ် ထွက်လာတဲ့ OpenSource Project တခု ဖြစ်ပါတယ်။ ShowCode ဟာ web version ဖြစ်တဲ့အတွက် OS အကုန်လုံးမှာ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ အရင် ကျနော် သုံးဖူးတဲ့ဟာတွေနဲ့ မတူပဲ UI UX ပုံစံ တမျိုးနဲ့ ထွက်လာပါတယ်။ ကျနော် ကြိုက်တဲ့အပိုင်းကတော့ code နှစ်ဖိုင်ရှိမယ် image နှစ်ခု ခွဲစရာ မလိုပဲ image တခုတည်းပဲ ရောရေးလို့ ရပါတယ် ။ သူ့ code တွေကို လေ့လာချင်ရင်ပဲဖြစ်ဖြစ် ၊ contribute လုပ်ချင်ရင်ပဲဖြစ်ဖြစ် ဒီ github link မှာ သွားရောက် ကြည့်ရှုလို့ ရပါတယ်။ website link ကတော့ https://showcode.app ဖြစ်ပါတယ်။
Carbon (Free)
https://codeshotapp.com/
Carbon ကတော့ ကျနော် သုံးဖြစ်နေတဲ့ tool တခု ဖြစ်ပါတယ်။ CodeShot ပုံစံ နီးပါ ထုတ်ယူလို့ ရတဲ့ အတွက် ကျနော် သုံးဖြစ်နေပါတယ်။ သူကလဲ OpenSource Project ပါပဲ။ ShowCode ဟာ web version ဖြစ်တဲ့အတွက် OS အကုန်လုံးမှာ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ Github Link https://github.com/carbon-app/carbon မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။ Website Link ကတော့ https://carbon.now.sh ဖြစ်ပါတယ်။
CodeShotWebApp (Free)
https://codeshot.vercel.app
CodeShotWebApp ကတော့ Open Source ပေးထားတဲ့ web app တစ်ခု ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး သုံးလို့ အဆင်ပြေပါတယ်။
Github - https://github.com/sachdeva-shrey/codeshot-website
Website - https://codeshot.vercel.app
အားလုံးအဆင်ပြေပြေ Sharing လုပ်နိုင်ကြပါစေ ။
Keep Reading