သင်္ကေတ
ကျွန်မတို့ ဒီစကားလုံးလေးကို ကြားဖူးနေတာကြာပါပြီ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေနေတွေ စဖြစ်ထဲကပါ၊ ကြားဖူးကြပေမဲ့ သူ့ရဲ့ စာလုံးအရှည်ကောက်ကိုသိတဲ့သူနည်းပါလိမ့်မယ်။ ဘာလို့အဲ့တာကိုသုံးနေကြရတာဆိုတာလည်း လူနည်းစုပဲသိမယ်ထင်ပါတယ်။
ဒါကြောင့် ကျွန်မသိထားတာတွေကို ပြန်ပြီး ဝေမျှပေးသွားပါမယ်။
> VPN ရဲ့ အရှည်ကောက်စာလုံးက Virtual Private Network ဖြစ်ပါတယ်။
VPN က Web-based service နဲ့ Website တွေကို ချိတ်ဆက်တဲ့အခါမှာ သုံးစွဲတဲ့သူတွေအတွက် လုံခြုံရေးနဲ့ ဘယ်သူသုံးလဲဆိုတာ မသိအောင် လုပ်ပေးတာပါ။
VPN က သုံးစွဲတဲ့သူရဲ့ အမှန်တကယ်ရှိနေတဲ့နေရာ IP address (Internet Protocol Address) နဲ့ အသုံးပြုသူရဲ့စက်ပစ္စည်းတွေကို Tunnel လမ်းကြောင်းမှာ ဝှက်ထားပေးတာပါ။
အဓိကက Location အမှန်ကိုမသိရအောင် နေရာပြောင်းပြီးသုံးတဲ့သဘောပါ။
> ကျွန်မတို့ Website server တစ်ခုချိတ်ဆက်တဲ့အခါ ကျွန်မတို့ရဲ့ Browser က Domain Name Services(DNS) server တွေကနေ Domain နာမည်တွေကိုရှာဖွေပြီး၊ IP address ကိုရယူပြီးနောက် server ကိုချိတ်ဆက်တယ်။ ချိတ်ဆက်မှုမှာ SSL/TLS (Secure Sockets Layer/Transport Layer Security) သုံးပြီး code တွေကိုဝှက်ထားပါတယ်။
ဥပမာ- ကျွန်မတို့မြန်မာနိုင်ငံမှာ Facebook ,Instagram ,。。တို့သုံးဖို့ဆို VPN ကိုသုံးပြီး သုံးကြရပါတယ်။
အဲ့လိုသုံးခြင်းဖြင့် ကျွန်မတို့ရဲ့ တည်နေရာတွေကို မသိနိုင်စေပါဘူး။
>VPN တစ်ခုကို ထည့်သွင်းဖို့ Free VPN တွေလဲ ရှိသလို Paid VPN တွေလဲရှိပါတယ်၊ ကိုယ်အဆင်ပြေရာထည့်သွင်းအသုံးပြုနိုင်ပါတယ်။ VPN တိုင်းမှာလည်း အားသာချက်၊အားနည်းချက်တွေရှိကြပါတယ်။
လူသုံးများတဲ့ VPN အများစုကို ရှောင်သုံးစေချင်ပါတယ်။
အပေါ်မှာပြောပြထားသလိုပါပဲ VPN ဆိုတာက ကျွန်မတို့ရဲ့ Devices တွေနဲ့ တခြားလူတွေရဲ့ Server ကြားရဲ့ ကြားခံတစ်ခုပါ။ VPN service နဲ့ပတ်သက်လာရင် Tunneling ဆိုတဲ့စကားလုံးကို မကြာခဏတွေ့နေကြားနေရမှာပါ၊ အဲ့တာက ကျွန်မတို့ရဲ့ location တွေကို သိမ်းပေးထားတာပါ။ အဲ့နေ ကျွန်မတို့ရဲ့ Data တွေကို တခြားသူတွေ ခိုးယူလို့မရအောင် ပေးပို့ပေးပါတယ်။
အဓိကက IP address ကအရေးကြီးတာပါ၊ အဲ့တာကြောင့် VPN သုံးခြင်းဖြင့် ကျွန်မတို့ရဲ့ Location ကို ပြောင်းပြီး သတ်မှတ်ပေးနိုင်ပါတယ်။
စာထဲတွင်သုံးထားတဲ့ တချို့ English စကားလုံးတွေက IT စကားလုံးများဖြစ်တဲ့အတွက် မြန်မာလိုတိုက်ရိုက် အဓိပ္ပာယ်ပြန်လို့မရပါ၊ English လိုပဲ အရှည်ကောက်ပြန်ရေးထားပေးပါတယ်။
ဒီဆောင်းပါးလေးကိုဖတ်ပြီး VPN အကြောင်း အနည်းငယ်သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
စာဖတ်သူများအား ထာဝစဥ်
လေးစားလျှက်.... ✍🏻
My_Collections_Channel
June 1 2024
Saturday
14:15PM
Keep Reading