ကိုလေး(Black_sheep)
မိုးလခါဝယ်
ပျိုးကောက်မယ်သာပ
ဖြိုးမောက်ပါတဲ့လယ်ကွင်းကျယ်မှ
ကောက်စိုက်သမပြန်အလာမှာ ၊
မိုးလေကင်းစက် ၊ ဝင်းပြက်လေသာ
ကောင်းကင်ပိတ်ကား ၊
စိတ်အားကြည်စွာ။
ချွေးတရှိုက်ရှိုက်
ပျိုးစိုက်ကယ်ပျော်ပျော်
ငယ်ချစ်ဖော်သူငယ်ချင်းတွေနဲ့
သူသူငါဖော်ငယ်ကြောင်းပြောလို့
တေးလေးတကြော်ကြော်။
မိုးချုပ်လို့ အချိန်တန် ၊ ဃရသို့ပြန်
ဝနဓလေ့ သပ္ပဟင်းလျံ
ယုန်ဖိုချိုချက်
လှော်မီးကင် ပုစွန်ထောင်းရယ်နှင့်
ရသာနှစ်သွယ်။
နေပင်စောင်းစေ
အပေါင်းဖော်လူပျိုသားတို့
ပေအကြောင်းတွေစုံအောင်ရွတ်လို့
ထန်းချိုတစ်ကျိုက်မြို။
ဆွေမျိုးတွေ့သို့ မေ့စရာ
သုကတို့ တေးသံသာ
ပိင်္ဂါလမက္ခသ တို့မမှုပေါင်
ကဋ္ဌတွေစိမ်းစိုလို့
တုနှိုင်းမမှီ တိမ်ညိုတောက်တွေနဲ့
တောညနေခင်း။
-ကိုလေး
အဓိပ္ပာယ်ဖွင့်ဆိုချက်
၁။ဃရ = အိမ်။
၂။ဝန = တောရွာ။
၃။သပ္ပ = မြွေ။
၄။ပိင်္ဂါလမက္ခသ=မှက်။
၅။ကဋ္ဌ = သစ်ပင်သစ်တော။
၆။သုက= ကျေးငှက် ၊ ကြက်တူရွေး။
Keep Reading