SarPhat Author
(၁) ဘယ်နည်းပညာက ကိုယ်နဲ့ကိုက်ညီမှုရှိလဲ အရင်သတ်မှတ်ပါ။
ယနေ့ခေတ်မှာဆို နည်းပညာအပိုင်းအခြားများစွာရှိပါတယ်။ ဒါကြောင့်မို့ မိမိစိတ်ပါဝင်စားနဲ့ နည်းပညာကို
ပထမဆုံးသတ်မှတ်ထားဖို့ အရေးကြီးပါတယ်။ ဒီလိုသတ်မှတ်ရာမှာ မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်ချတယ်ဆို
တာထက် အတွေ့အကြုံရှိ ဆရာသမားများကို ချဉ်းကပ်ပြီး အကြံပြုတောင်းခံခြင်းဖြင့်လည်း မှန်ကန်တဲ့
နည်းပညာလမ်းကြောင်းတစ်ခုကို စတင်နိုင်ပါတယ်။
(၂) ပညာရပ်တစ်ခုကို အခြေခံမှ တဆင့်ချင်းသင်ယူပါ။
ပညာရပ်တစ်ခုကို စတင်လေ့လာချိန်မှာ လောဘကြီးတတ်ကြတာ သဘာဝဖြစ်တာမို့ အရာအားလုံးကို တစ်ပြိုင်နက် သင်ယူဖို့ ကြိုးစားတတ်ကြပါတယ်။ တကယ်တော့ ဒီနည်းလမ်းက ရေရှည်တိုးတက်မှုနဲ့ကျွမ်းကျင်မှု
ကို နှောင့်နှေးစေတာမို့ Application, Website ဘယ်နယ်ပယ်ကိုမဆို အခြေခံမှစတင်ပြီး ကိုယ်ရဲ့အရည်အချင်းများကို ဖြည်းဖြည်းချင်းတည်ဆောက်ခြင်းဖြင့် စတင်လေ့လာလာဖို့ အကြံပြုလိုက်ရပါတယ်။
(၃) နည်းပညာသတင်းများကို စောင့်ကြည့်လေ့လာရင်း ဝါသနာတူသူငယ်ချင်းများ ရှာဖွေပါ။
နည်းပညာနယ်ပယ်က အပြောင်းအလဲများစွာက အချိန်နဲ့တစ်ပြေးညီပေါ်ထွက်နေတာမို့ Bloomberg, WallStreet, World Economic Forum အစရှိတဲ့ အဖွဲ့အစည်းများမှ နည်းပညာသတင်းများကို လေ့လာစောင့်ကြည့်ရင်း မိမိနဲ့ဝါသနာတူသူငယ်ချင်းများကိုလည်း Community Group များမှတဆင့်
မိတ်ဆက်၊ ရင်းနှီးမှုတစ်ခု တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
အထက်ပါ အချက် (၃) ချက်ကတော့ အခြားအသက်မွေးဝမ်းကြောင်းနယ်ပယ်တစ်ခုမှ နည်းပညာနယ်ပယ်ကို အခုမှစတင်ဝင်ရောက်မယ့် လူငယ်တစ်ယောက်အနေဖြင့် ပြင်ဆင်ထားသင့်တဲ့ အချက်လေးတွေဖြစ်တာမို့
အားလုံးအတွက် တစ်စုံတစ်ခု အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
Keep Reading