SarPhat Author
Cross-Platform ဆိုတာဘာလဲ?
Cross-Platform ဆိုတာ Windows၊ macOS၊ Linux၊ IOS နှင့် Android စတဲ့ Operating System ဒါမှမဟုတ် Platform များစွာတွင် Software ဒါမှမဟုတ် Application များရဲ့ စွမ်းဆောင်ရည်ကို ဆိုလိုတာဖြစ်ပါတယ်။ ရိုးရှင်းစွာပြောရမယ်ဆိုရင် Operating System နှင့် မသက်ဆိုင်ဘဲ မတူညီတဲ့ Device ပေါ်မှာ အသုံးပြုနိုင်တဲ့ Application ကို Developer များကို ဖန်တီးနိုင်စေပါတယ်။
ဘာကြောင့်အရေးကြီးတာလဲ?
Cross-Platform ဆိုတာ Operations System တွေဖြစ်ကြတဲ့ Windows၊ macOS၊ Linux၊ IOS နှင့် Android
အစရှိတဲ့ Operations System များစွာအကြား တွဲဖက်အလုပ်လုပ်ကိုင်နိုင်တဲ့ နည်းပညာ တစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။ ဉပမာ - Cross Platform ကိုအသုံးပြုထားတဲ့ Software App တစ်ခုဆိုတာ မတူညီတဲ့ အခြား Platform, Operations System များနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်တယ်လို့ အလွယ်မှတ်ထားလို့ရပါတယ်။
အကျိုးကျေးဇူးများ ဒါမှမဟုတ် အသုံးဝင်မှုများ
Cross-Platform ဖွံ့ဖြိုးတိုးတက်လာမှုက Developer တွေအတွက် Code တွေကို ပြန်သုံးနိုင်ပြီး Development Process ကို မြန်ဆန်ချော့မွေ့စေပါတယ်။ Developer များဟာဆိုရင် Code ကို တကြိမ်ရေးရုံဖြင့် မတူညီတဲ့ Platform များပေါ်တွင် အသုံးပြုနိုင်ပြီး အရင်းအမြစ်များကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် Cross-Platform ဟာဆိုရင် စီးပွားရေးလုပ်ငန်းများကို သူတို့ရဲ့ဝယ်ယူသူဈေးကွက်ဆီသို့ အချိန်နှင့်အမျှ ပိုမိုမြန်ဆန်စွာရောက်ရှိစေရန် ကူညီပေးပါတယ်။
Keep Reading