SarPhat Author
သို့သော် တစ်ဖက်မှာလည်း ဒီလို ကျယ်ပြန့်တဲ့ နည်းပညာနယ်ပယ်ကြီးထဲမှာ မည့်သည့် ဘာသာရပ်က မိမိနဲ့ပိုမိုသင့်တော်နိုင်မလဲဆိုတာ လူငယ်ပီပီ တစ်ခါတစ်ရံမှာ လမ်းပျောက်တတ်ကြတာမို့ ယနေ့မှာတော့ လူငယ်များအတွက် မိမိအတွက်သင့်တော့်မယ့်နည်းပညာဘာသာရပ်များကို ရွေးချယ်သင်ယူ နိုင်စေဖို့ အချက်လေး (၃) ချက် မျှဝေလိုက်ရပါတယ်။
(၁) ပန်းတိုင်တစ်ခု ချမှတ်ပါ။
ဘာသာရပ်တစ်ခုကို စတင်မလေ့လာခင် “ဘာကြောင့် သင်ယူလိုလဲ” ဆိုတဲ့ မေးခွန်းနဲ့အတူ ရှင်းလင်းတိကျတဲ့
ပန်းတိုင်တစ်ခု ချမှတ်ဖို့ လိုအပ်ပါတယ်။
Programming, AI, Machine Learning ဘယ်လို နယ်ပယ်မှာမဆို
သွားချင်တဲ့ နယ်ပယ်ပေါ်မူတည်ပြီး သင်ယူလေ့လာရမယ့် အကြောင်းအရာများက ကွာခြားမှုရှိတာမို့ “မိမိ ဘာကြောင့် သင်ယူလိုလဲ” ဆိုတဲ့ မေးခွန်းကို အဖြေရှာရင်း ပန်းတိုင်တစ်ခုချမှတ်ဖို့ လိုအပ်ပါတယ်။
(၂) သင်တန်းမတက်ရောက်ခင် Research အရင်ဆုံးပြုလုပ်ပါ။
ပန်းတိုင်တစ်ခု ချမှတ်ပြီးတဲ့အခါ မိမိ တက်ရောက်လေ့လာမယ့် မည်သည့်နည်းပညာသင်တန်းကိုမဆို စာရင်းမသွင်းမီ၊ သင်တန်း အကြောင်းအရာ၊ သုံးသပ်ချက်များနှင့် သင်ကြားပို့ချသွားမယ့် သင်ခန်းစာများကို ကြိုတင် သုံးသပ် လေ့လာဖို့လိုအပ်ပါတယ်။ သင်တန်းတက်ပြီးသူများထံမှ အကြံပြုချက်များကို တောင်းခံရင်း မိမိနဲ့ကိုက်ညီမှု ရှိမရှိ ဆွေးနွေးတိုင်ပင်တဲ့အခါ မိမိဝါသနာဘာသာရပ်တစ်ခုကို ပိုမို နီးစပ်စေပါတယ်။
(၃) အတွေ့အကြုံရှိ Mentor များထံမှ အကြံများတောင်းခံပါ။
နောက်ဆုံးအနေဖြင့် ကိုယ်၇ဲ့တိုးတက်မှု၊ အာရုံစိုက်စွမ်း၊ အားသာချက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်ရင်း ကိုက်ညီမှုအရှိဆုံး ဘာသာရပ်တစ်ခုကို ရွေးချယ်သင်ယူနိုင်ဖို့ အတွေ့အကြုံရှိ Mentor များကိုလည်း ချိတ်ဆက်
ဆွေးနွေးရင်း အကြံဉာဏ်တောင်းခံဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။
အထက်ပါ အချက် (၃) ချက်လေးကို လက်တွေ့အသုံးချရင်း နည်းပညာကို စိတ်ပါဝင်စားလူငယ်များ
အနေဖြင့် မိမိနဲ့ကိုက်ညီမှုရှိမယ့် နည်းပညာဘာသာရပ်တစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်သင်ယူသွားနိုင်ဖို့
မျှော်လင့်ပါတယ်။
Keep Reading