SarPhat Author
What is the History of Silicon Valley ?
အခုစာဖတ်နေသူက Startup နယ်ပယ်ထဲစတင်ပြီးဝင်ရောက်တော့မယ့် လူငယ်တစ်ယောက်ဆိုရင် မဖြစ်နေသိ
ထားသင့်တဲ့အရာတစ်ခုကို ပြပါဆို Silicon Valley ကစရမယ်ထင်တယ်။ Microsoft, Google, Apple, Cisco, Facebook ဒီ Tech Company အများစုက ဘာကြောင့် Silicon Valley မှာ စတင်အခြေစိုက်တာလဲ။
ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်တွင်း ၁၉၄၀ ပတ်ချာလည်လောက်မှာ US က Military နဲ့ပတ်သတ်တဲ့ Technology, Research ဒီလိုဟာတွေပြုလုပ်ဖို့ Stanford Research Institute ကို ၁၉၄၆ လောက်မှာ စပြီး တည်ထောင်လာခဲ့တယ်။
အခြား Research Institute တွေနဲ့မတူတာက High Technology ကိုပဲ အဓိက Focus ထားတယ်။ အဲ့လို တည်ထောင်ပြီးအချိန်ကစပြီး General Electric, Shockley Transistor ဒီလို Company တွေကပါ High Technology နောက်ကို လိုက်လာပြီး ဒီလိုနဲ့ San Francisco Bay Area ရဲ့တောင်ဘက်မှာရှိတဲ့ Silicon Valley ဒေသလေးမှာ Tech ပိုင်းမှာ တော်တော်လေးထွန်းကားလာတယ်။
အဲ့တုန်းကတော့ Silicon Valley လို့ မခေါ်သေးဘူးဗျ။ 1950 လောက်ရောက်မှ Electronic, Semiconductor နယ်ပယ်၇ဲ့ Entrepreneur တစ်ယောက်က အဲ့ချိန် Electronic news တွေ၊ Semiconductor တွေရဲ့
တိုးတက်လာမှုအပိုင်းတွေကို သတင်းမှာဖော်ပြတဲ့အခါ Phone Transistors တွေမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Silicon ကို အစွဲပြုပြီး News ခေါင်းစဉ်ကို "Silicon Valley U.S.A" လို့ခေါ်ရင်းနဲ့က နောက်ပိုင်းက Silicon Valley ဆိုတဲ့ နာမည်ကို တစ်ဖြည်းဖြည်းအသုံးပြုလာကြတယ်လို့ ဆိုတယ်။
မေးစရာရှိတာက အခုထိ ကျွန်တော်ပြောတဲ့အထဲမှာ Technology. Startup နဲ့ပတ်သတ်လို့ ဘာပါလဲပေါ့။
ကဲ..လာပါပြီဗျ။ အဲ့ချိန်တုန်းက William Shockley ဆိုသူက Transistor တွေ၊ Physic နယ်ပယ်မှာ Noble
ဆုတွေရ၊ တော်တော်လေးနာမည်ကြီးတယ်။ ဒါပေမဲ့ သူ့ရဲ့ အကျင့်ပျက်မှုတွေ၊ အခြားလုပ်ငန်းတူတွေပေါ်
မှာ မနာလိုမှုတွေကြောင့် (၁) နှစ်လောက်ကြာတဲ့အခါမှာ သူနဲ့အတူ အလုပ်လုပ်နေတဲ့ Legendary Engineer (၈) လောက်က အလုပ်ထွက်ပြီး ကိုယ်ပိုင် Semiconductor Company တစ်ခုဖြစ်တဲ့ Fairchild Semiconductor ကို စတည်ထောင်တယ်။ Legendary Engineer (၈) လောက်ပေါ့ဗျာ။ အခုခေတ်ဆို Paypal Mafia လိုမျိုးပေါ့။ အဲ့တုန်းကတော့ သူတို့ (၈) ယောက်ကို The Traitorous Eight လို့ခေါ်တယ်။
ဘာကြောင့် ဒီလူ (၈) ယောက်နဲ့ဖွဲ့စည်းထားတဲ့ Fairchild Semiconductor Company တစ်ခုက ကျွန်တော်တို့ ကမ္ဘာတစ်ဝန်းလုံးရဲ့ Tech Startup တွေရဲ့ဖခင်ဖြစ်တဲ့ Intel, Apple, Atari, Google ဒီလိုနယ်ပယ်တွေမှာ ဘယ်လောက်တောင် လွှမ်းမိုးမှုရှိနေလဲ။
Apple ကနေစလိုက်ရအောင်။ Apple ရဲ့ Microprocessors Major Supplier တစ်ခုဖြစ်တဲ့ Intel Company ကို စတင် တည်ထောင်ခဲ့သူက အခြားသူမဟုတ်ဘူး။ စောနက The Traitorous Eight ထဲက တစ်ဦးဖြစ်တဲ့ Robert Noyce ဆိုသူပါ။ ဒါကြောင့် Apple ရဲ့ Early Computer တွေဖြစ်တဲ့ Apple I, Apple II က Intel ကို အများကြီးမှီခိုခဲ့ရတယ်။ ဒါ့အပြင် Apple ကို Investment ပြုလုပ်ထားတဲ့ Sequoia Capital ဆိုတဲ့ Venture Capital ရဲ့ Founder - Donald T. Valentine က Fairchild Company ရဲ့ Senior Sales & marketing Executive တစ်ဦးဖြစ်ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လက်ရှိလူမှုပတ်ဝန်းကျင်မှာ ရှိတဲ့ Tech Startup တွေအပေါ် Fairchild Company ရဲ့သက်ရောက်မှုကို ခန့်မှန်းကြည့်နိုင်ပါတယ်။
ဒါဆို Google, Atari, Google, Linkedin စသရှိတဲ့ Giant Tech Startup တွေနဲ့ ဒီသမိုင်းကြောင်းဘယ်လို ဆက်စပ်မှုရှိလဲ။ နောက်နေ့ အပိုင်း (၂) နဲ့ပြန်လာခဲ့ပါ့မယ်ခင်ဗျ။ ရှုပ်ကောင်း၊ရှုပ်နေနိုင်ပါတယ်။ ဒါပေမဲ့ No Worries ၊ ကျွန်တော်တစ်ခုချင်း ဖြည်းဖြည်းချင်း အကျယ်တဝင့်ရှင်းပြပေးပါ့မယ်။ အဆုံးအထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ဗဟုသုတစ်ခုခုရရှိမယ်ဆို အခြားသူငယ်ချင်းများကိုလည်း ပြန်လည်မျှဝေပေးဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျ။ See You !!!
#silliconvalley
Leon - The Startup Builder
Keep Reading