SarPhat Author
ဘ၀မှာနေလာရင်းနဲ့
အဆိုးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့ နေ့ရက်တွေလည်းရှိလိမ့်မယ်
မွန်းကြပ်ပြီး လွတ်လပ်မှုပျောက်ဆုံးနေတဲ့ နေ့ရက်တွေလည်းရှိလိမ့်မယ်
အဲ့လိုပဲ ဘာမှပျော်စရာအကြောင်းပြချက်မရှိပဲနဲ့တောင်
ကြည်ကြည်လင်လင် ပျော်ပျော်ရွှင်ရွှင်နဲ့ နိုးထလာတဲ့
နေ့ရက်တွေလည်း ရှိလိမ့်မယ်
ဒါဟာငါတို့ဘ၀ပါပဲ......
အမြဲတမ်းလည်းကောင်းမနေနိုင်သလို
အမြဲတမ်းလည်းဆိုးမနေဘူးမလား
ဒါ့ကြောင့် ပျော်ရွှင်ရတဲ့နေ့ရက်တွေမှာ
ဘာကိုမှ ပူပန်မနေပဲ ပျော်ပျော်နေသွားပါ
၀မ်းနည်းနာကျင်ရတဲ့နေ့ရက်တွေမှာလည်း
ကိုယ့်ကိုယ်ကိုယ် ဘာမှမဝေဖန်နေပဲ
ငိုချင်ရင်လည်း ငိုလိုက်ပါ
နာကျင်တယ်လို့ခံစားရရင်လည်း နာကျင်တဲ့အတိုင်း
ခံစားခွင့်ပေးလိုက်ပါ
ဘာကိုမှအတင်းလုပ်မယူပဲ လွတ်လွတ်လပ်လပ်
ခံစားနေထိုင်နိုင်မှ ဘ၀မှာ တကယ်ရှင်သန်နေသလို
ခံစားရမှာမလား.......
Keep Reading