SarPhat Author
အမျိုးသမီး Computer Scientist တစ်ဦးဖြစ်တဲ့ Daphne Koller ရဲ့ အတုယူစရာ ဘဝဇာတ်လမ်းလေး
Daphne Koller ကို August လ၊ 27 ရက်နေ့ 1968 ခုနှစ်တွင် အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မှာ မွေးဖွားခဲ့ပြီး အစ္စရေး-အမေရိကန် Computer Scientist တစ်ယောက်ဖြစ်ပါတယ်။ သူမဟာဆိုရင် အွန်လိုင်းပညာရေး ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Coursera ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ စတန်းဖို့ဒ်တက္ကသိုလ်ရှိ ကွန်ပျူတာသိပ္ပံဌာနမှ ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။ Koller အနေနဲ့ အခုလိုအောင်မြင်လာဖို့ အခက်အခဲတွေကို ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့ရလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
Daphne Koller ဟာဆိုရင် ငယ်ရွယ်စဥ်ကတည်းက ပတ်ဝန်းကျင်ကမ္ဘာကြီးအကြောင်းကို လေ့လာသင်ယူလိုစိတ် ပြင်းပြခဲ့ပြီး၊ သင်္ချာနဲ့ ကွန်ပျူတာသိပ္ပံကို စိတ်ဝင်စားခဲ့သူတစ်ဦးဖြစ်ပါတယ်။ 1990 ခုနှစ်ဝန်းကျင်များတွင် အမျိုးသားအများစုသာရှိတဲ့ Computer Science နှင့် Machine Learning နယ်ပယ်သို့ ဝင်ရောက်ခြင်းမှာ အထူးသဖြင့် အမျိုးသမီးတစ်ဦးအတွက် လွယ်ကူတဲ့အရာတစ်ခု မဟုတ်ခဲ့ပါဘူး။ သို့ပေမယ့်လည်း ဒီအခက်အခဲကို စိတ်အနှောက်အယှက်အဖြစ်မခံဘဲ သူမရဲ့ စိတ်အားထက်သန်မှုဖြစ်တဲ့ ပညာရပ်တွေအပေါ် လေ့လာမှုကိုသာ အာရုံစိုက်ခဲ့ပါတယ်။
1985 ခုနှစ် Koller ရဲ့ အသက် 17 နှစ်တွင် Hebrew University of Jerusalem မှ Bachelor's Degree ကို ရရှိခဲ့ပြီး 1986 တွင် MSc ကို ရရှိခဲ့ပါတယ်။ 1993 ခုနှစ် Stanford University တွင်၊ Joseph Halpern ရဲ့ ကြီးကြပ်မှုအောက်မှာ သူမရဲ့ PhD ကို ပြီးဆုံးခဲ့ပါတယ်။ Stanford University မှ Artificial Intelligence နှင့် Machine Learning နယ်ပယ်များတွင် သူမရဲ့ သုတေသန ပံ့ပိုးမှုများကြောင့် ပညာရေးအသိုင်းအဝိုင်းမှ အသိအမှတ်ပြုလေးစားမှုကို ရရှိခဲ့ပါတယ်။
2012 ခုနှစ်တွင်၊ Koller က လူတိုင်းလက်လှမ်းမှီနိုင်ပြီး အရည်အသွေးရှိတဲ့ ပညာရေးဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် အွန်လိုင်းသင်ယူမှုပလက်ဖောင်းဖြစ်တဲ့ Coursera ကို Andrew Ng နှင့်အတူ ပူးတွဲတည်ထောင်ခြင်းဖြင့် စိန်ခေါ်မှုအသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ ပလက်ဖောင်းဟာဆိုရင် အစပိုင်းတွင် စိန်ခေါ်မှု အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း Koller ရဲ့ အမျှော်အမြင်ရှိမှုနှင့် ကြိုးစားအားထုတ်မှုကြောင့် အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ယခုဆိုရင် Coursera က ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းတက္ကသိုလ်များနှင့်အတူ လက်တွဲလုပ်ဆောင်ပြီး လေ့လာသူ သန်းပေါင်းများစွာကို မွေးထုတ်ပေးလျက်ရှိပါတယ်။
2016 ခုနှစ်တွင်၊ Koller ဟာဆိုရင် သူမရဲ့ခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီး ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ သို့သော်၊ သူမက ဒီစိန်ခေါ်မှုများကို ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့ကာ ဆက်လက်ရှင်သန်ခဲ့ပြီး သူမကိုအတုယူနေသူများစွာအတွက် လှုံ့ဆော်မှုတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် AI နှင့် Machine Learning အဆင့်မြင့်လာသည်နှင့်အမျှ Koller က နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် ကျင့်ဝတ်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအတွက် ထောက်ခံသူဖြစ်လာခဲ့ပါတယ်။
Daphne Koller ရဲ့ ဘဝခရီးလမ်းဟာဆိုရင် အားကျအတုယူစရာများစွာဖြင့် ပြည့်နှက်ခဲ့တာကြောင့် စာဖတ်သူများအနေနဲ့လည်း တစ်စုံတစ်ခု ရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။
Keep Reading