SarPhat Author
ဒီစာကိုဖတ်နေတဲ့ သင့်အနေနဲ့ Front-End Developer ဖြစ်ဖို့အတွက် ကိုယ်တိုင်စတင်လေ့လာချင်သူတစ်ယောက်လား?
မြန်မာနိုင်ငံမှ လူငယ်များအနေနဲ့ ရွေးချယ်စရာများတဲ့ နည်းပညာနယ်ပယ်ကို စတင်ဝင်ရောက်ပြီး Front-End Developer ဖြစ်ဖို့ ရွေးချယ်လိုက်တဲ့အချိန်မှာ ကိုယ်တိုင်လေ့လာချင်ပေမယ့် ဘယ်ကနေ စတင်လေ့လာရမလဲ မသိလို့ စိန်ခေါ်မှုလေးတွေ ကြုံနေကြမယ်လို့ ခံစားမိပါတယ်။ ဒါကြောင့်မို့လို့ ဒီအခက်အခဲလေးတွေကို တစ်ဖက်တစ်လှမ်းမှ ကူညီပေးရင်း Front-End Developer တစ်ယောက်ဖြစ်ဖို့အတွက် မဖြစ်မနေ သိရှိလေ့လာထားရမဲ့ အရာများကို အခြေခံမှစပြီး ကိုယ်တိုင်စတင်လေ့လာနိုင်အောင် မျှဝေပေးလိုက်ပါတယ်။
🛎️ ပထမဆုံးအနေနဲ့ Front-End Developer ဆိုတာကတော့ Website တစ်ခုရဲ့ User တွေ မြင်ရ၊ ထိတွေ့ အသုံးပြုလို့ရတဲ့ Design ပိုင်းကို တာဝန်ယူရတာဖြစ်ပြီး Back-End က လာတဲ့ Data တွေနဲ့ ချိတ်ဆက်ပေးဖို့အတွက် Code ရေးပေးရတာဖြစ်ပါတယ်။
👉 Front-End Developer ဖြစ်ဖို့ ကိုယ်တိုင်စလေ့လာမယ်ဆိုရင် ပထမဆုံးအနေနဲ့ Web Development ရဲ့ အဓိကကျောရိုးဖြစ်တဲ့ HTML (Hypertext Markup Language) & CSS (Cascading Style Sheets)
နှင့် Programming Language တစ်ခုဖြစ်တဲ့ JavaScript အခြေခံများကို ကျွမ်းကျင်အောင် လေ့လာရမှာဖြစ်ပါတယ်။
👉 နောက်တစ်ဆင့်အနေနဲ့ Flexbox နှင့် CSS Grid စတဲ့ CSS နှင့် ပက်သက်တဲ့ အဆင့်မြင့် အကြောင်းအရာများနှင့် Object-Oriented Programming (OOP) Concepts, Scope, Closures အစရှိတဲ့ JavaScript Fundametals များကို ပိုမိုနက်ရှိုင်းစွာလေ့လာရမှာဖြစ်ပါတယ်။ ပြီးတော့ Version Control ဖြစ်တဲ့ Git နှင့် Cloud Based Service ဖြစ်တဲ့ GitHub ပလက်ဖောင်းကို လေ့လာထားရမှာဖြစ်ပါတယ်။
👉 Advanced Front-End Development အတွက် Web Performance ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ Lighthouse လိုမျိုး Tool များနှင့် Lazy Loading, Minification, Caching စတဲ့ Technique များကို ဆက်လေ့လာရပါမယ်။ နောက်တစ်ခုအနေနဲ့ Front-End Framework အတွက် React, Vue.js, Angular စတဲ့ Popular ဖြစ်တဲ့ Framework တစ်ခုကို ရွေးချယ်ပြီး လေ့လာထားရပါမယ်။ ဆက်ပြီးတော့ Sass (သို့မဟုတ်) Less ကဲ့သို့ CSS Preprocessor နှင့် Post CSS လိုမျိုး Postprocessor များကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာထားရပါမယ်။
👉 နောက်ဆုံးအနေနဲ့ လေ့လာထားတဲ့ အရာများကို Real-World Projects များတွင် လက်တွေ့အသုံးချပြီး Personal Websites နှင့် Portfolios များကို ဖန်တီးပါ (ဒါမှမဟုတ်) Open-Source Projects များတွင် ပါဝင်ကူညီပါ။
ထပ်ပြီးတော့ Responsive Design Patterns များနှင့် Techniques များကို လေ့လာပြီး Mobile Development ကိုလည်း နားလည်အောင် ပြုလုပ်ထားရပါမယ်။ ကိုယ်ဖန်တီးလိုက်တဲ့ Web Applications များကို အမှားရှာပြင်ရန်နှင့် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ရန် Browser Developer Tools များကို ကျွမ်းကျင်အောင် အသုံးပြုပါ။
အခုပြောပြပေးထားတဲ့ အကြောင်းအရာများကို ဖတ်ရှုပြီးပြီဆိုရင်တော့ Front-End Developer တစ်ဦးဖြစ်ဖို့ ဘယ်လိုစတင်လေ့လာရမလဲဆိုတာကို သိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။ သို့သော် ကျွမ်းကျင်တဲ့ Front-End Developer တစ်ဦးဖြစ်လာဖို့က လေ့ကျင့်မှုများစွာနှင့် စဥ်ဆက်မပြတ် လေ့လာသင်ယူနေဖို့ အရေးကြီးပါတယ်။
Keep Reading