SarPhat Author
စိန်ခေါ်မှုတွေကို တစ်ဆင့်ချင်းကျော်ဖြတ်ကာ အောင်မြင်လာခဲ့တဲ့ Software Engineer - Mark Russinovich
Mark Eugene Russinovich ကို 1966 ခုနှစ် ဒီဇင်ဘာ 22 ရက် နေ့တွင်မွေးဖွားခဲ့ပြီး Microsoft Azure ရဲ့ CTO အဖြစ် လုပ်ကိုင်နေတဲ့ စပိန်နွယ်ဖွား အမေရိကန် Software Engineer နှင့် စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် Winternals ကို Microsoft မှ မဝယ်ယူမှီ Winternals ရဲ့ Co-Founder of Software Producers ထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။ Mark တစ်ယောက် အခုလို အောင်မြင်လာဖို့ သူလျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းကြောင်းကလည်း မလွယ်ကူခဲ့ပါဘူး။
1989 တွင် Mark Russinovich က Carnegie Mellon University မှ Science Degree in Computer Engineering ဘွဲ့ကို ရရှိခဲ့ပြီး Pi Kappa Alpha Beta Sigma အခန်းတွင် အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ နောက်တစ်နှစ်တွင် Rensselaer Polytechnic Institute မှ Science Degree in Computer Engineering မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့ပြီးနောက်မှာ Carnegie Mellon သို့ ပြန်သွားခဲ့ပါတယ်။ 1994 ခုနှစ်တွင် "Application-transparent fault management" ခေါင်းစဉ်ဖြင့် Zary Segal ရဲ့ ကြီးကြပ်မှုအောက်မှာ စာတမ်းရေးထိုးခဲ့ပြီး Computer Engineering တွင် Ph.D ကို ထပ်မံရယူနိုင်ခဲ့ပါတယ်။
Unlock to read this premium article with 10 points.