SarPhat Author
ပထမဆုံးအနေနဲ့ Data Scientist ဆိုတာကတော့ ကိုယ့်ရဲ့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှ ရှုပ်ထွေးတဲ့ Data အချက်အလက်များစွာကို လေ့လာဆန်းစစ်ကာ ရရှိလာတဲ့ အချက်အလက်ပေါ်မူတည်ပြီး လုပ်ငန်းရဲ့ နောင်အနာဂတ်အတွက် ရှေ့ဆက်လုပ်ရမဲ့ အရာများကို အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးရတာဖြစ်ပါတယ်။
ဒါဆိုရင် Data Scientist တစ်ယောက်ဖြစ်ဖို့ ဘာတွေ လေ့လာထားရမှာလဲ ❓
▶️ Data Scientist တစ်ယောက်ဖြစ်ဖို့ နည်းပညာနှင့်ပတ်သက်ပြီး ကိုယ်တိုင်စတင်မလေ့လာခင်မှာ Linear Algebra၊ Calculus နှင့် Statistics စတဲ့ သင်္ချာနှင့် ပက်သက်တဲ့ သဘောတရားများကို သေချာနားလည်ထားဖို့ အရေးကြီးပါတယ်။ ပြီးမှ Programming Language တစ်ခုဖြစ်တဲ့ Python ကို Data Analysis, Visualization, နှင့် Machine learning တို့အတွက် အသုံးများတာကြောင့် မဖြစ်မနေ လေ့လာရမှာဖြစ်ပါတယ်။
▶️ နောက်တစ်ဆင့်အနေနဲ့ Data Manipulation နှင့် Data Analysis ဖြစ်တဲ့ Data Formats, Clean and Preprocess Data, နှင့် Perform Exploratory Data Analysis အစရှိတာတို့ကို ကျွမ်းကျင်အောင်လေ့လာပါ။ ဒါ့အပြင် ကိုယ့်ရဲ့ လေ့လာဆန်းစစ်ချက်များကို သက်ဆိုင်သူများထံ ရှင်းလင်းစွာ ဖော်ပြပြောဆိုနိုင်ဖို့ Data Visualization ကို သင်ယူထားရမှာဖြစ်ပါတယ်။
▶️ ဆက်ပြီးတော့ Machine Learning Algorithms နှင့် Concepts များရဲ့ အခြေခံကို နားလည်ဖို့အတွက် Supervised Learning, Unsupervised Learning, နှင့် Evaluation Metrics တို့ဖြင့် စတင်လေ့လာပါ။ ပြီးမှ Advanced Machine Learning Techniques တွေဖြစ်တဲ့ Ensemble Methods, Deep Learning, နှင့် Natural Language Processing တို့ကို ပိုမိုနက်ရှိုင်းစွာ ဆက်လေ့လာပါ။
▶️ နောက်ဆုံးအနေနဲ့ လေ့လာစရာတွေ အကုန်လေ့လာပြီးပြီဆိုရင်တော့ အလုပ်လျှောက်လွှာများအတွက် မတူညီတဲ့ Data Science ကျွမ်းကျင်မှုများကို ဖော်ပြနိုင်ဖို့ အရေးကြီးတာကြောင့် ကိုယ့်ရဲ့ လေ့လာထားမှုများကို အသုံးချပြီး လက်တွေ့ပရောဂျက် Portfolio တစ်ခုကို တည်ဆောက်ပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ Domains Expertise ပေါ်မူတည်ပြီး ကိုယ့်ရဲ့ စိတ်ဝင်စားမှုနှင့် အဆင်ပြေစေမဲ့ Healthcare, Finance, (သို့မဟုတ်) E-commerce လိုမျိုး Data Science နယ်ပယ်ကို အထူးပြုပါ။
အခုဆိုရင်တော့ Data Scientist တစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ လေ့လာထားရမဲ့ အခြေခံတွေကို သိရှိသွားကြမယ်လို့ ယုံကြည်ပါတယ်။ Data Scientist တစ်ယောက်အနေနဲ့ နည်းပညာကျွမ်းကျင်မှုရှိရုံနှင့် မလုံလောက်သေးဘဲ နည်းပညာနယ်ပယ်မှ မဟုတ်တဲ့ အခြားသူများနှင့် ပြောဆိုဆက်ဆံနိုင်ဖို့လည်း အရေးကြီးပြီး လေ့လာမှုအခွင့်အလမ်းများ ပိုမိုရရှိစေဖို့အတွက် အခြား Data Scientist များနှင့် Networking လုပ်ထားဖို့လည်း လိုအပ်တာကြောင့် ကိုယ့်ရဲ့ Communication Skill ကို မြှင့်တင်ဖို့နှင့် နည်းပညာနှင့် ပက်သက်ပြီး အမြဲတမ်း စဥ်ဆက်မပြတ် လေ့လာနေဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
Keep Reading