SarPhat Author
လွန်ခဲ့တဲ့ တစ်နှစ် march လ 15 ရက်နေ့ *** မှာစပြီးအလုပ်လုပ်ခဲ့တာ ဒီနေ့ဆို တစ်နှစ်ပြည့်သွားပြီ
တစ်နှစ်အတွင်းဘာတွေဖြစ်လာလဲ ဆိုရင် သိလာတာတွေများလာတယ်လို့ပဲပြောရမလား, ဘာမှမသိသေးဘူးလို့ပြောရမလားပဲ
အလုပ်မရခင်တုန်းက အလုပ်စောက်ရမ်းလုပ်ဖူးချင်တာ
Project တစ်ခုကို developer တွေဘယ်လိုအတူတူလုပ်ကြလဲ
software တစ်ခုဖြစ်လာဖို့ ဘာလို့ developer အများကြီးနဲ့ အချိန်အများကြီးကုန်လဲဆိုတာတွေ
meeting တွေတက်ပြီး ဘာများထိုင်ပြောနေကြလဲဆိုတာတွေသိချင်ခဲ့တာ
အလုပ်ရှာမယ်ဆိုပြီး လုပ်တော့ ဘယ်လိုင်းသွားရမလဲမသိဘူး
Android ဆက်လုပ်မလား ဒါမှမဟုတ် web development ပိုင်းသွားရမလားပေါ့
အလုပ်ခေါ်စာတွေကြည့်တော့ web ပိုင်းခေါ်တာများတာနဲ့
Web ပဲလုပ်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ
web development ပိုင်းကို စပြီး လေ့လာလုပ်ဖြစ်တာက
December 25, 2021 မှ
ဘာဖြစ်လို့ date ကိုမှတ်မိလဲဆို အဲ့နေ့က james web telescope စပြီး launch လုပ်တာ
ညကြီး 8 နာရီလောက်ထင်တယ် သင်တန်းတက်နေရင်း nasa က live ကိုလည်းကြည့်ရင်းပေါ့
အဲ့ဒါကြောင့်မှတ်မိတာ
Web ပိုင်းကို html,css နဲ့ js နဲ့ပဲစတာပေါ့ ကျောင်းတုန်းက အဲ့ဒါတွေလုပ်ဖူးပေမဲ့ အကုန်မေ့ကုန်ပြီ
Js စသင်တော့ language ကို လုံးဝမကြိုက်ဖူးရယ်
Variable ကြေညာတာကအစ hoisting တွေရယ်
this ရဲ့အလုပ်လုပ်ပုံတွေကြည့်ပြီး အတော်ကိုလန့်တာ
Java နဲ့ဆို အတော်ကွာသွားတာကိုး
အဲ့ဒါနဲ့ developer မလုပ်ဘူး career ချိန်းမယ်ဆိုပြီးဘာညာတောင်လုပ်လိုက်သေးတယ် :3
June,2022 လောက်မှာ တောင်ကြီးကိုတက်လာပြီး အလုပ်ရှာတယ်
လေးလလောက်နေတော့ robust and best ဆိုတဲ့ company ကနေပြီးတော့ scholarship ရတယ် 4 month terms နဲ့
ဆိုလိုတာက ပညာသင်ဆု လေးလရမယ် အဲ့ဒါပြီးရင် ပြီးပြီ အလုပ်ဆက်ခန့်တာဘာညာမရှိဘူးပေါ့
program အလုပ်လုပ်ပုံက ရိုးရိုးလေး
သူက လစဥ်ပိုက်ဆံထောက်ပံမယ် ကျွန်တော်က နေ့စဥ်စာကြည့်ပေါ့
ပြီးရင် အပတ်စဥ် ဒီတစ်ပတ်အတွင်း ဘာတွေလေ့ဘာခဲ့လဲ report ရေးရုံပဲ
အတော့်ကို မိုက်တဲ့ program ဗျာ
ဒီ program ကြောင့်ပဲ ကျွန်တော်အခုချိန်မှာ developer တစ်ယောက်အနေနဲ့ ရပ်တည်နိုင်တာ
scholarship ရတဲ့လစာလေးနဲ့ web development လေ့လာရင်း နှစ်လလောက်ကြာတော့ ရန်ကုန်ကိုတက်လာခဲ့တာပဲ
ရန်ကုန်ရောက်တော့ တွေ့တဲ့ developer အလုပ်ခေါ်စာမှန်သမျှအကုန်လျှောက်တယ်
တစ်ခုမှမရဘူး interview လည်းတစ်ခါမှ အခေါ်မခံရဘူး
စောက်ကျိုးကိုနည်းချက်😭
အဲ့မှာ ကိုယ့်ဟာကိုလည်း confidence အတော်လျော့သွားတာ
နောက်မှသိရတာက အလုပ်လျှောက်တဲ့ gmail က spam folder ထဲပဲ ရောက်နေတယ်ဆိုတာ
ရန်ကုန်ရောက်ပြီး ၃လလောက်နေတော့ ကျောင်းကသူငယ်ချင်းကောင်းမူနဲ့ ပထမဆုံး interview စပြီးရတာပဲ
မီလည်း ရှားရှားပါးပါးရခဲ့တဲ့ interview ဆိုတော့လေ
လုပ်နိုင်လား မေးရင် လုပ်နိုင်တယ်ပဲ, ဘယ်နှစ်နှစ်လုပ်မှာလဲဆို ၃နှစ်, expected salary ကို လျှော့လိူ့ရသေးလားဆိုရင် ရတယ်ပဲ🤣🤣🤣
အဲ့လိုတွေဖြေပြီး ပထမဆုံးအလုပ်ကို ရခဲ့တာပေါ့
"Into the world of coroporate slaves"
ပထမထင်ခဲ့တာ အလုပ်လုပ်ရတာအတော်ခက်မှာ interview ခေါ်ခံရဖို့တောင် အတော်ခက်တာဆိုတော့လေ
ဒါပေမဲ့ အလုပ်လဲစလုပ်ရော ကိုယ်ထင်ခဲ့တာတွေက အကုန်အမှားချည်းပဲ
ပထမဆုံးလမှာ အသစ်ရောက်တဲ့ မီတို့ကို ဘာမှမခိုင်းဘူး စာကြည့်ဆိုပြီး လစာထိုင်ပေးထားတာ
အဲ့မှာ react ကိုသေချာစကြည့်တာပဲ
ပထမလမှာတင် react table လိုမျိုး library ထုတ်နိုင်နေပြီ
နောက်ပြီး google map api ရဲ့ documentation ကိုအခေါက်ခေါက်ဖတ်ဖူးသွားပြီ
အဲ့ကျမှပဲ မရှိမဲ့ ရှိမဲ့ confidence တွေပြန်ဝင်လာတာ
အလုပ်စလုပ်ပြီးလအနည်းငယ်ကြာတော့ မြန်မာက developer တွေ logical thinking သိပ်မကောင်းမှန်းသိတော့တာပဲ
bfs, dfs ဆိုတာ မကြားဖူးတဲ့သူတွေ,
မလိုအပ်ဘဲ loop တွေသုံးထပ်လောက်ပတ်ပြီး လေးလံနေတဲ့ web page တွေရေးကြတာတွေ
Duplicate ရှာတာကို loop နှစ်ထပ်ပတ်မှရှာလို့ရမယ်ထင်ကြတာတွေ
တော်တော်ဆိုးဆိုးတွေကို တွေ့ဖူးတယ်
ကျွန်တော့်လို CS စိတ်မဝင်စားတဲ့သူတောင် ဒီထက်သိတယ်ဗျာ
ကြည့်လိုက်ရင် developer experience 4 နှစ် 5 နှစ်နဲ့
ဒါပေမဲ့ အဲ့လို developer တွေက UI တို့ UX တို့ကြအတော်ကို သပ်သပ်ရပ်ရပ်,
code ကိုဆိုလည်း ဖတ်ရလွယ်အောင် maintain လုပ်ရလွယ်အောင် တော့ရေးနိုင်ကြတာ
သူ့တို့အားသာချက်နဲ့သူတို့ပေါ့
အလုပ်လုပ်တာ ၂ လလောက်နေတော့ frontend နဲ့ပတ်သတ်တဲ့ knowledge အတော်ရှိနေပြီ အလုပ်ပါးလဲ ဝ တတ်လာပြီ
အားရင် ဆေးလိပ်ဆင်းသောက်လိုက် , အလုပ်ကို နောက်ကျမှလာလိုက်နဲ့ပေါ့
အဲ့မှာ ပထမဆုံး CI/CD ကို ကိုယ့်ဟာကိုယ်စာဖတ်ရင်း setup လုပ်နိုင်တာပဲ
စလုပ်တာက ကိုယ့် server ကို self hosted runner အနေနဲ့ထားပြီး script ကို yml ထဲမှာစရေးပြီးတော့ပေါ့
CI/CD ကဘာလဲဆိုတာ စပြီးစာဖတ်တဲ့အချိန်နဲ့ self hosted runner ပေါ်မှာ code ကို pull ပြီး build file ဆောက်, deployment လုပ်နိုင်လိုက်တဲ့ အချိန်က 1 နာရီလောက်ပဲရှိမယ်
(အလုပ်စမလုပ်ခင်ကတည်းက မီက ubuntu server ကို အတော့်ကို သုံးတတ်နေပြီ
Robust and Best မှာ ကတည်းက ရေးခိုင်းတဲ့ website ကို server ပေါ်မှာ host ရင်းကနေတတ်လာတာ
အဲ့ကတည်းက ROR, postgresql, reactတွေကို nginx နဲ့ကော apache နဲ့ကော reverse proxy တွေလုပ်ပြီး host တာ)
အဲ့ဒါလုပ်တတ်ရော နောက်တစ်နေ့ တစ်ရုံးလုံးကို လိုက်ကြွားတာပဲ
"ဒီမှာနော် code ကို push လိုက်ပြီ
ပြီးရင် browser ကို refresh လိုက်ရင် ခုနက push လိုက်တာတွေတက်လာပြီဆိုပြီး"
😂😂😂
Probition ကာလပြီးတော့ ကျွန်တော်ကို gpon mangement ဆိုတဲ့ project ထဲကိုထည့်လိုက်ကော
အဲမှာ OLT, DN,SN node တွေရဲ့အလုပ်လုပ်ပုံတွေ, ONU တွေဆီ internet ရောက်လာပုံတွေ သိတော့တာ
ဒါပေမဲ့လဲ networking ပိုင်းကို စိတ်မဝင်စားတော့ မလေ့လာဖြစ်ပါဘူး
သူတို့ဘက်က ဘာ feature လိုချင်တယ်ဆိုမှပဲ ကောက်ထည့်ပေးလိုက်တာပဲရှိတယ်
အသေးစိတ်လိုက်လေ့လာနေတော့ဘူး
ထူးဆန်းတာတစ်ခုက အလုပ်စလုပ်ကတည်းက မီကတော့ technical debt ပိတာ အလုပ်ပိတာ တစ်ခါမှမဖြစ်ဘူး😂
တစ်ခြားသူတွေ assign ချထားတဲ့ အလုပ်တွေ မပြီးဖြစ်နေချိန် မီက တော့အချိန်ပိုနေလို့ အလုပ်သွားပြီး တရုတ်သိုင်းကားထိုင်ကြည့်လိုက် ဆေးလိပ်ဆင်းသောက်လိုက်နဲ့ပဲ 😆
ရုံးကလည်း သူတို့ assign ချထားတာပြီးရင်ရပြီ ဘာပဲလုပ်လုပ်
5 လလောက်နေတော့ micro frontend ဆိုတာကြီးကို စပြီးလုပ်ရရော
ဘာနဲ့လုပ်လဲဆို webpack ရဲ့ module federation နဲ့
ဒီ micro frontend နဲ့ပတ်သတ်ပြီးတော့ ကြိုက်တာလဲရှိသလို မကြိုက်တာလဲရှိတယ် နောက်မှပဲ ဒီအကြောင်းကို စာအရှည်ကြီးရေးဦးမယ် 😂
Frontend လုပ်တာ 6 လထဲရောက်လာတော့ backend ပိုင်းကိုစပြီးလေ့လာဖြစ်တယ်
microserviceပေါ့
redis ရဲ့ pub/sub ကိုသုံးပြီး service to service ခေါ် ကြတာပေါ့
သုံးတဲ့ framework က molecular
ဒီကောင်နဲ့ redis မှမဟုတ်ဘူး nats, mqtt တို့လည်း သုံးလို့ရတယ်
ရုံးမှာကတော့ cache အတွက်ကော broker အနေနဲ့ကော redis ပဲသုံးတာ
Backend လုပ်ရင်းနဲ့ redis နဲ့ mqtt အကြောင်းတော်တော်သိသွားတယ်
Redis က in memory ဖြစ်လို့ မြန်တာလို့ပြောရင် ကျွန်တော်ကတော့ သိပ်လက်မခံချင်ဘူး
မြန်ရတဲ့ အကြောင်းက key value ကြောင့်ပဲ
Hashtable တွေလိုပေါ့
အဲ့အတွင်းပဲ ရုံးက devops တစ်သိုက် ကCI/CD ကို self hosted runner တွေကိုမသုံးပဲ
Jenkins ရော Ansible ရောသုံးပြီး self hosted registry မှာ docker image တွေကို တင်တာ
ကျွန်တော်ကတော့ resource ဖြုန်းတီးတယ်လို့ပဲမြင်တယ်
Jenkins အတွက် server တစ်လုံး , ansible အတွက်တစ်လုံး, registry အတွက် တစ်လုံး
ပြီးရင် deployment လုပ်မဲ့ software တိုင်းအတွက် server တွေရယ်
ပြောရရင် over engineer လုပ်တာ
ရုံးမှာ develop လုပ်ထားတဲ့ software တွေက လက်ချိုးရေလို့ရတယ်ကွာ
ဒါပေမဲ့ သူတို့က အဲ့ဒါမျိုး pipeline က ပိုမှန်တယ် ဘာညာပေါ့
မီကတော့ လက်မခံဘူး CI/CD ဆိုတာဒါတွေကိုဆိုလိုတာမှမဟုတ်တာ
သူတို့က Devops တွေဆိုတော့ သူတို့ပြောတာမှန်မှာပေါ့
ကျွန်တော်ကတော့ အလုပ်မရှိ ကြောင်ရေချိုးလို့ပဲ ခံစားရတယ်
မကြာပါဘူး ရုံးမှာရှိတဲ့ senior တွေက လစာမကောင်းလို့ဆိုပြီး ပြောင်းတော့ senior ၃ယောက်ပဲကျန်တယ်
Senior 3 ယောက်နဲ့ Junior က 20 ကျော်ကျန်ခဲ့တာ
သူတို့ကြားထဲမှာ ဟိုမရောက် ဒီမရောက်ကတော့ မီပေါ့
အဲ့မှာ မီ့ကို လစာတိုးပေးပြီး project leader လုပ်ခိုင်းတာပဲ
.....
.
...
..
.
...
နောက်မှပဲဆက်ရေးတော့မယ် 😁
Keep Reading