Spirit
Laptop ဝယ်မယ်ဆိုတိုင်း နားလည်တတ်ကျွမ်းတဲ့သူကို ရှာနေရတုန်းလား။ ဒါဆိုရင် ဒီစာကို အဆုံးထိဖတ်ဖို့ လိုအပ်နေပါပြီ။ 🤭
ကဲဗျာ.... Laptop တစ်လုံးဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားရမှာလဲ❓
💻 ပထမဆုံးအနေနဲ့ မဝယ်ခင်မှာ ကိုယ်ဘာအတွက်သုံးမှာလဲဆိုတာကို သေချာသိဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်နဲ့ကိုက်ညီမဲ့စက်မျိုးကို ရွေးချယ်နိုင်ပါလိမ့်မယ်။ ဥပမာ- Online class တွေတက်ဖို့၊ Photo editing, Video editing တွေလုပ်ဖို့ စသဖြင့်ပါ။
💻 တော်တော်များများက Laptop ဝယ်ပြီဆိုရင် အပြင်ပန်း သဏ္ဍန်၊ အရောင် စတာတွေကို အရင်ကြည့်ကြပြီး အရောင်လှတာ၊ ပုံစံလှတာကိုသာ ရွေးချယ်တတ်ကြပါတယ်။ ဒါက အတွင်းပိုင်း System နဲ့ယှဉ်လိုက်ရင် အရေးကြီးတဲ့အရာ မဟုတ်ဘူးလို့ ကျွန်တော်ကတော့ မြင်မိပါတယ်။
အတွင်းပိုင်းမှာ ဘာတွေကြည့်ကြမလဲ❓
💻 RAM နဲ့ CPU ကို ကြည့်ကြပါမယ်။ RAM လိုပြောလိုက်ပြီဆိုရင် RAM များလေလေ Laptop performance ပိုကောင်းလေလေဆိုတဲ့ စကားကို ကြားဖူးကြပါလိမ့်မယ်။ ဒါကမမှန်ဘူးလားဆိုရင် မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ RAM မြင့်တာကိုပဲရွေးမဝယ်ဘဲ ကိုယ်သုံးမဲ့ software တွေကို ကြည့်ပြီးဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။ Microsoft software တွေနဲ့ Email ပို့တာတွေအတွက် RAM 2GB, Photo editing နဲ့ 2D Game, online class သမားတွေအတွက် ဆိုရင် အနည်းဆုံး RAM 4 GB နဲ့ Video editing, 3D Game နဲ့ Engineering Software တွေအတွက်ဆိုရင် အနည်းဆုံး 8GB က လုံလောက်ပါတယ်။
💻 CPU မှာဆိုရင်တော့ Intel နဲ့ AMD Ryzen ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကိုယ်ကြိုက်တဲ့ တံဆိပ်ကို ရွေးချယ်လို့ရပါတယ်။ Microsoft software တွေနဲ့ Email ပို့တာတွေနဲ့ Internet Browsing အတွက် i3 ဒါမှမဟုတ် Ryzen 3, Photo editing နဲ့ 2D Game, online class သမားတွေအတွက် i5 ဒါမှမဟုတ် Ryzen 5 နဲ့ Video editing, 3D Game နဲ့ Engineering Software တွေအတွက် i7 ဒါမှမဟုတ် Ryzen 7 ကို အသုံးပြုရမှာဖြစ်ပါတယ်။
💻 ဒါတွေသိထားပြီးပြီဆိုရင် Laptop သွားဝယ်တဲ့အခါ တစ်ယောက်တည်းသွားလို့ရပါပြီ။ နောက်ဆုံးအနေနဲ့ ကျွန်တော့်လို ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ် အစုံသုပ်၊ အသုပ်စုံသမားများအတွက်ကတော့ RAM အမြင့်ဆုံးနဲ့ CPU အမြင့်ဆုံးသာ ရွေးဝယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 🤗
#Spirit
#Spirit_for_you
#Computer
#Laptop
Keep Reading