Rimuru ✨
“Hello Java World!” ကိုနောက်ပုံစံ တစ်မျိုးနဲ့ ရေးကြည့်ရအောင်။
Programming က ပျော်စရာကောင်းတယ်လို့ မထင်မိကြဘူးလား။ ဒါဆို အဲဒီ အတိုင်းလေးပဲ ဆက်သွားကြရအောင်။
ပြုလုပ်ရန်။ “Hello World” program ကိုပြင်ပြီး run ကြည့်မယ်။
“Hello World” program ပုံမှန်အတိုင်း အလုပ်လုပ်ပါသလား။
Coding တွေ ရေးရင်း ရေးရင်းနဲ့ program အတွက် Coding ရေးရတာကို စိတ်၀င်စားဖို့ကောင်းတယ်ဆိုတာ သိလာမှာပါ။ Program တွေကို တစ်ခုပြီးတစ်ခု စမ်းရေးချင်တဲ့ စိတ်တွေ ပေါ်လာပါလိမ့်မယ်။
Program ကို တကယ် စိတ်၀င်စားရင် Program အကြောင်း ပိုနားလည်ပြီး Coding ရေးရတာကို အရသာတွေ့လာပါလိ့မ်မယ်။
ဒီသင်ခန်းစာမှာတော့ Coding နဲ့ ပတ်သက်ပြီး ကောင်းကောင်းရေးနိုင်မယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင် သင်ပေးသွားမှာပါ။
ကဲ ဒါဆို စလိုက်ရအောင်။
“Hello World” program ကို “Hello Java World!” ဆိုတဲ့ စာပြောင်းချင်ရင် println ဆိုတဲ့ စာကြောင်းမှာ အစားထိုးလိုက်တာနဲ့ မြင်ရမှာပါ။
အောက်မှာ ရှိတဲ့ ပုံစံအတိုင်းရေးလို့ ရပါတယ်။ ရေးပြီးသွားရင်တော့ ဘယ်လို output ထွက်လဲ ကြည့်ကြည့်တာပေါ့။
public class Hello World
{
public static void main(String[]args)
{
String message; message = “Hello Java World ! “;
System.out.println(message);
}
}
ဒီ Coding လေးကို Compile လုပ်လိုက်ရင် အောက်မှာမြင်ရတဲ့ အတိုင်း Screen ပေါ်မှာ မြင်ရမှာပါ။
Program ထဲမှာ ရေးထားတဲ့ ပုံစံက ပြောင်းသွားပေမယ့် Screen ပေါ်မှာ မြင်ရတာကတော့ အတူတူပဲဆိုတာကိုတွေ့ကြမှာပါ။
ဒါဆို Coding ထဲမှာ ဘာတွေ ပြောင်းသွားလဲဆိုတာကို ယှဉ်ကြည့်ပါ။
ယှဉ်ကြည့်လို့ ပြီးသွားပြီလား။
Line တွေ တိုးလာတာကို သတိထားမိမှာပါ။ ပြီးတော့ println ကိုသုံးတဲ့ ပုံစံလဲ ပြောင်းသွားပါတယ်။ အရင်ဆုံး မရှင်းပြခင်မှာ program မှာ comment တွေရေးထားဖို့လိုပါတယ်။(Comment ဆိုတာ program နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကို မှတ်ထားတာကို ခေါ်ပါတယ်။
၁. ပြောင်းလိုက်တဲ့ စာကြောင်းကို output ပြခြင်း
ဘာတွေ ပြောင်းလဲသွားတာလဲ။ စစချင်းတော့ နားလည်ရ ခက်ပါတယ်။
Println ရဲ့ “Hello Java World!” ဆိုတဲ့ နေရာမှာ “message” ဆိုပြီး ပြောင်းသွားပါတယ်။
သင်ခန်းစာ ၁-၅ အထိ သိခဲ့ကြတာက println ရဲ့ ကွင်းစ ကွင်းပိတ်မှာ ရှိတာကို မြင်ရတယ်လို့ပဲ သိခဲ့တာပါ။ ဒါဆို အခု “message” လို ရေးထားပေမယ့် ဘာလို့ ရေးထားတဲ့ အတိုင်း မပေါ်တာလဲ။
၂. Output အတွက် String ကြော်ငြာခြင်း
ဒီ message ကို Line မှာ အရင်ဆုံးမြင်ရလား ဆိုတာ ရှာကြည့်ပါ။ အဲ့ဒီ့ line က ဘာကိုဆိုလိုတာလဲ။ အဲဒီ့ line မှာ “message” လို့ခေါ်တဲ့ variable ကို String ပုံစံနဲ့ ကြော်ငြာလိုက်တာပါ။
ရိုးရိုးရှင်းရှင်းနားလည်အောင် ပြောရမယ်ဆိုရင် computer ကို “message” လို့ခေါ်တဲ့ string တွေ သိမ်းလို့ရတဲ့ variable တစ်ခု ပ
Unlock to read this premium article with 10 points.