Rimuru ✨
တွက်ချက်တဲ့ program ရေးပြီး အဖြေကို output ထုတ်ကြည့်မယ်။
ပြီးခဲ့တဲ့သင်ခန်းစာနဲ့ ပတ်သက်လို့ စကားလုံးအသစ်တွေ အများကြီး သိခဲ့ပါတယ်။ သေချာနားလည်ခဲ့ပါသလား။ ဒီသင်ခန်းစာမှာတော့ ပြီးခဲ့တဲ့ သင်ခန်းစာတုန်းက သိခဲ့တဲ့ စကားလုံးတွေကို ပြန်သုံးမှာဖြစ်တဲ့ အတွက်ကြောင့် မေ့သွားခဲ့ရင် သင်ခန်းစာ တေွကိုပိုနားလည်အောင်လို့ ပြန်လေ့လာစေလိုပါတယ်။
ကြိုတင်လေ့လာရန်။ သင်ခန်းစာ အစကနေ ပြီးခဲ့တဲ့ သင်ခန်းစာအထိကို နားလည်အောင်ဖတ်ပါ။ Variable, Type အစရှိတဲ့ keyword တွေကို နားလည်အောင်လုပ်ပါ။
အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ program ပုစာၦကို စလိုက်ရအောင်။
ပုစာၦက နံပါတ် ၆ နဲ့ ၃ရဲ့ ပေါင်း၊ နှုတ်၊ မြှောက်၊ စား လုပ်လို့ရတဲ့အဖြေကို output ပြပါ။
အရင်ဆုံး ကိုယ့်ဟာကို စမ်းပြီးတော့ ရအောင်ကြိုးစားပြီး ဒီပုစာၦအတွက် program ကို ရေးကြည့်ပါ။
Program မရေးခင် program ထဲမှာ သုံးတဲ့ လက္ခဏာပုံစံတွေကို သိဖို့လိုပါတယ်။
လက္ခဏာအသုံးပြုပုံကို အောက်က ဇယားကွက်ထဲမှာ ဖော်ပြထားပါတယ်။
ပေါင်း
+
နှုတ််
–
မြှောက်
*
စား
/
Program ကို စမ်းပြီး စရေးကြည့်လို့ ရပါပြီ။
Program ကို စမ်းရေးကြည့်ပြီးပြီလား။
ဒီ ပုစာၦကို ရေးနိုင်တဲ့ လူတွေရှိသလို မရေးနိုင်ကြသေးတဲ့ လူတွေလဲ ရှိမှာပါ။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ကိုယ့်ဟာကို စဉ်းစားပြီး ရေးကြည့်ဖို့ပါပဲ။
public class Calculate
{
public static void main(String[] args)
{
System.out.println(6 + 3);
System.out.println(6 – 3);
System.out.println(6* 3);
System.out.println(6 / 3);
}
}
(၁)Example1 အဖြေ
Output ကိုတော့ အောက်မှာရှိတဲ့ command prompt မှာ ရှိတဲ့ အတိုင်း မြင်ရမှာပါ။
ရိုးရိုးရှင်းရှင်းနဲ့ ရေးထားတဲ့ program ပါ။
ဒီ program ကို လုပ်နိုင်မယ်လို့ ထင်ခဲ့ရင် ဒါမှမဟုတ် ကိုယ်တိုင် ရေးနိုင်ခဲ့တယ်ဆိုရင်တော့ တော်တယ်လို့ သတ်မှတ်ရမှာပေါ့။
အရင် သင်ခန်းစာမှာ သိခဲ့တဲ့ “variable” ဒါမှမဟုတ် “type” ကို သုံးမယ်ပြောပြီး ရှာနေကြမယ် ထင်ပါတယ်။ တကယ်တော့ “variable”
ရော “type” ရော မပါပဲရေးထားတဲ့ program ရိုးရိုးလေးပါ။
ထူးဆန်းတာ တစ်ခုကတော့ ဒီပုစာၦကို ဒီလိုမျိုး ရိုးရိုးရှင်းရှင်း println ကို သုံးထားတဲ့ ပုံစံနဲ့ ရေးလို့ ရပါလားဆိုတဲ့ thinking ပါပဲ။
အရေးကြီးတဲ့ အချက်ကတော့ ကိုယ်သုံးခဲ့ဖူးတဲ့ ပုံစံကို မှတ်ထားပြီး နောက်တစ်ခြား program ထဲမှာလဲ ထည့်သုံးလို့ ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးရှိဖို့ လိုပါတယ်။
တခါတလေ လိုအပ်ချက်တွေ ရှိနေနိုင်ပေမယ့် အကျိုးအကြောင်း ဆီလျှော်အောင် တွေးနိုင်ဖို့ အရေးကြီးပါတယ်။
Output ပြနိုင်ဖို့အတွက် println ရဲ့ ကွင်းစ ကွင်းပိတ် “()” ထဲမှာ ရိုးရိုးတန်းတန်း ရေးလို့ရတယ်ဆိုတာ မမှားဘူးဆိုပေမယ့် coding တစ်ကြောင်းထဲမှာ အားလုံးစုပြုံရေးပြီး ထည့်ထားရပါတယ်။
အောက်မှာရှိတဲ့ example ကို ကြည့်ကြည့်ပါ။
System.out.println(6+3);
အဲဒီ example ဘယ်လို အလုပ်လုပ်လဲဆိုတာကို အောက်မှာ ရှင်းထားပါတယ်။
(၁) variable ကြော်ငြာခြင်း
(၂) variable ထဲကို 6+3 ရဲ့ result ကိုသိမ်းခြင်း
(၃) println ကိုသုံးပြီး variable ထဲက တန်ဖိုးကို ပြခြင်း
အဲဒီလို လုပ်ဆောင်ချက်တွေကို တစ်ပေါင်းထဲ coding ၁ ကြောင်းထဲမှာ ရေးလိုက်တာပါ။
ဒီလို အဆင့်မျိုး output ထုတ်တာ ရင်းနှီးနေတယ်လို့ မထင်မိဘူးလား။
ရင်းနှီးနေမှာပါ။ ဘာလို့လဲဆိုတော့ အရင်သင်ခန်းစာမှာတုန်းက “variable”ထဲက value ကို “println”
သုံးပြီး output ပြခဲ့တဲ့ ပုံစံနဲ့ အတူတူပါပဲ။
public class Calculate
{
public static void main(String [] args)
{
//
Unlock to read this premium article with 10 points.