May Hua
Variable ကို သေတ္တာအလွတ် တစ်လုံးလို့ မှတ်ယူလိုက်ပါ။ အဲ့သေတ္တာကို နာမည်ပေးလို့ရတယ်။ သူ့ထဲမှာ ကြိုက်တာထည့်လို့ရတယ်။
အဲ့သေတ္တာကို ပြန်သုံးချင်ရင် သူ့နာမည်ကို ခေါ်လိုက်ရုံပဲ။
အရင်ဆုံး သေတ္တာတစ်လုံးဖန်တီးမယ်။ အဲ့သေတ္တာကို user_name လို့ အမည်ပေးလိုက်မယ်။
user_name
အဲ့သေတ္တာထဲကို value တစ်ခုထည့်မယ်။
user_name = ‘May Hua’
သေတ္တာနာမည်ကို ခေါ်လိုက်ရင် သေတ္တာထဲက တန်ဖိုးကို ရလိမ့်မယ်။
အဲ့သေတ္တာကို variable လို့ခေါ်ပြီး သေတ္တာရဲ့နာမည်ကို variable name လို့ခေါ်ပါတယ်။ သေတ္တာထဲက တန်ဖိုးကို value လို့ခေါ်ပါတယ်။
= ကို assignment operator လို့ခေါ်ပြီး ဒီလုပ်ငန်းဖြစ်စဉ်ကို variable assign လုပ်တယ်လို့ခေါ်ပါတယ်။
Why do we use variables in programming languages?
Mobile App ဒါမှမဟုတ် Project တစ်ခုခုရေးတဲ့အခါ data တွေနဲ့လုပ်ဆောင်ရပါတယ်။ ဥပမာ user’s name, user’s amount, user’s password စသဖြင့်ပါ အဲ့ data တွေကို ပြန်သုံးချင်ရင် အလွယ်တကူခေါ်သုံးလို့ ရအောင် သေတ္တာအလွတ်တစ်လုံးထဲထည့်ပြီး အဲ့သေတ္တာကို သက်ဆိုင်ရာ နာမည်ပေးလိုက်တဲ့သဘောပါ။ ဥပမာ user တွေရဲ့ အမည်ထည့်ထားတဲ့ သေတ္တာဆိုရင် users_names ဆိုပြီးပေးလိုက်တာပါ။
ပြီးတော့ variable ရဲ့တန်ဖိုးတွေက dynamically ပြောင်းလဲနိုင်ပါတယ် အဲ့လို ပြောင်းလဲမှလည်း app တစ်ခုဖန်တီးရတာ အသုံးဝင်မှာပါ တချို့ data တွေကဒီတိုင်းအသေကြီးဖြစ်နေရင် အဆင်မပြေပါဘူး။
ဥပမာ user_name က ‘May Hua’ တစ်ယောက်တည်း ဖြစ်နေလို့မရပါဘူး user က ထည့်လိုက်တဲ့ နာမည်ပေါ်လိုက်ပြီး user_name က dynamically ပြောင်းရတာပါ။ user တွေကတစ်ယောက်ထဲမဟုတ်ပဲ အများကြီးရှိပါတယ် ဒီအချက်ကြောင့်လည်း variable ကိုအသုံးပြုကြခြင်းဖြစ်ပါတယ်
Keep Reading