SarPhat Author
“အမှားတွေလုပ်လို့ရတယ်၊ ဒါပေမဲ့ မြန်မြန်ရုန်းထွက်ဖို့တော့လိုမယ်”
ဒီနေ့လေးမှာတော့ ကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက် ကြိုးစားရုန်းကန်နေတဲ့ လူငယ်များရဲ့ အနာဂတ်ဘဝတိုးတက်ရေးအတွက် Upwork Co-Founder တစ်ဦးဖြစ်တဲ့ Beerud Sheth ရဲ့ ကိုးကားချက်လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။
Beerud Sheth ဟာဆိုရင် စီးပွားရေးလုပ်ငန်းတွေအတွက် ရည်ရွယ်ထားတဲ့ Conversational Messaging Platform ဖြစ်တဲ့ Gupshup ရဲ့ Co-Founder & CEO တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် Beerud က Elance (ယခုလူသိများတဲ့ Upwork) ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး အွန်လိုင်း Freelancing ကို ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
အထက်ပါဖော်ပြပေးထားတဲ့ Beerud Sheth ရဲ့ ကိုးကားချက်လေးမှာဆိုရင် အမှားတွေ လုပ်ခြင်းက တိုးတက်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အမှားတွေလုပ်မိမှာကို မကြောက်ဖို့နှင့် အဲ့ဒီအမှားတွေကို ကြောက်နေမဲ့အစား ဇွဲရှိရှိနှင့် ခံနိုင်ရည်အပြည့်ဖြင့် အမှားတွေကနေ လျင်မြန်စွာ ပြန်ထနိုင်ဖို့ကိုပဲ အာရုံစိုက်ဖို့ ပြောကြားထားပါတယ်။
ဒါကြောင့်မို့လို့ လူငယ်များအနေနဲ့ ကိုယ့်ရဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အတွက် ကြိုးစားနေချိန်မှာ အမှားတွေလုပ်မိမှာကို ကြောက်မနေပဲ အမှားတွေကနေ သင်ခန်းစာများကို ထုတ်ယူပြီး တိုးတက်မှုအတွက် ခြေလှမ်းအဖြစ် အသုံးပြုလိုက်ပါလို့ တိုက်တွန်းအကြုံပြုရင်း Beerud Sheth ရဲ့ ကိုးကားချက်လေးကို မျှဝေပေးလိုက်ပါတယ်။
“အမှားတွေလုပ်လို့ရတယ်၊ ဒါပေမဲ့ မြန်မြန်ရုန်းထွက်ဖို့တော့လိုမယ်”
Keep Reading