Spirit
ဟိုးအရင်တစ်ချိန်ကတော့ Desktop Computer ဒါမှမဟုတ် Laptop တစ်လုံးမှမရှိရင် Code ရေးလို့မရဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒါဟာ မမှန်တော့ပါဘူး။ ဘာလို့လဲဆိုရင် Mobile Phone ရှိရုံနဲ့တင် Code ရေးလို့ရနေပါပြီ။ ဆိုတော့ တစ်ချိန်က ကျွန်တော့်အိပ်မက်ဖြစ်တဲ့ Phone နဲ့ Code ရေးလို့ရရင် သိပ်ကောင်းမှာပဲဆိုတဲ့အရာက အမှန်တကယ်ဖြစ်လို့လာပါပြီ။ 🤗
ဘယ် ပညာရှင်ကမှ ဖုန်းနဲ့ Code ရေးမှာမဟုတ်ဘူးဆိုတာမျိုး၊ Project အကြီးကြီးတွေရေးတဲ့အခါ ဖုန်းနဲ့မရပါဘူးဆိုတာမျိုး တချို့တွေက ပြောကောင်းပြောပါလိမ့်မယ်။ ဒါကလည်းမမှားပါဘူး။ Project အကြီးကြီးတွေ ရေးလို့မရဘူးဆိုပေမဲ့ အခုမှစပြီး လေ့လာမဲ့ Beginners တွေအတွက် အများကြီးအထောက်အကူပြုပါတယ်။ Assignment တွေလောက်ထိတော့ ရေးလို့ရပါတယ်။ ပြီးတော့ Laptop ဝယ်နိုင်မှစပြီးလေ့လာမယ်ဆိုတာထက်စာရင် ကိုယ့်မှာရှိတဲ့အရာလေးနဲ့အကောင်းဆုံးလေ့လာထားတဲ့အခါ အထောက်အကူပြုစေမှာပါ။ 🤩
ဆိုတော့ Code ရေးလို့ရတဲ့ App လေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ Replit လို့ခေါ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် Gmail account တစ်ခုရှိရင်ရပါပြီ။ ကျန်တဲ့အသုံးပြုနည်းကိုတော့ ပုံလေးထဲမှာ လေ့လာလို့ရပါတယ်ဗျ။ ✨
App Link 👇
https://play.google.com/store/apps/details?id=com.replit.app
#Spirit
#App_Sharing
#Web_Development
#replit
Keep Reading