Moe
လူငယ်တွေကြားမှာအသုံးများတဲ့appတစ်ခုဖြစ်တဲ့ Snapchat ဆိုရင်စာဖတ်သူတွေသိကြမယ်ထင်ပါတယ်ရှင့်။ခုတစ်ခါမှာတော့ဒီ appကိုသုံးခြင်းရဲ့ဆိုးကျိုးတွေကိုပြောပြပါရစေရှင့်။
1.ဒီappက ပုံတွေကိုကိုယ့်စိတ်ကြိုက်ပြောင်းလဲနိုင်တယ်ဆိုတဲ့အချက်ရှိတာကြောင့် ဒီappကို အလွန်အကျူး စွဲလမ်းလာစေပါတယ်။
2.စိတ်ကျန်းမာရေး ချို့ယွင်းလာစေပါတယ်။
3.လူငယ်၊လူရွယ်တွေထဲမှာ ဖုန်းနည်းပညာမကျွမ်းကျင်သူတွေကိုပစ်မှတ်ထားပြီးတော့ hackerတွေရဲ့ ဆိုက်ဘာချိုးဖောက်မှုကိုလည်းခံရနိုင်ပါတယ်ရှင့်။
4.Personal detailsတွေကိုပါ အကုန်ပေါက်ကြားနိုင်ပါတယ်။
5.ဒီappကိုသုံးတာများလာရင် လက်တွေ့ဘဝမှာပါ မျက်စိနဲ့မြင်နေရတာတွေက Snapchatထဲရောက်နေသလို ကမောက်ကမတွေဖြစ်ပြီး ဉီးနှောက်ချို့ယွင်းသွားစေနိုင်ပါတယ်။
6.ဒီappကိုပဲသုံးနေတော့တာမို့ အချိန်ဖြုန်းနေတတ်ပါတယ်။
ဒါကြောင့် ဒီappကိုသုံးမယ်ဆိုရင်self controlကောင်းကောင်းထားနိုင်ပြီး ဖုန်းနည်းပညာတတ်ကျွမ်းမှသုံးစွဲကျဖို့ စာဖတ်သူများကိုတိုက်တွန်းပါရစေရှင့်။
#Moe
#Knowledge
#forward_only
Keep Reading