SarPhat Author
အားလုံးပဲမင်္ဂလာပါ။ ဒီနေ့မှာတော့ နည်းပညာနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ချင်တဲ့ အမျိုးသမီးများအတွက် စံနမူနာတစ်ခုအဖြစ် လေးစားအတုယူနိုင်ဖို့ Google ရဲ့ Software Engineer တစ်ဦးဖြစ်တဲ့ Adriana Porter Felt ရဲ့ အောင်မြင်မှုခရီးစဥ်ကို အားလုံးနှင့်အတူ မျှဝေပေးချင်ပါတယ်။
အောင်မြင်မှုဆိုတာ ကျရှုံးမှုတွေကနေ ပေါ်ပေါက်လာတာဖြစ်လို့ Adriana Porter Felt တစ်ယောက် ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားပြီး အောင်မြင်တဲ့ အမျိုးသမီးSoftware Engineer တစ်ဦးဖြစ်လာလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။
Adriana Porter Felt ရဲ့ အောင်မြင်မှုခရီးစဥ်ကတော့ ရပ်ကွက်ငယ်လေးတစ်ခုကနေ စတင်ခဲ့ပြီး နည်းပညာကို ကလေးဘဝတည်းက နှစ်သက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာဆိုရင် ငယ်ရွယ်စဉ်ကတည်းက ကွန်ပြူတာများနှင့် ပက်သက်ပြီး Code ရေးခြင်းကို သဘောကျကြောင်း သူမကိုယ်တိုင် နားလည်သဘောပေါက်ခဲ့ပါတယ်။ သို့သော်လည်း နည်းပညာနယ်ပယ်မှာ ခေါင်းဆောင်တစ်ဦးဖြစ်လာဖို့အတွက် သူမရဲ့ အိပ်မက်များက ထိုအချိန်တုန်းက အလှမ်းဝေးနေပါတယ်။
Adriana ရဲ့ ခရီးလမ်းရဲ့ ပထမဆုံးစိန်ခေါ်မှုကတော့ ကောလိပ်တက်ခဲ့ရတဲ့ အချိန်တွေပဲဖြစ်ပါတယ်။ သူမက ပညာရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် မလုပ်နိုင်တော့ဘူးလို့ စိတ်ဓာတ်ကျခဲ့သော်လည်း သူမရဲ့ ဇွဲလုံ့လနှင့် စိတ်ပိုင်းဖြတ်မှုတွေက သူမကို ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒီလိုနဲ့ Adriana ဟာ သူမရဲ့ အနာဂတ်ခရီးလမ်းအတွက် ကွန်ပြူတာသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။
ဘွဲ့ရပြီးနောက် Adriana ရဲ့ ပထမဆုံးအလုပ်ကတော့ နည်းပညာကုမ္ပဏီကြီးတစ်ခုတွင်မဟုတ်ဘဲ လူသိနည်းတဲ့ ကုမ္ပဏီတစ်ခုမှာ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ရာထူးအနေဖြင့် စွဲမက်စရာမကောင်းသော်လည်း၊ အဲ့ဒီလုပ်ငန်းခွင်ကပဲ သူမကို အဖိုးတန်တဲ့ အတွေ့အကြုံနှင့် သူမရဲ့ အရည်အချင်းများကို ပြန်လည်ပြင်ဆင်ဖို့အတွက် အခွင့်အရေးပေးခဲ့ပါတယ်။ Adriana က ဒီကာလအတွင်းမှာ သူမရဲ့ အမှားတွေကနေ ဇွဲလုံ့လရဲ့ အရေးပါမှုကို သင်ယူနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး Adriana တစ်ယောက် Software Engineer အဖြစ် Google သို့ ဝင်ရောက်နိုင်တဲ့အခါတွင် သူမရဲ့ ထူးခြားတဲ့ Code ရေးခြင်းစွမ်းရည်၊ ဇွဲလုံ့လနှင့် ပြဿနာဖြေရှင်းခြင်းစွမ်းရည်များက သူမရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် ကြီးကြပ်ရေးမှူးများရဲ့ အာရုံစိုက်မှုကို လျင်မြန်စွာ ဖမ်းစားနိုင်ခဲ့ပါတယ်။ သူမဟာဆိုရင် ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းကို လိုအပ်တဲ့ အရေးကြီးပရောဂျက်များတွင် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။
Adriana ဟာဆိုရင် သူမရဲ့ ထူးခြားတဲ့စွမ်းရည်နှင့် ကြိုးစားမှုများကြောင့် Google တွင် Software Engineer မှ Senior Engineer ဖြစ်လာခဲ့ပြီး၊ ထို့နောက် နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူ၊ တဖြေးဖြေးနဲ့ နောက်ဆုံးတွင် မန်နေဂျာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမက ပရောဂျက်တစ်ခုစီတိုင်းတွင် စိန်ခေါ်မှုအသစ်များကိုရင်ဆိုင်ခဲ့ရပြီး စိတ်အားထက်သန်စွာဖြင့် လေ့လာသင်ယူခဲ့ပါတယ်။
အခုလိုမျိုး အောင်မြင်မှုတွေကြားက Adriana ဟာ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ဘက်လိုက်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း ဒီစိန်ခေါ်မှုတွေကို သူမရဲ့ အောင်မြင်မှုအတွက် အသုံးချခဲ့ပါတယ်။ Adriana Porter Felt ဟာ Google တွင် (၈) နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက်မှာ အခုဆိုရင် Google မှ Chrome အဖွဲ့တွင် Director of Engineering တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဒါဆိုရင်တော့ Adriana Porter Felt ရဲ့ ဖြတ်သန်းခဲ့ရတဲ့ အိမ်မက်ဘဝခရီးစဥ်ကို သိရှိသွားကြပြီဖြစ်လို့ မြန်မာနိုင်ငံရှိ နည်းပညာနယ်ပယ်ထဲသို့ ဝင်ရောက်ချင်ကြတဲ့ အမျိုးသမီးအတွက် အားအင်တစ်ခုဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
ဒီဇာတ်လမ်းလေးကနေတစ်ဆင့် ကိုယ့်ရဲ့ အိမ်မက်ခရီးလမ်းကို လျှောက်လှမ်းတဲ့အခါမှာ စဉ်ဆက်မပြတ်လေ့လာနေဖို့နှင့် မယိမ်းယိုင်တဲ့ ဇွဲလုံ့လတို့ကို အမြဲဖော်ဆောင်နေဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
Keep Reading