May Hua
ဒီနေ့မှာတော့ developer တွေ programmer တွေအနေနဲ့ မဖြစ်မနေသိထားသင့်တဲ့ အရာလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ အဲ့တာကတော့ Algorithm ပဲဖြစ်ပါတယ်။ 😎😎
တချို့တွေကတော့ Algorithm ကိုလေ့လာရတာ ခက်ခဲတဲ့ ပညာရပ်တစ်ခုလို့ သိထားကြပါတယ်။ 🤔🤔 တကယ်တော့
Algorithms are step by step instructions for doing something.
ရှင်းရှင်းလေးပါပဲ။
တစ်ခုခုကို လုပ်ဆောင်ဖို့ ဒါမှမဟုတ်တစ်ခုခုပြီးမြောက်ဖို့အတွက် အဆင့်ဆင့်လုပ်ဆောင်မှုတွေကို ပေါင်းထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။
Computer နယ်ပယ်မှာပဲ မဟုတ်ဘဲ နေ့စဉ်ဘဝမှာလည်း Algorithm ကိုသုံးနေကြပါတယ်။ ဥပမာ ကြက်ဥကြော်မယ်ဆိုပါတော့ ကြက်ဥကြော်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ပုံအဆင့်တွေ ရှိပါတယ်။ ပထမဆုံးအနေနဲ့ မီးဖိုဖွင့်ရမယ်။
ပြီးရင် အိုးကိုမီးဖိုပေါ်တင်ပြီး ဆီထည့်ပြီး အပူပေးရမယ်။ ပြီးရင် ကြက်ဥကို ခေါက်ပြီး အိုးထဲထည့်ကြော်ရမယ်။ ကျက်သွားရင် ကြက်ဥကို အိုးထဲကနေ ယူပြီး ပန်းကန်ထဲထည့်မယ်။ ဒီလိုမျိုးကြက်ဥကြော်တစ်ခု ရဖို့ အဆင့်ဆင့်လုပ်ဆောင်ကြပါတယ်။
တစ်ချို့အဆင့်တွေက လုံးဝကျော်လို့မရဘဲ တစ်ခုပြီးမှ တစ်ခုလုပ်လို့ရတာပါ။ ဥပမာ အိုးကို မီးဖိုပေါ်တင်ပြီးမှ ကြက်ဥထည့်လို့ရတာမျိုးပါ။
အလားတူပဲ Computer တွေကို တစ်ခုခုလုပ်ဆောင်ဖို့ instruction ပေးရတဲ့အခါ သူတို့ကလူမဟုတ်တဲ့အတွက်ကြောင့် ပိုပြီးတော့ တိကျတဲ့ instruction ကိုပေးရပါတယ်။ Instruction မှာ အဆင့်ကျော်သွားတာမျိုး အပေါ်အောက်လွဲသွားတာမျိုးဆိုရင်တော့ developer/ programmer တွေကြောက်တဲ့ error တွေတက်နိုင်ပါတယ်။ 😮💨😮💨
နိဂုံးချုပ်အနေနဲ့ Algorithm ဆိုတာ အလုပ်တစ်ခု ပြီးမြောက်ဖို့ လုပ်ဆောင်ချက်အဆင့်အဆင့်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ Programming မှာဆိုရင်တော့ လုပ်ဆောင်ပုံပေါ်မူတည်ပြီး Algorithm တွေအများကြီးရှိပါတယ်။ ဒါတွေကိုတော့ နောက် content တွေမှာ ဆက်ပြီးဖော်ပြသွားပါမယ် 🤩🤩
Keep Reading