Author's Profile Photo

မြ (စံကားဝါမြေ)

7/07/2024

Panora Application is the best book shop for Mya!

1 min read
Panora Application is the best book shop for Mya!'s photo

❐ မြ ဒီPanoraလေးမှာ စာအုပ်ဝယ်ခဲ့ပါတယ်။ စာအုပ်လေးကို သောကြာနေ့က မှာလိုက်တာ ယနေ့ တနင်္ဂနွေနေ့မှာပဲ မြအိမ်ကို အိမ်တိုင်ရာရောက် Deliveryခ သက်သာစွာနဲ့ ရောက်ရှိလို့ လာခဲ့ရပါတယ်ရှင်။

❐ မြက မုန့်ဖိုးရှိတာနဲ့ စာအုပ်ဆိုင်သွားပြီး ဝယ်နေတတ်တဲ့သူတစ်ယောက်ပါ။ မြတို့မြို့မှာက စာအုပ်ဆိုင်တစ်ဆိုင်ပဲရှိတာပါ။ ဒါပေမယ့် စာအုပ်ဆိုင်ကလည်း ပုံမှန်မဖွင့်တော့ မြသွားတိုင်း ဆိုင်ပိတ်နေတာကိုပဲ တွေ့တွေ့နေရတဲ့အခါမှာ မြ ယခု Panora Applicationလေးထဲကနေ မြသဘောကျမိတဲ့ စာအုပ်လေးတွေကို Orderတင်ပြီး ဝယ်ယူဖြစ်ခဲ့ပါတယ်ရှင်။

❐ မြဆီကို အိမ်အရောက်လာပို့ပေးတဲ့ Royal Expressက Service အလွန်ကောင်းတဲ့အပြင် Panoraက စာအုပ်လေးကို ထုတ်‌ပိုးပေးလိုက်တဲ့ ပုံစံလေးက စာအုပ်လေးကို ဖတ်ဖို့အတွက် အပြင်ကစက္ကူကိုတောင် မဖွင့်ရက်၊ မဖောက်ရက်လောက်အောင်ထိကို သေသေချာချာ သပ်သပ်ရပ်ရပ်လေး ထုတ်ပို့ပေးထားလို့ အလွန်အင်မတန်မှကို သဘောကျမိပါတယ်ရှင်။

❐ ဒါ့အပြင် နောက်တစ်ချက်က မြတို့ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်ဆိုရင် Deliveryခက 4000ကျပ်ပါ။ ဒါပေမယ့် ဒီ Panora Applicationလေးထဲမှာ ဝယ်ယူရင် ဘယ်နေရာ၊ ဘယ်ဒေသကပဲ ဖြစ်နေပါစေ တန်ဆာခက 2000ကျပ်ပဲ ကျသင့်မှာဖြစ်ပြီး အိမ်ရောက်မှ ငွေချေရတာပါရှင်။ ငွေ‌ကြိုပေးရတဲ့စနစ် မဟုတ်ပါဘူးရှင်။

❐ ယခု အချက်တွေကြောင့် မြကတော့ မြမှာ မုန့်ဖိုးရှိသ၍ ဒီ Panora Applicationထဲက စာအုပ်လေးတွေကို စိတ်ကြိုက်ရွေးပြီး အမြဲအားပေးသွားတော့မယ် အမာခံပရိတ်သတ်တစ်ယောက်ပါရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
7.7.2024(Sunday)

Keep Reading