SarPhat Author
ကဲ..ဒီနေ့မှာတော့ ငယ်ငယ်တုန်းက ရုင်ရှင်ကြည့်ချင်လို့ အခွေဆိုင်ပြေးရတာ၊ DVD ဝယ်ရတာ၊ အခွေမရောက်သေးတာတို့ဖြစ်တဲ့ အခက်အခဲတွေကို ကျွန်တော်တို့ဆီက ယူဖြစ်သလိုပျောက်သွားအောင် ဖန်တီးပေးခဲ့တဲ့ Innovation တစ်ခုကို ပြပါဆို Netflix ကိုပဲ ပြေးမြင်မိမယ်ထင်ပါတယ်။
ဟုတ်ပါတယ်။ တစ်လ၊ တစ်လကို အသုံးပြုသူပေါင်း မီလီယံ ၂၃၈ သန်းကျော်နဲ့ ဘီလီယံ ၁၆၀ ကျော်တန်ကြေးရှိတဲ့ Business တစ်ခုဖြစ်တဲ့ Netflix ဟာ ကျွန်တော်တို့ရဲ့ ရုပ်ရှင်ကြည့်တဲ့ အလေ့အထကို ပြောင်းလဲရင်း ပိုကောင်းတဲ့ Innovation တစ်ခုကို နေ့စဉ်ဘဝထဲကို ယူဆောင်လာပေးခဲ့ပါတယ်။
ဒါဆို ဒီလို ဘီလီယံဒေါ်လာတန်ကြးရှိတဲ့ Netflix က ဘယ်လို အိုင်ဒီယာကနေတဆင့် စတင်ခဲ့လဲ။ ဘယ်သူတွေက တည်ထောင်ခဲ့လဲ။
၁၉၉၇ ခုနှစ်ဝန်းကျင်လောက်။ Reed Hastings ဆိုသူက Blockbuster က DVD ငှားရင်း နောက်ကျကြေးပေးခဲ့ရတာ စတာပါပဲ။ Blockbuster ဆိုတာက အဲ့အချိန်တုန်းက အမေရိကန်မှာ အကြီးဆုံး Video Rental Store တစ်ခု။ မြန်မာလိုဆိုဗျာ။ အခွေငှားဆိုင် အကြီးကြီးပေါ့။ ရပ်ကွက်တွေ၊ မြို့တွေတိုင်းမှာ သူ့ဆိုင်တွေရှိမယ်။ ဒီလိုနဲ့ စောနက Reed Hastings က DVD ငှားလို့ နောက်ကျကြေးပေးခဲ့ရာက Netflix ကို စတင်ခဲ့တော့တာပါပဲ။
အဲ့ချိန် ၁၉၉၉ ဝန်းကျင်မှာ Dot.com Bubble လို့ခေါ်တဲ့ Wave တစ်ခုဖြစ်နေချိန်ဆိုတော့ အင်တာနက်နဲ့ ပတ်သတ်တဲ့ Company တွေက အများကြီးပဲ။ Scam တွေ။ တကယ်လုပ်နေတဲ့သူတွေ။ ဒီတော့ Netflix အတွက်
တော့ လွယ်ကူလှတယ်တော့ မဟုတ်ဘူး။ အဲ့ချိန်တုန်းက Netflix က အွန်လိုင်းပေါ်ကနေ DVD တွေကို ငှားလို့ရတယ်။ US စာတိုက်ကနေ ပို့ပေးတယ်။
DVD ငှားချင်တဲ့သူတွေက အိမ်နားက အခွေဆိုင်မှာရှိတဲ့ ရုပ်ရှင်ပဲမဟုတ်ဘဲနဲ့။ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကို Online ပေါ်ကနေ မှာနိုင်တယ်။ Netflix က US စာတိုက်နေပို့ပေးတယ်။ နောက်က
Unlock to read this premium article with 10 points.