SarPhat Author
ကျွန်တော်တို့ လူငယ်တွေအနေနဲ့ နည်းပညာနယ်ပယ်ကနေ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လေ့လာတယ်၊ Code တွေကို စရေးကြည့်ကြတယ်။
ဒါပေမဲ့ အခုလိုမျိုး Code တွေကို စတင်လေ့လာပြီး ရေးကြည့်တဲ့အခါ “ကိုယ့်ကိုယ်ကို တိုးတက်လာလား” ဆိုတာကို ဘယ်လိုအချက်တွေကြည့်ပြီး သိနိုင်မလဲ?
ဆိုတော့ အောက်မှာ ဆက်ဖတ်ကြည့်ရအောင်…
(၁) ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း။
ကိုယ့်ရဲ့ လက်ရှိအရည်အချင်းကို သိနိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို မေးခွန်းတွေ မေးဖို့ လိုပါတယ်။
- ကြုံတွေ့ရတဲ့ Problem တွေကို ထိရောက်စွာ ဖြေရှင်းနိုင်ပြီလား?
- နောက်ထပ် ပရိုဂရမ်းမင်းဘာသာစကားများ (သို့မဟုတ်) Framework အသစ်တွေကို ကျွမ်းကျင်နေပြီလား?
- ပိုမိုရှုပ်ထွေးတဲ့ ပရောဂျက်တွေကို အေးအေးဆေးဆေး ကိုင်တွယ်နိုင်ပြီလား? စတဲ့ မေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ဖို့အတွက် မေးပေးဖို့ လိုအပ်ပါတယ်။
(၂) အရင်က လုပ်ခဲ့တဲ့ ပရောဂျက်များကို သုံးသပ်ခြင်း။
အရင်က လုပ်ခဲ့တဲ့ ပရောဂျက်ဟောင်းများကို ပြန်ကြည့်တဲ့အခါ အရင်ကထက်ပိုပြီးတော့ အဆိုပါ ပရောဂျက်တွေကို တခြားနည်းလမ်းနှင့် ဖြေရှုင်းနိုင်နေပြီလား? (ဒါမှမဟုတ်) Code ဖတ်နိုင်စွမ်းတွေ၊ Efficiency နှင့် Structure တွေကို ပိုမိုမြှင့်တင်နိုင်နေပြီလား? ဆိုတာကို ပြန်လည်သုံးသပ်ပါ။
(၃) အကြံပြုချက်များ တောင်းခံခြင်း။
ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ လမ်းညွှန်ပေးသူတွေနှင့် အွန်လိုင်းအသိုင်းအဝိုင်းများထံမှ အကြံပြုချက်များကို တောင်းခံပါ။ သူတို့ရဲ့ နည်းစနစ်ကျတဲ့ အကြုံပြုချက်တွေကနေ ကိုယ်က ဘယ်နေရာမှာ တိုးတက်သွားလဲ? ဘယ်နေရာမှာ အာရုံစိုက်ဖို့ လိုအပ်သွားလဲ? ဆိုတာကို ပိုပြီး သိသာမြင်သာစေပါတယ်။
(၄) ကိုယ့်ရဲ့ လေ့လာမှုများကို မှတ်သားထားခြင်း။
ကိုယ်လေ့လာခဲ့တဲ့ အကြောင်းအရာတွေကို ဘယ်နေ့မှာ ဘာတွေကို လေ့လာခဲ့လဲ ဆိုတာကို မှတ်သားထားမယ်ဆိုရင် ကိုယ်ဘယ်လောက် လေ့လာခဲ့လဲ? ဘယ်လောက်ထိ ရောက်အောင် သွားနိုင်ခဲ့လဲ? ဆိုတာကို သိနိုင်ပါတယ်။
(၅) Problem-Solving Skills ကို အကဲဖြတ်ခြင်း။
Coding Challenges သို့မဟုတ် Algorithmic Problem တွေကို ဖြေရှင်းရင်း ကိုယ်က ဘယ်လိုမျိုး ဖြေရှင်းချက်တွေကို မြန်မြန်ဆန်ဆန် ရှာနိုင်နေပြီလဲ ဆိုတာကို အကဲဖြတ်ခြင်းဖြင့် ကိုယ့်ရဲ့ Problem-Solving Skills ကို သိနိုင်စေပါတယ်။
(၆) ပရော်ဖက်ရှင်နယ် တိုးတက်မှုဖြင့် အဖြေရှာခြင်း။
ကိုယ့်ရဲ့ ပရော်ဖက်ရှင် လုပ်ငန်းခွင်မှာ အလုပ်ကမ်းလှမ်းမှုတွေ၊ Promotions တွေ ရပြီလား? (ဒါမှမဟုတ်) ပိုပြီးစိန်ခေါ်မှုရှိတဲ့ ပရောဂျက်တွေကို ကိုင်နေရပြီလား ဆိုတာကို အကဲဖြတ်ခြင်းဖြင့် ကိုယ့်ရဲ့ Coding ကျွမ်းကျင်မှုကို ပရော်ဖက်ရှင် လုပ်ငန်းခွင်နဲ့လည်း အဖြေရှာကြည့်လို့ရပါတယ်။
(၇) စဉ်ဆက်မပြတ် သင်ယူခြင်း။
ကိုယ်က အသစ်သစ်သော Concepts, Tools နှင့် Methodologies တွေပေါ်မှာ ဘယ်လောက်ထိ မပျက်မကွက်ပဲ လေ့လာခဲ့လဲ ဆိုတာကို ပြန်လည်သုံးသပ်ပါ။ Growth Mindset နှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုက တိုးတက်မှုရဲ့ လက္ခဏာတွေဖြစ်ပါတယ်။
အခုဆိုရင် နည်းပညာနယ်ပယ်မှ လူငယ်များအနေနဲ့ ကိုယ်က Coding ရေးနေပေမဲ့ ကိုယ့်ကိုယ်ကို တိုးတက်လာလား၊ မတိုးတက်သေးဘူးလား ဆိုတာကို သိနိုင်ဖို့ သုံးသပ်နိုင်မဲ့ အချက်တွေကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်မို့ အထက်ပါ အချက်များဖြင့် အခုပဲ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်လိုက်ရင်း နည်းပညာနယ်ပယ်မှာ တိုးတက်အောင် အတူကြိုးစားလိုက်ရအောင်…
Keep Reading